ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်ခြင်း စီမံကိန်းစတင်မည့်ရက် မညွှန်ကြားသေးဟုဆို

ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းကို အောက်တိုဘာလအ တွင်း အဆင့်မြှင့်တင်မည်ဟု ကြေညာထားသော်လည်း စီမံ ကိန်းစတင်မည့်ရက်ကို ညွှန်ကြား ထားခြင်းမရှိသေးကြောင်း မြန်မာ့ မီးရထား၊ တိုင်းအမှတ်(၇)သွား လာရေးဌာန အထွေထွေမန်နေဂျာဦးဇော်လွင်က ပြောသည်။

ထိုသို့စီမံကိန်းစတင်ဆောင် ရွက်ရမည့်ရက်အတိအကျကို ၀န် ကြီးရုံးက ညွှန်ကြားခြင်းမရှိသေး သဖြင့် မြို့ပတ်ရထားအချိန် ပြောင်းလဲပြေးဆွဲရန် အစီအစဉ် များလည်း မထုတ်ပြန်နိုင်သေး ကြောင်း ၎င်းကဆိုသည်။

‘‘စတာကတော့ ဒီလထဲမှာ ပဲစဖြစ်မှာပါ။ ဖြစ်နိုင်ခြေရှိတာက တော့ ဒီလ(အောက်တိုဘာလ) တတိယ ပတ်လောက်မှစဖြစ်မယ်ထင်တယ်’’ ဟု ဦးဇော်လွင်က ဆိုသည်။

မြန်မာ့မီးရထားသည် မြို့ ပတ်ရထားလမ်းပိုင်းကို အမေရိ ကန်ဒေါ်လာသန်း ၃၀၀ ကျော်သုံး စွဲ၍အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များ ဆောင်ရွက်သွားရန်လုပ် ဆောင်နေခြင်းဖြစ်သည်။

စီမံကိန်းကာလကို ငါးနှစ် ခန့်ကြာမြင့်မည်ဟု ခန့်မှန်းထား ပြီး မြို့ပတ်ရထားလမ်းသမိုင်းတစ် လျှောက် အများဆုံးကုန်ကျသည့်အကြီးစားပြုပြင်မှုများ ပါဝင်မည် ဖြစ်သည်။

ယင်းလမ်းပိုင်းအား အရှေ့ ခြမ်းနှင့် အနောက်ခြမ်းဟူ၍အပိုင်း နှစ်ပိုင်းခွဲကာ အရှေ့ခြမ်းအား ယခုနှစ် အောက်တိုဘာလမှ ၂၀၁၈ မေလအထိလည်းကောင်း၊ အနောက်ခြမ်းအား ၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ မေလ အထိလည်းကောင်းလုပ်ဆောင် မည်ဟု မြန်မာ့မီးရထားက ဩဂုတ် ၂၅ ရက်က ထုတ်ပြန်ထားသည်။

ထိုသို့လမ်းပိုင်းများအဆင့် မြှင့်ရာတွင် အသွားအပြန်နှစ်လမ်း ရှိသည့်ရထားလမ်း စီမံကိန်း လုပ်ဆောင်နေသည့်အပိုင်းကို တစ်လမ်းသာဖွင့်လှစ်၍ ကျန်တစ် လမ်းကို ဖြုတ်၍ပြုပြင်မည် ဖြစ်သဖြင့် မြို့ပတ်ရထားအချိန်စာ ရင်းများ ပြင်ဆင်ရမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူများက အဆိုပါသတင်းထုတ်ပြန်မှုပြုလုပ်သည့် ရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

 မြို့ပတ် ရထားလမ်းပိုင်း သည် ၂၉ မိုင်ခန့်ရှည်လျားပြီး မြို့ တစ်ပတ်ခုတ်မောင်းချိန်မှာ ၂ နာ ရီမိနစ် ၅၀ ခန့်ကြာမြင့်ရာမှ ယင်း စီမံကိန်းပြီးစီးပါက ၁ နာရီ မိနစ် ၅၀ ခန့်သာ ကြာတော့မည်ဖြစ် သည်။

ထို့အပြင် မြို့ပတ်ရထားစီး နင်းသူအရေအတွက်သည် လက် ရှိအချိန်၌ တစ်ရက်လျှင် ကိုး သောင်းခန့်ရှိရာမှ စီမံကိန်းပြီးစီး ပါက တစ်ရက်လျှင်လူဦးရေသုံး သိန်းခန့်ရှိလာရန် မြန်မာ့မီးရထား က မျှော်မှန်းထားသည်။

မြန်မာ့မီးရထားသည် လက် ရှိအချိန်၌ တစ်ရက်လျှင် ရထား ၂၂ စီးဖြင့် နေ့စဉ်အခေါက်ရေ ၂၂၀ ပြေးဆွဲနေသည်။

More in News Section