မနက်ခင်းတိုင်းမှာ ဘယ်လိုလက်ဖက်ရည်မျိုးသောက်သင့်လဲ

လှပစိုပြည်ပြီး ကျန်းမာတဲ့ အသားအရေကို အချိန်တိုင်းပိုင် ဆိုင်ချင်ကြပေမယ့် စိတ်ဖိစီးမှု တွေ၊ နေထိုင်စားသောက်မှုမမှန် ကန်တာတွေကြောင့် အသား အရေတွေ ခြောက်သွေ့ညစ်နွမ်း ပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန် လာစေပါတယ်။ မနက်ခင်းတိုင်း ကစလို့ စိတ်ကြည်လင်လန်းဆန်း ပြီး အဆိပ်အတောက်ကင်းတဲ့ အသားအရေဖြစ်ဖို့ နည်းလမ်း ကောင်းတစ်ခုကတော့ လက်ဖက် ရည်သောက်ပေးဖို့ပါပဲ။ ဘာ လက်ဖက်ရည်တွေလဲဆိုရင် ...

သစ်ကြံပိုးခေါက်လက်ဖက် ရည် - ဓာတ်တိုးဆန့်ကျင် ဂုဏ် သတ္တိကြွယ်ဝပြီး ကိုယ်အလေး ချိန်ကျဖို့၊ ခန္ဓာကိုယ်ထဲက မလိုတဲ့ အဆီတွေ လျှော့ချဖို့နဲ့ လန်းဆန်း တက်ကြွစေဖို့ ကူညီပေးပါတယ်။ ဂရင်းတီးထဲကို ပျားရည်နဲ့ သံပုရာ ရည်အနည်းငယ်နဲ့ သစ်ကြံ ပိုးခေါက်လေးထည့်ပြီး သောက် ပေးရမှာပါ။

ချင်းလက်ဖက်ရည် - ဂရင်းတီး ထဲကိုပဲ ပျားရည်၊ သံပရာရည် အနည်းငယ်နဲ့ ချင်းရယ်ထည့်ပြီး လက်ဖက်ရည်ပူပူလေး သောက် ပေးရင် ကိုယ်တွင်းအဆိပ် အတောက်ကင်းပြီး အသားအရေ စိုပြည်လှပစေမှာပါ။

ပန်းသီးရှလကာရည်လက်ဖက် ရည် - တစ်မျိုးကြီးပဲလို့ထင် ကောင်းထင်စရာပေမယ့်လို့ မနက်ခင်းမှာ ရေနွေးဆူဆူထဲကို ပူဒီနာရွက် သုံးရွက်ရယ်၊ ပန်းသီး ရှလကာရည်အနည်းငယ်ရယ် ထည့်ထားတဲ့ လက်ဖက်ရည်လေး သောက်ပေးရင် ခန္ဓာကိုယ်တစ်ခု လုံး ကျန်းမာရေးကို ထောက်ကူ ပေးပါတယ်။

သံပရာလက်ဖက်ရည် - ကိုယ် တွင်းအဆိပ်အတောက်တွေကို သဘာဝအတိုင်း ဖယ်ရှားပေးတာ ကတော့ ရေနွေးပူပူထဲကို လတ် လတ်ဆတ်ဆတ် သံပရာရည်ညှစ် ပြီး သောက်ပေးတာပါ။

—Ref: wellenssbin

Top News