ပန်းကလေးများ၏ အနာဂတ် မိဘများကြောင့် လှပါစေ

လွတ်လပ်စွာ ပျော်ပျော်ရွှင်ရွှင်ကစားလိုသော ကလေးအရွယ်၌ မိဘများကြောင့် စိတ်အနာတရမဖြစ်ရန် အရေးကြီးပါသည်(ဓာတ်ပုံ−နစ်ကီ)

၂နှစ်ကျော်အရွယ်မြေး မလေးနှုတ်က ထွက်ပေါ်လာသည့် စကားကို ကြားမိသည့်အချိန် ဒေါ်မိမိ တစ်ယောက်   စိတ်ချောက်ချား တုန်လှုပ်ခဲ့သည်။

မိမိရှေ့တွင် လူကြီးကဲ့သို့ လက်တစ်ဖက်က ခါးကိုထောက် ၍ တစ်ဖက်က လက်ညှိုးထိုးကာ စိတ်ဆိုးသည့် အမူအရာနှင့် ပြော နေသည့် မြေးမလေးဟန်ပန်က ချစ်စဖွယ် ကောင်းနေသော်လည်း သူ့နှုတ်ကထွက်ပေါ်လာသည့် စ ကားကမူ အရွယ်နှင့်မလိုက်ဖက် ဘဲ ကြမ်းကြမ်းတမ်းတမ်း ရှိလှ သည်။

‘‘အရမ်းစိတ်ဆိုးနေတယ် နော် သတ်ပစ်လိုက်ရမလားဆိုပြီး ကလေးကပြောတာ။ ဒီကလေး ဘယ်ကနေ ဒီစကားတွေတတ် လာသလဲပေါ့။ ကြားပြီရှော့ခ်ရသ လိုတောင်ဖြစ်သွားတယ်’’ ဟု ဒေါ် မိမိက ဆိုသည်။

ဒေါ်မိမိ၏မြေးမလေးသည် အသက်အရွယ်အားဖြင့် (၂)နှစ်ခွဲ သာ ရှိသေးပြီး ၎င်း၏သားကမွေး ဖွားထားသည်။ မြေးမလေး၏နှုတ် ထွက်စကားအပေါ်သားကို မေး မြန်းကြည့်မိသည့်အခါတွင်မှ ဒေါ် မိမိတစ်ယောက် အဖြေပေါ်တော့ သည်။ ၎င်းသည်သားဖြစ်သူနှင့် ချွေးမတို့ စကားများသည့်အခါ သုံးနှုန်းပြောဆိုမှုများကို မြေးမ လေးက မှတ်ထားပြီးပြန်လည် ပြောဆိုနေခြင်းဖြစ်သည်။

ထို့အပြင် လိုချင်တာမရ သည့်အခါ ငိုယိုခြင်း၊ ဂျီကျခြင်းတို့ ပြုမူတတ်ပြီး လိုချင်တာရသည်အ ထိ တောင်းဆိုတတ်ကြောင်း ဒေါ် မိမိကဆိုသည်။

‘‘သူတို့လိုချင်တာကို ဘယ် လိုတောင်းရမှန်းသိတယ်။ တစ်ခု ခုလိုချင်တာမရရင် လက်သီးဆုပ် ပြီးအော်တာ။ သူဒေါသဖြစ်လာ ရင် သတ်ပစ်လိုက်မယ်ဆိုတဲ့ အဲဒီ စကားကို ထုတ်သုံးတော့တာပဲ။ ကလေးဆိုတာ မိဘတွေရဲ့အပြု အမူကို အရင်သင်တာ’’ ဟု ဒေါ် မိမိက မြေးမလေး အပြုအမူများ နှင့်ပတ်သက်၍ ရှင်းပြသည်။

