ငါးပြေမစောင်းလျားသီးချက်

ဒီတစ်ခါတော့ ငါးဟင်းကြိုက်သူ တွေအတွက် ငါးပြေမစောင်းလျား သီးချက်လေး   ချက်စားကြည့်ရအောင်လို့   ဖော်ပြလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ငါးကိုအကြေးထိုး ၍မွှန်းကာ ငံပြာရည်၊ အရသာမှုန့်၊နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ကာ နှပ်ထားပါ။

၂။ စောင်းလျားသီးကို မိမိနှစ်သက်ရာပုံစံလှီး၍ရေဆေးထားပါ။

၃။ ငရုတ်ပုခြောက်ကို ရေစိမ်၍အစေ့ထုတ်ကာ ကြက်သွန်နီ၊ကြက်သွန်ဖြူနှင့်ရောပြီး   ညက် အောင်ထောင်းပါ။

၎။ ဒယ်အိုးထဲတွင် ဆီထည့်၍ ပူလာလျှင် ထောင်းထားသော အနှစ်များ ကို ထည့်၍ ဆီသတ်ပါ။

၅။ အနှစ်များ ကြွပ်လာလျှင် ခရမ်းချဉ်သီးနှင့် နယ်ထားသော ငါးကိုထည့် ၍ လုံးပေးပါ။

၆။ ငါးအသားကျစ်လာလျှင် စောင်းလျားသီးထည့်၍ မွှေပေးပါ။

၇။ ငါးအသားနူးစေရန် ရေကိုနည်းနည်းချင်းစီထည့်၍ တည်ပေးပါ။

၈။ ငါးအသားနူး၍ စောင်းလျားသီးအိလာလျှင် မိမိစိတ်ကြိုက် အရသာ မြည်း၍ နံနံပင်အုပ်ပေးလို့ရပါပြီ။                     

ပါဝင်ပစ္စည်းများ

ငါးပြေမငါးကောင်

စောင်းလျားသီး(ချဉ်)သုံးလုံး

ခရမ်းချဉ်သီးတစ်လုံး (လေးစိတ်လှီးထားပါ)

နံနံပင်အနည်းငယ်

ကြက်သွန်နီသုံးလုံး

ကြက်သွန်ဖြူငါးမြွှာ

ငရုတ်ပွခြောက်လေးခု

ဆီ(စားပွဲတင်ဇွန်း) ခုနစ်ဇွန်း
     Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။

Top News