-->

MPU ကတ်အသုံးပြုသူ ခုနစ်လအတွင်း တစ်သန်းခန့်တိုး

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

 Myanmar Payment Union (MPU) ကတ် အသုံးပြုသူ ပြီးခဲ့သည့် ဖေဖော်ဝါရီမှ စက် တင်ဘာအတွင်း တစ်သန်းခန့်တိုးလာပြီး e-commerce အနေဖြင့် ငွေပေးချေမှု လက်ခံဆောင်ရွက်သည့် ကုမ္ပဏီအရေအတွက် ၂၀ ခန့်တိုးလာသည်။

၂၀၁၇ ဖေဖော်ဝါရီတွင် MPU ကတ် အသုံးပြုသူ ၂ ဒသမ ၈ သန်းခန့်သာရှိခဲ့သော်လည်း စက်တင်ဘာတွင် အသုံးပြုသူ ၃ ဒသမ၅ သန်းကျော်သို့ ရောက်ရှိလာသည်။ အလားတူ e-commerce စနစ်ဖြင့် ငွေပေးချေမှုကို MPUကတ်ဖြင့် လက်ခံဆောင်ရွက်သည့် ကုမ္ပဏီအရေ အတွက် ၉၁ ခုအထိရှိလာသည်။


MPU သည် ၂၀၁၁ စက်တင်ဘာတွင် စတင်တည်ထောင်ခဲ့သည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီဖြစ်ပြီး e - commerceဝန်ဆောင်မှု၊ ATM နှင့် ငွေသားထုတ်ယူနိုင်သည့် ဝန်ဆောင်မှုနှင့် အရောင်းဆိုင်များတွင် Point ofSale (POS)အဖြစ်ငွေပေးချေနိုင်မှုတို့ကို ဝန်ဆောင်မှုပေးအပ်ခဲ့သည်။

လက်ရှိတွင် ATM အရေ အတွက် ၃,၅၀၀ ခန့်နှင့် ချိတ် ဆက်ထားပြီး POS ပေါင်း ၁၃,၀၀၀ ခန့်ဖြင့် ချိတ်ဆက်ထားသည်။ စက်တင်ဘာအတွင်း ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ ဖိုက်ဘာဆက်ကြောင်းများ ပြန်လည်ပြုပြင်ခြင်းကြောင့် MPU ကတ်နှင့် ငွေသားထုတ်ယူသည့် ATM နှင့် ငွေပေးချေသည့် POS များ တစ်ကြိမ်ပြတ်တောက်မှုဖြစ်ပွားခဲ့သည်။

MPU သည် ၂၀၁၅ တွင် အများပိုင်အဖြစ် ပြောင်းလဲဖွဲ့ စည်းပြီး အဖွဲ့ဝင်ဘဏ် ၂၃ ခုဖြင့်လည်ပတ်ခဲ့သည်။ အဖွဲ့ဝင် ဘဏ်၁၉ ခုသည် လက်ရှိ၌ Debit ကတ်များ ထုတ်ဝေပေးနိုင်ခဲ့သည်။

MPU ကတ်သည် ပြည်ပ အဖွဲ့အစည်းများဖြစ်သည့် UPI နှင့် JGB တို့နှင့် ၂၀၁၅ တွင် ပူးပေါင်းကာ ပြည်တွင်း၊ ပြည်ပ အသုံးပြုနိုင်သည့် Co-Brand ကတ်များ ထုတ်ဝေခဲ့သည်။

Top News