ထိုသို့ဆိုးသည့်အပြုအမူ များအပြင် ကောင်းမွန်သော အပြု အမူများလည်းရှိသည်ဟု ဒေါ်မိမိ ကဆိုသည်။ ၎င်းသည် အဘိုးဖြစ်သူ လေ့ကျင့်ခန်းလုပ်သည့်အခါ လိုက်လုပ်ခြင်း၊ နံနက်အိပ်ရာထ လျှင် လုပ်ရမည့် သွားတိုက်၊မျက် နှာ သစ်ခြင်းကဲ့သို့ အပြုအမူများ ကို လိုက်လုပ်လေ့ရှိသည်ဟု ဆို သည်။

ဒေါ်မိမိကဲ့သို့ပင် ကလေး ငယ်၏ အပြုအမူပိုင်းဆိုင်ရာ ပြ ဿနာ  ကြုံတွေ့ခံစားနေရသည့် မိဘများတွင်   အသက် (၃၅) နှစ်အရွယ် မအေးမွန်တစ်ယောက် လည်း အပါအဝင်ဖြစ်သည်။

ကလေးမွေးဖွားပြီး သုံးလ ခန့်သာ ကလေးငယ်နှင့်ထိတွေ့ ခွင့်ရပြီး လခစားကုမ္ပဏီဝန်ထမ်း များဖြစ်သည့် ၎င်းတို့ဇနီးမောင်နှံ လုပ်ငန်းခွင်သို့    ပြန်ဝင်ရသည့် အချိန် အိမ်ရှိအဘိုးအဘွားများနှင့် သာ ကလေးငယ်ကို ထားခဲ့ရ သည်။ ထိုအခါ အဘိုးအဘွားများ ၏ အလိုလိုက်မှု၊ သွန်သင်ဆုံးမမှု နည်းပါးခြင်းတို့အပေါ် မူတည်၍ ကလေးငယ်၏ အမူအကျင့်များ ပြောင်းလဲလာသည်ဟု မအေးမွန် က ဆိုသည်။

‘‘သာက အခုနှစ်တန်း ကျောင်းသား။ သူတွယ်တာတာ က သူ့ကစားဖော်တွေပဲ။ ဒီအရွယ် ပဲရှိသေးတာတောင် အခုဆိုကစား ဖော်တွေနဲ့ ဂိမ်းဆိုင်သွားတာတို့ အိမ်ပြန်မလာတဲ့ အပြုအမူတွေ တောင် လုပ်တတ်နေတယ်’’ ဟု ၎င်းကဆိုသည်။

ကလေးငယ်များတွင် မွေး ဖွားချိန်ကစ၍ အပျိုဖော်၊ လူပျို ဖော်ဝင်သည်အထိ ဖွံ့ဖြိုးမှုများစွာ ရှိသည်။ ကလေးငယ်များ၏ မသိ စိတ်တွင် ၎င်းတို့၏ကောင်းသော အပြုအမူနှင့်အတူ လူကြီးများကို စမ်းသပ်ချင်သည်။ ၎င်းအပြုအမူ များကို လူကြီးများက လက်ခံပေး လျှင် ၎င်းတို့သက်တမ်းတစ် လျှောက် ယင်းအပြုအမူများကို ကျင့်သုံးလေ့ရှိသဖြင့် အပြုအမူ ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပေါ်လာ ကြောင်း ဆရာဝန်ကြီးများက သုံး သပ်သည်။

‘‘တချို့မိဘတွေက အလို လိုက်တာများတော့ ကလေးတွေ ဆို သူနေချင်သလိုနေ၊ လိုချင်တာ ဆိုရရမှ မရဘူးဆို သောင်းကျန်း မယ်။ သောင်းကျန်းတာကလည်း ကလေးတစ်ယောက်နဲ့ တစ် ယောက်မတူဘူး။ တချို့ကျနည်း နည်းပါးပါးပဲ။ တချို့ကျတော့ တောင်းလို့မရဘူးဆိုတာနဲ့ကြမ်း ပြင်ပေါ် ပစ်လှဲလိုက်တာ။ ပစ္စည်း တွေကို ဖျက်ဆီးပစ်လိုက်တာ၊ ပြီး ရင် တွေ့ရာတွေနဲ့ ကောက်ပေါက် လိုက်တာမျိုးပေါ့။ အဲဒီအချိန်မှာ လူကြီးတွေက သူတို့လိုချင်တာ ပေးလိုက်တာဆိုရင် ကလေးက သိမ်ငယ်မှုတစ်ခု ဖြစ်သွားတယ်’’။

