ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတွင် အစားအသောက်နှင့် ယာဉ်အပ်နှံခ ဈေးမကြီးစေရန် စီစဉ်ထားဟုဆို

 ပြင်ဦးလွင်တန်ဆောင် တိုင်ပွဲတော်တွင် အစားအ သောက်နှင့်ယာဉ်အပ်နှံခများဈေး နှုန်းမကြီးစေရန် ပွဲကန်ထရိုက် ဈေးနှုန်းကို ယခင်နှစ်ကထက် ကျပ်သိန်း ၁၀၀ လျှော့ချသတ် မှတ်ခဲ့ကြောင်း ပွဲကျင်းပရေးကော် မတီဝင် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးအောင် မင်းက ပြောသည်။

ပြင်ဦးလွင်တန်ဆောင်တိုင် ပွဲအတွက် ဆိုင်ခန်းငှားရမ်းခ၊ ယာဉ်အပ်နှံခွင့်အပါအ၀င် ပွဲ ကျင်းပခွင့်ကန်ထရိုက်ဈေးနှုန်း ကို ယခင်နှစ်က ကျပ်သိန်း ၈၀၀ သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ကျပ် သိန်း ၇၀၀ သို့လျှော့ချသတ်မှတ် ခဲ့သည်။

‘‘ပွဲကျင်းပခွင့်ကို ကျွန်တော် တို့က လေလံသဘောမျိုးပေးတာ မဟုတ်ဘူး။ လေလံပစ်ရင် ဈေး နှုန်းတွေ အပြိုင်ပိုပေးမယ်။ ဈေး နှုန်းတွေပိုပေးတော့ ဆိုင်ခန်းခ တွေ၊ စားသောက်ကုန်တွေ အ ကုန်ဈေးနှုန်းမြှင့်ရောင်းမယ်။ အဲ ဒီတော့ သိန်း ၇၀၀ သတ်မှတ် တယ်။ ဆိုင်ခန်းခကို ဘယ်လို သတ်မှတ်ပေးနိုင်မလဲ၊ ယာဉ်အပ် နှံခွင့်ကို ဘယ်လိုသတ်မှတ်ပေး နိုင်မလဲ၊ မုန့်ဟင်းခါးတစ်ပွဲကို ဘယ်လောက်ဈေးနှုန်းရောင်းချ ပေးနိုင်မလဲ။ အဲဒီထဲကနေ ဈေး နှုန်းလျှော့ပေးနိုင်တဲ့သူ၊ အတွေ့ အကြုံရှိတဲ့သူကို ရွေးချယ်ပေး တယ်’’ ဟု ဦးအောင်မင်းက ပြော သည်။

ပွဲကန်ထရိုက်လုပ်ကိုင်ခွင့် ကို အောက်တိုဘာ ၃ ရက်ကရွေး ချယ်ခဲ့ပြီး လုပ်ငန်းရှင်သုံးဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပွဲတော်ကာလတွင် ဆိုင်ခန်း ငှားရမ်းခနှင့် ယာဉ်အပ်နှံခ ကောက်ခံရမည့်နှုန်းထားအဖြစ် ဈေးဆိုင်ခန်းအသေး ၈၀,၀၀၀ ကျပ်၊ ဆိုင်ခန်းအကြီး ကျပ် နှစ် သိန်း၊ ကုမ္ပဏီများကလာရောက် ငှားရမ်းပါက ကျပ်သုံးသိန်း၊ ဆိုင် ကယ်တစ်စီးအပ်နှံခကျပ် ၁,၀၀၀ နှင့် ကားအသေးတစ်စီးအပ်နှံခ ကျပ် ၁,၅၀၀  ကျပ် သတ်မှတ်ထား ကြောင်း ဦးအောင်မင်းက ပြောသည်။ ‘‘ဈေးဆိုင်ခန်းတစ်ခုကလာရောင်းပြီဆိုရင် ဘယ်လောက်ဈေးနှုန်းပဲရောင်းရမယ်ဆိုတာသဘောတူညီမှုယူပြီး လက်မှတ်ထိုးရမယ်။ ဈေးနှုန်းတွေကိုလည်း အဓိကနေရာတွေမှာ လုပ်ပိုင်ခွင့် ရတဲ့သူက ဗီနိုင်းတွေကပ်ပြီး ကြေ ညာထားရမယ်။ စည်းကမ်း ဖောက်ဖျက်တယ်ဆိုရင် ချက်ချင်း အရေးယူမယ်။ ဘယ်လိုပုံစံမျိုး အရေးယူမယ်ဆိုတာတော့ အ သေးစိတ်ထပ်ဆုံးဖြတ်ရမှာပေါ့’’ ဟု ၎င်းကဆိုသည်။

ပွဲ ကျင်းပရေးကော်မတီက သတ်မှတ်ထားသည့်စည်းကမ်း များအတိုင်း လုပ်ဆောင်မည်ဟု ပြင်ဦးလွင်တန်ဆောင်တိုင် ပွဲကန် ထရိုက်လုပ်ပိုင်ခွင့်ရခဲ့သည့် လုပ် ငန်းရှင် ဦးအောင်မင်းက ပြော သည်။ ‘‘ပွဲကျင်းပရေးကော်မတီက နေ ချမှတ်ထားတဲ့စည်းကမ်းတွေ အတိုင်းပဲ လုပ်မှာပါ။ ပျံကျဈေး ဗန်းလေးတွေနဲ့ ရောင်းတဲ့ဈေး သည်တွေဆိုရင်တော့ ဈေး ကောက်သဘောမျိုးလောက်ပဲ သုံးထောင်၊ ငါးထောင်စသဖြင့် လောက်ပဲ ကောက်မယ်။ ဈေးနှုန်း တွေကိုလည်း ဗီနိုင်းတွေလည်း ထောင်ပေးထားတယ်။ အခုဆို ပွဲ ကျင်းပဖို့ရာလည်း နီးလာတော့ ဈေးဆိုင်ခန်းတွေ၊ ပွဲတွေက ခါ တိုင်းနှစ်တွေထက် စီစဉ်ရတာ အ ခက်အခဲလေးတော့ ဖြစ်သွားတာ ပေါ့’’ ဟု ၎င်းကပြောသည်။

ပြင်ဦးလွင်တန်ဆောင်တိုင် ပွဲကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ကျင်းပမည် ဖြစ်ပြီး မီးပုံးပျံပွဲနှင့် တေးဂီတပွဲ များ ပါဝင်မည်ဖြစ်သည်။

Top News