NCA ၂ နှစ်ပြည့် အခမ်းအနားကျင်းပ ဖြစ်၊ မဖြစ် အတိအကျမပြောနိုင်သေးဟုဆို

ပြီးခဲ့သည့်နှစ်က NCA လက်မှတ်ရေးထိုးခြင်းတစ်နှစ်ပြည့်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ − Myanmar State Counsellor Office)

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ခြင်း ၂ နှစ်ပြည့် နှစ်ပတ်လည်အ ခမ်းအနား ကျင်းပဖြစ်၊ မဖြစ် အ တိအကျမပြောနိုင်သေးဟု အစိုး ရနှင့် NCA လက်မှတ်ထိုးအဖွဲ့မှ ကိုယ်စားလှယ်များက ပြော သည်။


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ထိုးခဲ့ရာ ၂ နှစ် ပြည့်ရန် ဆယ်ရက်သာလိုတော့ သည့် အောက်တိုဘာ ၅ ရက် အထိ နှစ်ပတ်လည်အခမ်းအနား ကျင်းပရေး ကိစ္စ သဘောတူညီမှု မချမှတ်နိုင်ခြင်းဖြစ်သည်။

‘‘လုပ်မယ်လို့တော့ ကြား တယ်။ ပူးတွဲပြီးတော့ ကျင်းပမယ် ပြောထားတာတော့ အကြောင်းမ ပြန်သေးဘူးဗျ။ အစိုးရကပဲ တာ ဝန်ယူပြီး တစ်နိုင်တစ်ပိုင် လုပ် သွားမလားတော့ မသိဘူး’’ ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်မှူး ကြီးခွန်ဥက္ကာကပြောသည်။

NCA နှစ်ပတ်လည်အခမ်း အနား ကျင်းပရေးကိစ္စနှင့် ပတ် သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့် ရှိသူထံ ဆက်သွယ်သော်လည်း မူဝါဒခံယူရမည်ဟူသော တုံ့ပြန် မှုသာရရှိကြောင်း ၎င်းကဆို သည်။

NCA နှစ်ပတ်လည်ကျင်းပ ဖြစ်၊ မဖြစ်နှင့် ပတ်သက်၍ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ‘‘ အဲဒါတွေအခုလောလော ဆယ် ဘာမှပြောလို့မရသေးဘူး။ ပိတ်ရက်ပြီးမှပဲ ကျွန်တော်တို့ကို ဆက်ပါ’’ ဟု အောက်တိုဘာ ၅ ရက်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာက ကျရောက်ခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း တစ်နှစ် ပြည့် အခမ်းအနားကို ငြိမ်းချမ်း ရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်းဦးဆောင်ပြီး NCA လက်မှတ်ထိုးရှစ်ဖွဲ့ကိုယ်စား လှယ်များနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် ဒေါက်တာတင်မျိုးဝင်းသည် ကျန်းမာရေးအခြေအနေအရ ငြိမ်း ချမ်းရေးလုပ်ငန်းများ၌ ပါဝင်နိုင် ခြင်း မရှိသေးပေ။

‘‘နှစ်ပတ်လည်ကတော့ မေ့ လျော့ချန်ထားလို့မရတဲ့ နေ့တစ် နေ့ပေါ့။ ဘာကြောင့်လဲဆိုရင် NCA ဆိုတာ မရှိခဲ့ရင် အခုငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ဆိုတာလည်း ရှိလာမှာမဟုတ်ဘူး။ NCA ကိုအ ကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးတာ ရှိချင်ရှိပေမယ့် NCA ရဲ့ မူလဘူတဖြစ်ပေါ် ပေါ် ပေါက်လာတာကိုတော့ တင်းပြည့်ကျပ်ပြည့် အသိအမှတ်ပြုတဲ့အနေ နဲ့ နှစ်ပတ်လည်က ကျင်းပသင့် သေးတာပေါ့’’ ဟု ပအိုဝ်းအဖွဲ့ (PNLO) ခေါင်းဆောင်ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောသည်။

NCA တွင် ပါဝင်လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသည် ကရင်အ မျိုးသားအစည်းအရုံး (KNU)၊ ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်လွတ်မြောက်ရေးပါ တီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် KNLA-PC ငြိမ်းချမ်းရေးကောင် စီတို့ဖြစ်သည်။

Top News