‘‘ဘယ်လိုဖြစ်သွားလဲ ဆို တော့ ကလေးရဲ့ သဘောသဘာဝ က သူတို့တစ်ခုခုလိုချင်ရင် မိဘ ကို တစ်နည်းနည်းနဲ့ပြပြီးတောင်း တာ။ ပေါက်ကွဲပြပြီး တောင်းတဲ့ အချိန်မှာမှ လူကြီးကလိုက်လျော လို့ရှိရင် ကလေးစိတ်ထဲမှာ ငါ ကောင်းကောင်းမွန်မွန်တောင်း တုန်းကတော့ မပေးဘူး။ ပေါက်ကွဲလိုက်တဲ့အချိန်မှ လိုချင်တာရ တယ်ဆိုပြီး နောက်အခါတွေမှာ ပေါက်ကွဲတဲ့အပြုအမူတွေ လုပ်ပြီး တောင်းတာ။ အဲဒီလိုနဲ့ တချို့ ကလေးတွေမှာ ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲတဲ့ ကလေးလေးတွေ ဖြစ်လာတာပေါ့’’ ဟု ကလေးငယ် များ၏ အပြုအမူပိုင်းဆိုင်ရာ အ ဆင့်စီမံခန့်ခွဲပေးသော ဒေါက်တာ ဌေးဌေး (စိတ်ပညာ) ကဆိုသည်။

ကလေးငယ်များသည် လို ချင်တာမရပါကပေါက်ကွဲသော အမူအရာဖြင့် တောင်းဆိုခြင်းများ ရှိသကဲ့သို့ မိဘများကခိုင်းသော အလုပ်မျာ ကို ရှောင်လိုသည့်အခါ တွင်လည်း ရန်လိုသောအကြည့်၊ စူပုတ်သည့် မျက်နှာအမူအရာတို့ နှင့် ဖော်ပြတတ်ကြသည်။ ထို့အ ပြင် လူကြီးများ၏ အာရုံစူးစိုက်မှု ကို ခံလိုသဖြင့်လည်း ပေါက်ကွဲ တတ်သည့် အပြုအမူများကိုပြု လုပ်တတ်သည်။ ထိုအခါ၎င်းတို့ ၏အပြုအမူကို လူကြီးများမှ ပြန် လည်တုံ့ပြန်မိသည့်   အခါမျိုး၌ ကလေးနှင့် လူကြီးဆက်ဆံရေး ပြဿနာ ရှိလာနိုင်သည်။

‘‘အဓိကက တချို့ကလေး တွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြ ဿနာတတ်တယ်ဆိုတာ မိဘ တွေမှာ လေ့ကျင့်သင်ကြားဖို့အား နည်း နေတာပေါ့။ ဒီကလေးတွေ နားလည်လာတဲ့ အတိုင်းအတာ မျိုးနဲ့ ဥပမာ-ဓာတ်ပုံကို နားလည် တာလား၊ စာကြောင်းလေးတွေ နားလည်တာလားဆိုတာမျိုးကို အချိန်ဇယားလေးတွေနဲ့ အိမ်မှာ သင်ကြားပေးရမှာ။ နေ့ဆိုလည်း နေ့၊ ညဆိုလည်းညအချိန်ဇယား ဆွဲပြီးတော့ သင်ကြားပေးရင် က လေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာ   ဖြစ်လာဖို့အတွက် အများကြီးကာကွယ်နိုင်တယ်’’ ဟုဒေါက်တာဌေးဌေးက အကြံပြု သည်။

ရုပ်ရှင်သရုပ်ဆောင် မယ်လို ဒီကမူ သူ၏သားအတွက် သူ ကိုယ်တိုင်က မှားယွင်းသည့်အပြု အမူများကို ဆင်ခြင်နေထိုင်သည် ဟု ဆိုသည်။

