ရှမ်းအသင်းကို အိမ်ကွင်း၌ အနိုင်ကစားရန် မျှော်မှန်းထားကြောင်း ဧရာဝတီနည်းပြဆို

 ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ပြိုင်ပွဲ အကြိုဗိုလ်လု ပွဲ ဒုတိယအကျော့တွင် ရှမ်းယူ နိုက်တက်အသင်းကို အိမ်ကွင်း၌ အနိုင်ကစားရန် မျှော်မှန်းထား ကြောင်း ဧရာဝတီအသင်းနည်းပြ ချုပ် ဦးကျော်လွင်ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က တောင်ကြီးကွင်း၌ ယှဉ် ပြိုင်ခဲ့သည့် ပထမအကျော့ပွဲစဉ် တွင် ရှမ်းအသင်းနှင့် ဧရာဝတီ အသင်းတို့ အရှုံး၊ အနိုင် အဖြေ မပေါ်ဘဲ တစ်ဂိုးစီသရေဖြင့် ပြီး ဆုံးခဲ့သည်။ ပထမအကျော့ အဝေးကွင်း၌ ၁-၁ ဂိုးစီ သရေရလဒ် ကြောင့် ဒုတိယအကျော့တွင် ဧရာဝတီအသင်း ဂိုးမရှိသရေ ကစားနိုင်ပါက အဝေးဂိုးစည်းမျဉ်းအရ ဗိုလ်လုပွဲ တက်ရောက်နိုင်မည်ဖြစ်သည်။


‘‘ပထမအကျော့အဝေးကွင်း မှာ သရေကျထားတယ် ဆိုပေ မယ့် ကျွန်တော်တို့အသင်းပေါ့ဆ လို့ မရပါဘူး။ အသင်းအတွက် ဒီ နှစ်မှာ ရှုံးထွက်ဖလားပဲ မျှော်မှန်း လို့ရတော့တာဆိုတော့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ အကောင်း ဆုံးကစားနိုင်ဖို့တော့ သေချာပြင် ဆင်နေပါတယ်။ ဂိုးမရှိသရေ ကစားရင် ဗိုလ်လုပွဲတက်တယ် ဆိုပေမယ့် ပွဲပြီးခါနီးမှ ဂိုးပေး လိုက်ရတာမျိုးတွေ ဖြစ်လာနိုင်ပါ တယ်။ ဒီအတွက်ကြောင့် အိမ် ကွင်းမှာ အနိုင်ရလဒ်ကစားနိုင်ဖို့ မျှော်မှန်းပြီး အကောင်းဆုံးကြိုး စားသွားမှာပါ’’ ဟု ဧရာဝတီအ သင်းနည်းပြချုပ်က ပြောသည်။

ဧရာဝတီအသင်းအနေဖြင့် ရှုံးထွက်ပြိုင်ပွဲ သမိုင်းတစ် လျှောက်တွင် သုံးကြိမ်ဗိုလ်စွဲဖူး သဖြင့် တစ်ကျော့ပြန်ချန်ပီယံဖြစ်ရန် မျှော်မှန်းထားကြောင်း ဦးကျော်လွင်ကပြောသည်။

 ဧရာဝတီယူနိုက်တက်အ သင်းသည် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း(ယခင်ရှုံးထွက်ဖလား) ပြိုင်ပွဲ ကို ၂၀၁၂၊ ၂၀၁၄ နှင့်၂၀၁၅ တို့ တွင် ဗိုလ်စွဲခဲ့ဖူးသည်။ ဧရာဝတီ နှင့် ရှမ်းအသင်းတို့၏ ရှုံးထွက်ပြိုင် ပွဲ အကြိုဗိုလ်လုပွဲဒုတိယအကျော့ ကို အောက်တိုဘာ ၁၈ ရက်တွင် ပုသိမ်မြို့၌ ကျင်းပမည်ဖြစ်သည်။

၂၀၁၇ ရှုံးထွက်ပြိုင်ပွဲအကြို ဗိုလ်လုပွဲ ပထမအကျော့အခြားပွဲ စဉ်တွင် ရန်ကုန်အသင်းက ရတ နာပုံအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရထားသည်။

 ရတနာပုံနှင့် ရန်ကုန်အသင်းတို့၏ ဒုတိယအကျော့ပွဲကို အောက်တိုဘာ ၁၉ ရက်တွင် မန္တလာသီရိ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

Top News