အောင်လံတွင် လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံး

အသက် (၁၈)နှစ်အ ရွယ် လူငယ်တစ်ဦး ဆွဲကြိုးချသေ ဆုံးမှုတစ်ခု မကွေးတိုင်း အောင် လံမြို့တွင် အောက်တိုဘာ ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

လှည်းကားယားကျေးရွာနေ သူ လူငယ်သည် ၎င်းနေထိုင်ရာ နွားတင်းကုပ် အပေါ်ထပ်တွင် နွားချည်သည့် ပီနန်ကြိုးဖြင့် ကြိုးဆွဲ ချသေဆုံးခဲ့သည်ကို အစ်မဖြစ်သူ က မြင်တွေ့ခဲ့သဖြင့် သက်ဆိုင် ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ် သည်။

သေဆုံးသူ၏ မိသားစုတွင် စီးပွားရေးမပြေလည်မှုများ ဖြစ်နေပြီး ဖခင်သည် ကျန်းမာရေးမကောင်း၍ မိသားစုသည် စိတ်ဆင်းရဲနေကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲအရာရှိက ပြောသည်။

‘‘အစ်မဖြစ်သူက မနက်အ စောတောထဲသွားဖို့ ထမလာတာနဲ့ သွားနှိုးမှ ဆွဲကြိုးချသေနေတာကို တွေ့တာ။ သူ့မိသားစု ပြောအရတော့ သေဆုံးသူက အိမ်မကြီးပေါ်မှာ မနေဘူး။ အဲဒီ နွားတင်းကုပ်အပေါ်ထပ်မှာ တစ်ယောက်တည်းနေတာလို့သိရတယ်’’ ဟု ၎င်းက ပြောသည်။

ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိရန် ရွှေပန်း တော နယ်မြေရဲတပ်ဖွဲ့စခန်းက အမှုဖွင့်စစ်ဆေးနေသည်။

Top News