အားလပ်ရက်မှာ ဖတ်စရာ

စွဲရိပ်ထင်ထင် ၀တ္ထုတိုများ
ဓာတ်ပုံ− စိုင်းဇော်

- ၁၉၁၇ ဇွန်လက သူရိယမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ဆရာကြီး ရွှေ ဥဒေါင်းရဲ့ မောင်သိန်းတင် မသိန်းရှင် ၀တ္ထုကနေရေတွက်ရင် မြန်မာဝတ္ထုတိုသမိုင်းဟာ ယခု ၂၀၁၇ မှာနှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါ ကြောင့် ယခုနှစ်အတွင်းမှာထုတ် ဝေသူတွေ၊ စာအုပ်တိုက်တွေက နေ ၀တ္ထုတိုရာပြည့်အထိမ်းအ မှတ်အဖြစ်နဲ့ ၀တ္ထုတိုစာအုပ်တွေ မပြတ်ထုတ်ဝေလာတာ မြင်ရပါ တယ်။ တချို့က၀တ္ထုတိုပေါင်းချုပ် အဖြစ် ထူထူထဲထဲထုတ်ဝေကြ သလို တချို့ကတော့ဝတ္ထုရေး ဆရာတစ်ဦးချင်းစီရဲ့ ကောင်းနိုး ရာရာဝတ္ထုလေးတွေကို အများ ၀ယ်ယူဖတ်ရှုနိုင်အောင် တန်ဖိုး ၁,၀၀၀ ကျပ်ဝန်းကျင်နဲ့ ထုတ်ဝေ လာပါတယ်။ ဘာပဲပြောပြော ၀တ္ထုတိုရာပြည့်တဲ့အချိန်မှာ ယခု လို အပြိုင်းအရိုင်းထုတ်ဝေလာ တာ အားရစရာပါ။ ဒါကြောင့် ဒီလိုထုတ်ဝေနေတဲ့ စာအုပ်တွေ ထဲကနေ နှစ်ခြိုက်မိတဲ့ ၀တ္ထုတို ပေါင်းချုပ်စာအုပ်ကို ဒီတစ်ပတ် အားလပ်ရက်မှာ ဖတ်စရာအဖြစ် ဖော်ပြလိုက်ပါတယ်။

ဒါကတော့ စိတ်ကူးချိုချိုစာ ပေက ထုတ်ဝေတဲ့ စွဲရိပ်ထင်ထင် ၀တ္ထုတိုများ ပဲဖြစ်ပါတယ်။ စိတ် ကူးချိုချိုစာပေဟာ ယခုဝတ္ထုတို ပေါင်းချုပ်မတိုင်ခင်က မှတ်မှတ် ရရ ၀တ္ထုတိုများ ဆိုပြီးနှစ်အုပ် ထွက်ရှိထားပါတယ်။ ၀တ္ထုတို ခေတ်ဦးကနေ ခေတ်နှောင်းအထိ  စုစုပေါင်း ၂၄၈ ပုဒ်ပါဝင်ကာအမှတ် (၁)နဲ့(၂)ဆိုပြီး ထုတ်ဝေခဲ့တာပါ။ ယခုအသစ်ထွက်လာတဲ့ စာအုပ် မှာတော့ ၀တ္ထုတိုဆရာ၊ ဆရာမ ၁၀၅ ဦးရဲ့ဝတ္ထုတိုပေါင်း ၁၀၅ ပုဒ် ပါဝင်ပါတယ်။ ဒါကြောင့် ယခင် ထွက်ပြီးသားနှစ်အုပ်နဲ့ပေါင်းရင် အပုဒ်ရေစုစုပေါင်း ၃၅၀ ကျော် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ယခုစာအုပ်မှာဆိုရင် ၀တ္ထု တိုခေတ်ဦးဆရာကြီးတွေဖြစ်တဲ့ ပီမိုးနင်း၊ ဒီးဒုတ်ဦးဘချို၊ ရွှေပိန် သောင်းအစရှိသူတွေရဲ့ ၀တ္ထုတွေ ပါဝင်သလို ၀တ္ထုတိုအလယ်ခေတ် ဆရာများဖြစ်တဲ့ နာဂတောင်တန်း မောင်ကြည်ဇင်၊ မြသန်းတင့်၊ နွယ်စိုးတို့အလယ် ၀တ္ထုတိုရွှေ ခေတ်လို့ဆိုနိုင်တဲ့ ကာလကဆရာ တွေဖြစ်ကြတဲ့ ဂျူး၊ လူမျိုးနော်၊ မြနှောင်းညို၊ မိုးမိုး(အင်းလျား)၊ ကိုခေး၊ သဲအိမ်မောင်နေ၀ါ၊ သစ္စာနီ၊ ညီပုလေး၊ စိန်ဥမယ်၊ ကျော်စွာထက်၊ ဆူးငှက်၊ မောင် တင်ဆင့်၊ နေ၀င်းမြင့်၊ အညာတ မာတို့အလယ် နှောင်းပိုင်းဝတ္ထုတို သမားတွေဖြစ်ကြတဲ့ ခင်ခင်ထူး၊ မင်းဝေဟင်၊ လူခါး၊ မိုးကျော်ဇင်၊ နတ်မှူး၊ စိုးလှိုင်တင့်နဲ့ စံပယ်ဖြူနု တို့အထိ ပါဝင်ပါတယ်။ မဂ္ဂဇင်း အများအပြားမှာ ဖော်ပြခဲ့တဲ့ဝတ္ထု တိုတွေထဲက စိတ်ကူးချိုချိုစာ တည်းအဖွဲ့ရဲ့ အနှစ်သက်ဆုံးရွေး ချယ်မှုဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ဘယ်အပုဒ်ဖတ်ဖတ် တစ်မျိုးစီရသခံစားရမှာမလွဲပါ ဘူး။ ယခုလိုသီတင်းကျွတ်အလုပ် ပိတ်ရက်မှာ ရသစာအုပ်ကောင်း ကောင်းနဲ့ မိုးအေးအေးမှာ နှပ်နေချင်သူတွေအကြိုက်တွေ့မယ့် စာ အုပ်မျိုးပါ။

တန်ဖိုး ၉,၀၀၀ ကျပ် နဲ့ထုတ်ဝေပြီး စီးတီးမတ်နဲ့စာအုပ် ဆိုင်ကြီးတွေမှာ ၀ယ်ယူနိုင်ပါ တယ်။         ။