အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ

- အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလို သူတွေအတွက် အခမဲ့ဖျော်ဖြေရေး အစီအစဉ်တွေရှိတဲ့နေရာတွေ ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာလည်း ရာသီဥတု အခြေအနေအပေါ်မူတည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင်ကို ပြသပေးမှာဖြစ်ပြီး စနေနေ့ညနေမှာတော့ မြန်မာ့ရိုးရာအကကိုပါ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဓမ္မစေတီလမ်းဘက် ၀င်ပေါက်နားမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး ပေါက္ကံညဈေးကို ပြုလုပ်မှာဖြစ်ပါတယ်။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာ တော့ စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီ ကနေစပြီး အခမဲ့ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

- အပန်းဖြေဥယျာဉ်တွေကိုမသွားပဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုးရှင်းပွဲလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာပလာဇာရဲ့ ပရိုမိုးရှင်းဧရိယာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး Mitsubishi motor ရဲ့ အထူးဈေးရောင်းပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

စိန်ဂေဟာ စင်တာတွေမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး သီတင်းကျွတ် အထူးဈေးရောင်းပွဲကို ပြုလုပ်မှာဖြစ်ပါ တယ်။ လှည်းတန်းစင်တာမှာတော့ တနင်္ဂနွေနေ့မှာ အဆိုတော် ဟိန်း မင်းသူရဲ့ ‘‘တိုးတိုးတိတ်တိတ်’’ တေးစီးရီးပရိုမိုးရှင်းပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

တပ်မတော်ခန်းမမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး Housing & Living Mega Expo ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

တော်ဝင်စင်တာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက် လုံး D&C ဆိုင်ဖွင့်ပွဲနဲ့ အထူးဈေးရောင်းပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

Junction City မှာတော့ ဒီတစ်ပတ်စနေ တနင်္ဂနွေနှစ်ရက် လုံး စာပေလောက စာအုပ်ဆိုင်ဖွင့်ပွဲနဲ့ အထူးဈေးရောင်းပွဲကို ပြုလုပ်မှာဖြစ်သလို ERKE ဖိနပ် အထူးဈေးရောင်းပွဲကိုလည်း ပြုလုပ်မှာဖြစ်ပါတယ်။

ရုပ်ရှင်ဝါသနာပါသူတွေအတွက်တော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး နေပြည်တော်ရုပ်ရှင်ရုံမှာ တရုတ်ရုပ်ရှင် ပွဲတော်ပြုလုပ်မှာဖြစ်ပါတယ်။           ။

Top News