‘‘အဓိက ဒီလိုမှားယွင်းတဲ့အ ပြုအမူတွေ မိဘကလုပ်ရင်က လေးကလိုက်လုပ်တတ်တယ်။ ဒီ တော့စကားလေးပြောတာကအစ အ နေအထိုင် အစားအသောက်၊ အပြောအဆိုအားလုံးကို ပြောင်း လဲပစ်ရတယ်။ မကောင်းတဲ့အ လေ့အကျင့်ဖြစ်တဲ့ ဆောင့်အောင့် တာ၊ အသံမာမာပြောတာတွေကို ကျွန်မဆို ဆင်ခြင်လိုက်တယ်။ အ ဓိကက မိဘကပြုပြင်ပြောင်းလဲဖို့ လိုပါ တယ်။ ငယ်ငယ်ကတည်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိဖို့လိုပါတယ်’’ ဟု စက်တင်ဘာ ၂၃ ရက်က ဒီဗီဘီ သတင်းဌာနက ဦးဆောင်ပြုလုပ် သောကျန်းမာရေးဆိုင်ရာပွဲတစ်ခု ၌ ဆိုသည်။

ထို့အပြင် မိဘများအနေဖြင့် မလုပ်နဲ့၊ မသွားနဲ့၊ မသုံးနဲ့ဆိုသည့် ‘မ’ နှင့်ပတ်သက်သည့် အသုံးအ နှုန်းများကို ရှောင်ရှား၍ပြောဆိုရ မည်ဖြစ်သည်။

‘‘ဥပမာ ကလေးကပြေးနေ တယ်ဆို မပြေးနဲ့လို့ပြောမယ့်အ စား သားရေလမ်းလျှောက်ပါဆို တာမျိုး ဖြစ်စေချင်တာကို တိုက် ရိုက်ပြောရမယ်။ မိဘတွေက ငယ်ငယ်ကတည်းက ကလေးရဲ့ စိတ်ခံ စားမှု ဖွံ့ဖြိုးမှုကို ပုံမှန်နည်းလမ်းနဲ့ ပဲ ဖွံ့ဖြိုးလာအောင် လုပ်ရမယ်။ ဒါမှမဟုတ်ရင် ကလေးက ကြီးလာ တဲ့အခါ သူရဲ့စိတ်ခံစားမှုကို မ ထိန်းချုပ်နိုင်တဲ့သူ ဖြစ်သွားတယ်’’ ဟု အပြုအမူပိုင်းဆိုင်ရာ ပြဿနာ များ၏ဆိုးကျိုးကို ဒေါက်တာဌေး ဌေးက ရှင်းပြသည်။

‘လက်ဦးဆရာ မိနှင့်ဘ ’ ဆိုသည့်အတိုင်းပင် မိဘများက ကလေးငယ်နှင့်အတူတူ အချိန် ဖြုန်းခြင်း၊ ကစားခြင်း၊ ရယ်မော ခြင်း၊ ကျီစယ်ခြင်း၊ကလေးငယ်ကို ပွေ့ဖက်ခြင်း၊ ပြဿနာများကို ဆွေးနွေးခြင်းတို့ ပြုလုပ်ပေးရမည် ဖြစ်သည်။

ထို့အပြင် ကောင်းမွန်သော အမူအကျင့်များကို မိဘများက ကလေးငယ်များကို ငယ်စဉ်က တည်းကပင် လေ့ကျင့်ပေးရန်လို အပ်သည်။ သို့မှသာ ကလးငယ် များတွင် အပြူအမူပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားမှုမှ လျော့ နည်းလာမည်ဖြစ်သည်။

ကလေးတစ်ဦး၏    အ ကြောင်းတရား ကောင်းမွန်မှသာ လျှင် ၎င်းတို့၏အကျိုးတရားပါ ကောင်းမွန်မည်ဖြစ်သည်။ ထို့ ကြောင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရန်၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရန် ကောင်း မွန်သော မိနှင့်ဘ၊ ကောင်းမွန် သော ပတ်ဝန်းကျင်တို့လိုအပ်လှ ပေသည်။

n