လည်ပင်းအရေပြားတွေ တွန့်နေတယ်ဆိုရင်

မျက်နှာက အရေးအကြာင်း အတွန့်တွေ၊ လည်ပင်းမှာ အရေပြားတွေ တွန့်နေတာဟာ အမျိုး သမီးအများစုကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေပါ။ အရွယ်မတိုင်ခင်မှာ ဒါမျိုးပြဿနာတွေ မကြုံရဘဲ အသားအရေ နုပျိုတင်းရင်းအောင် ဘာတွေလုပ်သင့်တယ်ဆိုတာ ဖော်ပြ လိုက် ပါတယ်။

ရေဓာတ်ပြည့်ဝနေပါစေ - အသားအရေတင်းရင်းလှပဖို့ အတွက် အရေးကြီးဆုံးကတော့ ရေဓာတ်ပြည့်ဝအောင် ရေများများ သောက်ဖို့လိုအပ်ပါတယ်။ ရေမချိုးခင်မှာလည်း လည်ပင်းကို သံလွင်ဆီ၊ အုန်းဆီ၊ အယ်လ်မွန် ဆီတစ်မျိုးမျိုးကို လိမ်းပြီးမှ ရေချိုးတာမျိုး လုပ်နိုင် ပါတယ်။

လည်ပင်းကိုပေါင်းတင်ပါ - လည်ပင်းကို သဘာဝပေါင်းတင် ပစ္စည်းတွေနဲ့ ပုံမှန်ပေါင်း တင်ပေးဖို့တော့ လိုပါတယ်။ ပျားရည်နဲ့ နွားနို့ အနည်းငယ်ရောပြီးတော့ပဲ ဖြစ်ဖြစ်၊ ငှက်ပျောသီးမှည့်နဲ့ ဒိန် ချဉ်နဲ့ရောထားတဲ့ အနှစ်နဲ့ပဲ ဖြစ် ဖြစ်၊ ထောပတ်သီးနဲ့ ကြက်ဥ အကာရောပြီးတော့ပဲဖြစ်ဖြစ် ပေါင်းတင်ပေးနိုင်ပါတယ်။

ဗီတာမင်စီများများစားပါ - ဗီတာမင်စီက ကိုယ်ခံစွမ်းအား ကောင်းစေရုံသာမက အရေး အကြောင်းတွေ ပျောက်ဖို့လည်း ကူညီပေးနိုင်ပါတယ်။ လိမ္မော် သီး၊ ဘလူးဘယ်ရီ၊ သင်္ဘောသီး၊ မာလကာသီး၊ ကီဝီသီး၊ ပန်း ငရုတ်ပွအနီ၊ ကိုက်လန်၊ ပန်းဂေါ် ဖီစိမ်း စတာတွေကိုလည်း စား ပေး ဖို့လိုပါတယ်။

ငါးအဆီစားပါ - ငါးမှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်က နှလုံးအတွက် ထောက်ကူရုံ သာမက အသားအရေလည်း ကောင်းစေ ပါတယ်။

နေရောင်နဲ့ တိုက်ရိုက်မထိတွေ့ အောင်ကာကွယ်ပါ - နေပူထဲ သွားတဲ့အခါမျိုးတွေမှာ လည်ပင်း ကို နေရောင်ခြည်တိုက်ရိုက်မထိ ရအောင်လို့ ထီးဆောင်းတာပဲဖြစ် ဖြစ်၊ အဝိုင်းကြီးကြီး ဦးထုပ် ဆောင်းတာမျိုးပဲဖြစ်ဖြစ် လုပ်ရ မှာပါ။

အရက်နဲ့ဆေးလိပ်ရှောင်ပါ - ကိုယ်တွင်းအဆိပ်အတောက်တွေ ကင်းပြီး အရွယ်ကျတာမျိုး မဖြစ် ရအောင်လည်း အရက်နဲ့ဆေး လိပ်ကိုတော့ အဓိကရှောင်ရှားဖို့ လိုပါတယ်။

—Ref: wellnessbin