ပြဿနာမကြားရဘဲ ငြိမ်းချမ်းစွာနေထိုင်ကြသည့်အတွက် ဘရူနိုင်းရောက် မြန်မာလုပ်သားများ လိမ္မာကြောင်း ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ဘရူနိုင်းအစိုးရ တာဝန်ရှိသူများက ကြိုဆိုနေစဉ် (ဓာတ်ပုံ − MOFA)

ဘရူနိုင်းရောက်မြန်မာ လုပ်သားများသည် ပြဿနာတစ် စုံတစ်ရာမကြားရဘဲ ငြိမ်းချမ်းစွာ နေထိုင်ကြသဖြင့် လိမ္မာသော မိသားစုဝင်များဖြစ်ကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ချီးကျူး ပြောကြားသည်။

အောက်တိုဘာ ၆ ရက်တွင် ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန် မြို့သို့ရောက်ရှိနေသော နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်သည် ဘရူ နိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များနှင့် တွေ့ဆုံစဉ်ယင်းသို့ပြော ကြားခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲ သို့သွားရောက်သူ ဘရူနိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားကိုမိုးသူ က ပြောသည်။

‘‘ဘာပြဿနာတွေရှိလဲ ပွင့် ပွင့်လင်းလင်းပြောကြလို့ အမေ က ပြောတယ်။ ကျွန်တော်တို့က လည်း ဘာမှကိုပြောစရာမရှိဘူး ပေါ့၊ အားလုံးအဆင်ပြေနေတယ် ပေါ့လို့ ပြောတယ်။ အဲဒီမှာ အမေ က ငြိမ်းငြိမ်းချမ်းချမ်းနေကြလို့ ၀မ်းသာရတယ်။ ပြဿနာတွေ၊ အခက်အခဲတွေလည်း မကြားရ လို့ ၀မ်းသာတယ်ပေါ့။ နောက်ပြီး အရမ်းလိမ္မာကြတယ်လို့ ပြော တယ်’’ ဟု ကိုမိုးသူက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဘရူနိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသား ၂၀၀ ကျော်နှင့် မြန်မာ သံရုံးအတွင်း တွေ့ဆုံခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် စင်ပေါ်ကစကားပြော နေရာမှ ရင်းနှီးမှုမရှိဟုဆိုကာ ထိုင်ခုံများဖယ်ရှားခိုင်းပြီး ၎င်းက အောက်သို့ဆင်းကာ ၀ိုင်းဖွဲ့၍ စကားပြောဆိုခဲ့ကြောင်း ကိုမိုးသူ က ပြောသည်။

‘‘ဘရူနိုင်းနိုင်ငံ အေးအေး ချမ်းချမ်းရှိတယ်ပေါ့။ နောက်ပြီး သစ်ပင်တွေ၊ တိရစ္ဆာန်တွေနဲ့ စိမ်း စိုနေတယ်လို့ ပြောသွားတယ်။ လမ်းဘေးတွေမှာလည်း တိရစ္ဆာန် တွေအများကြီး တော်တော်ချစ်တဲ့ နိုင်ငံလို့ပြောသွားတယ်’’ ဟု ကိုမိုး သူက ပြောသည်။

ဘရူနိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေထိုင်သော မြန်မာ နိုင်ငံသား ၅၀၀ ခန့်ရှိပြီး အများစု သည် ဆရာဝန်နှင့် အင်ဂျင်နီယာ များဖြစ်ကြောင်း ကိုမိုးသူကဆက် လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဘရူနိုင်းဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဘုရင် ၏ နန်းမွေဆက်ခံသည့် နှစ်(၅၀) ပြည့် အခမ်းအနားသို့ တက် ရောက်ရန် အောက်တိုဘာ ၆ ရက်က ဘရူနိုင်းသို့ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် ၎င်းနှင့်အတူ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများလိုက်ပါခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ညပိုင်းတွင် ဘန်ဒါဆရီဘီဂါ ၀န်မြို့ Istana Nurul Imam ဘုရင့်နန်းတော်၌ ကျင်းပသည့် ဘရူနိုင်းဘုရင်မင်းမြတ်၏ နန်းမွေ ဆက်ခံသည့် နှစ်(၅၀)ပြည့်ရွှေ ရတုအထိမ်းအမှတ်ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက် ရောက်သည်။ ဒေါ်အောင်ဆန်းစု ကြည်သည် ယနေ့(အောက်တို ဘာ ၇ ရက်)တွင် ဘရူနိုင်းဘုရင် မင်းမြတ်နှင့် တွေ့ဆုံမည်ဖြစ် သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ဘရူနိုင်းနိုင်ငံမှ မြန်မာနိုင်ငံ သို့ယနေ့(အောက်တိုဘာ ၇ ရက်) တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦး ကျော်ဇေယျက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဘရူနိုင်းနိုင်ငံခရီးစဉ်အပြီး တွင် လက်ရှိအနေအထားအရ အလည်အပတ်ခရီးစဉ်အဖြစ်ဖိတ် ကြားထားသည့်နိုင်ငံများသို့ သွား ရောက်လည်ပတ်ရေး ရွှေ့ဆိုင်း ထားကြောင်း ၎င်းက ပြောဆို သည်။

More in News Section

Top News