ဂါလာနီ၏ ခြေကန်ချက်ကို သတိထားယှဉ်ပြိုင်ရမည်ဟု အောင်လအန်ဆန် သုံးသပ်

 မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံ လေးကြိမ်ရရှိထားသည့် ကင်မရွန်းနွယ်ဖွား အလိန်းဂါလာ နီနှင့် ယှဉ်ပြိုင်မည့်ပွဲတွင် ၎င်း၏ ခြေကန်ချက်ကို သတိထားရမည် ဖြစ်ကြောင်း ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ပြောသည်။

နိုဝင်ဘာ ၃ ရက်တွင်ရန်ကုန် မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည့် One Championship ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် အလိန်းဂါ လာနီတို့ ယှဉ်ပြိုင်မည့်ပွဲစဉ် ပါဝင် မည်ဖြစ်သည်။ ယင်းပွဲစဉ်တွင် ဝိတ်တန်း မတူညီခြင်း၊ ပြိုင်ဘက် က လူကောင်ကြီးခြင်းကြောင့် အ နိုင်ထိုးသတ်ရန် ပိုကြိုးစားရမည် ဖြစ်ကြောင်း အောင်လအန်ဆန် က လူမှုကွန်ရက်စာမျက်နှာ၌ ရေး သားထားသည်။

‘‘ဒီတစ်ခေါက် ကျွန်တော်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အလိန်းဂါ လာနိုက နည်းနည်းတော့ ကြမ်း တယ်ဗျ။ သူကလျင်လည်းလျင် မြန်တယ်။ ပြီးတော့ သူရဲ့ခြေကန် ချက်ကလည်း သူ့ရဲ့ပြိုင်ဘက်အ တွက် တော်တော်ပြင်းထန်တယ်။ ခြေကန်ချက်တစ်ချက်လောက် မိ သွားတာနဲ့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားလောက်တဲ့ အ ထိပဲ။ နောက်တစ်ချက်က သူရဲ့ ပြိုင်ဘက်တွေကို အချိန်မဆွဲဘဲခပ်မြန်မြန်ပဲ အနိုင်ယူတတ် တယ်’’ ဟု အောင်လအန်ဆန်ကပြိုင်ဘက်ဂါလာနီနှင့်ပတ်သက်၍ သုံးသပ်ရေးသားသည်။

ဂါလာနီသည် စက်တင်ဘာ ၁၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသော One Championship ပြိုင်ပွဲတွင် ဂျပန် ကစားသမား ဟိုက်ကီဆီကိုင်းကို ပထမအချီ ၁၁ စက္ကန့်၌ ၎င်း၏ နောက်ပြန်ကျန်ချက်ဖြင့်အလဲထိုး အနိုင်ရထားပြီး ယင်းပွဲစဉ်သည်ဂါလာနီ၏ MMA သက်တမ်း တစ်လျှောက် အမြန်ဆုံးစံချိန်ဖြစ် သည်။

အသက် (၄၂) နှစ်အရွယ်ရှိ ဂါလာနီသည် ကင်မရွန်းနွယ်ဖွား ဖြစ်ပြီး လက်ရှိတွင်ဟောင်ကောင် ကိုယ်စားပြု MMA ပြိုင်ပွဲများတွင် ဟဲဗီးဝိတ်တန်း၌ ယှဉ်ပြိုင်ထိုး သတ်နေသည်။ ၎င်းသည် မွေထိုင်း ဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရရှိထားပြီး ကစ်ဘောက် ဆင်၊ ဘရာဇီးရိုးရာ ဂျူဂျစ်ဆု (Brazilian jiu-jitsu) ပြင်သစ်ရိုး ရာ ကစ်ဘောက်ဆင်၊ ကရာတေး နှင့် ဂျူဒိုစသည့် သိုင်းပညာရပ် များ တတ်မြောက်ထားသည်။

မြန်မာ့စပါးကြီးမြွေဟု ကျော်ကြားသည့် (၃၂) နှစ်အရွယ် အောင် လအန်ဆန်သည် ပြီးခဲ့သည့် ဇွန်လ က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန် ပီယံလုပွဲ၌ ရုရှားနိုင်ငံသား ဘစ် တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ သည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ပွဲ ၃၀ ယှဉ်ပြိုင်ရာ ပွဲ ၂၀ နိုင်၊ ၁၀ ပွဲရှုံး နိမ့်ထားပြီး ဂါလာနီက လေးပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။ 

Top News