သီတင်းကျွတ်ရုံးပိတ်ရက် ပုဂံသို့ သွားရောက်သူများပြား၍ တည်းခိုရန် အခက်တွေ့

သီတင်းကျွတ်လပြည့်နေ့က ပုဂံမြို့ ရွှေဆံတော်ဘုရားပေါ်၌ တွေ့ရသော ဘုရားဖူးဧည့်သည်များ(ဓာတ်ပုံ − Michael Riyo)

 သီတင်းကျွတ်ရုံးပိတ် ရက်အတွင်း ပုဂံဒေသသို့ သွားရောက်လည်ပတ်သူ များပြား၍ ပုဂံမြို့တွင် လမ်းပိတ်ဆို့ပြီး တည်းခိုရန် နေရာအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

 သီတင်းကျွတ်လပြည့်နေ့ တွင် ပုဂံမြို့သို့ လာရောက်လည် ပတ်သူများပြား၍ ဟိုတယ်၊ တည်းခိုခန်းများအပြင် ဘုန်းကြီးကျောင်း များပါ လူပြည့်နေကာ အချို့ ဘုရားဖူးဧည့်သည်များ တည်းခို ရန် နေရာအခက်အခဲဖြစ်ပေါ်ခဲ့ ကြောင်း ပုဂံဒေသခံများက ပြော သည်။


‘‘သီတင်းကျွတ်ရုံးပိတ်ရက် က များနေတော့ လာကြတာ မနည်းဘူး။ နောက်ပြီး သေချာမစုံ စမ်းဘဲ လာကြတာပေါ့။ တည်းခို ခန်းကို မဟုတ်ဘူး။ ဘုန်းကြီး ကျောင်းတွေမှာကို လူမဆံ့ဘူး’’ဟု ပုဂံဒေသခံ ဧည့်လမ်းညွှန်ဦးဇော်ဝင်းချိုက ပြောသည်။

ယမန်နေ့က ပုဂံမြို့နှင့် ခုနစ် မိုင်သာ ကွာဝေးသော ညောင်ဦး မြို့သို့ ကားဖြင့်သွားရာတွင် လမ်း ၌ ဘုရားဖူးလာရောက်သော ယာဉ်များဖြင့် ယာဉ်ကြောကျပ်တည်းနေသောကြောင့် တစ်နာရီ ကျော်ကြာ အချိန်ကုန်ခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ဒီပိတ်ရက်လေးရက်လုံး အ ခန်းတွေ အပြည့်ဖြစ်နေပြီ။ ၈ ရက်နေ့မှပဲ အခန်းလွတ်တွေရှိမယ်’’ ဟု ညောင်ဦးမြို့ရှိ သမ္ဘူလဟို တယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သီတင်းကျွတ်လပြည့်နေ့ တွင် ပုဂံမြို့သို့ လာရောက်လည် ပတ်သော ဘုရားဖူးဧည့်သည်များပြားနေသည့်ဓာတ်ပုံများနှင့် ပုဂံမြို့၌ လမ်းပိတ်ဆို့မှုဖြစ်ပေါ် နေသည့် ဓာတ်ပုံများ လူမှုကွန် ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့ လာခဲ့သည်။

ထို့အပြင် ကျောက်ပန်း တောင်းမြို့နှင့် ညောင်ဦးမြို့ကြား ရှိ ချောင်းအတွင်း တောင်ကျရေ စီးဆင်းမှုကြောင့် ပုဂံမြို့သို့ သွား ရောက်သော ဘုရားဖူးကားများ အချိန်အတန်ကြာ စောင့်ဆိုင်း ခဲ့ရသည်။