ဒေသခံနှင့် ငှက်ပျောစိုက်လုပ်သား ၆၀ ကျော်ကို ကေအိုင်အေ ဖမ်းဆီးဟုဆို

ဝိုင်းမော်မြို့နယ် ကျေး ရွာသုံးရွာမှ ဒေသခံများနှင့်ငှက် ပျောစိုက်လုပ်သားစုစုပေါင်း ၆၀ ကျော်ကို ကချင်လက်နက်ကိုင် အဖွဲ့(KIA)ကဖမ်းဆီးသွား၍ စုံ စမ်းနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးကြီး ထွန်းဦးကပြောသည်။


ဝိုင်းမော်မြို့နယ် မန်ဝိန်း ကျေးရွာအုပ်စုရှိ ဆိုင်လော်၊ ဟုန် တန်ကောင်နှင့် ကောင်းခမ်းကျေး ရွာမှ ဒေသခံ ၂၀ ကျော်နှင့်ငှက် ပျောစိုက်အလုပ်သမား ၄၀ ကျော် ကို အောက်တိုဘာ ၅ ရက်နံနက် ၁ နာရီခန့်တွင် KIA ကဖမ်းဆီး သွားသည်ဟု သက်ဆိုင်ရာကျေး ရွာအုပ်ချုပ်ရေးမှူးများ၏ သတင်း ပေးပို့မှုကို ကိုးကား၍ ရဲမှူးကြီး ထွန်းဦးက ပြောသည်။

‘‘ဒေသခံလူဦးရေ ၂၀ ကျော် ပါတယ်။ တချို့က အညာဒေသ ကလာပြီး ငှက်ပျောစိုက်နေသူ တွေ။ ၄၇ ယောက်လောက်က နာမည်ရတယ်။ နာမည်မရတာ တွေနဲ့ဆို ၆၀ ကျော်လောက်ရှိ မယ်။ အခုလောလောဆယ် စုံ စမ်းနေတုန်းမို့လို့ အကြောင်းရင်း ကို သေချာမသိရသေးဘူး’’ ဟု ရဲမှူးကြီးထွန်းဦးက ဆိုသည်။

ဖမ်းဆီးခံရသူများသည် အ သက်(၂၀) မှ (၂၃)နှစ်အရွယ်ကြား အမျိုးသားများဖြစ်ပြီး အမျိုးသမီး တစ်ဦးပါဝင်သည်ဟု ဆိုသည်။ အောက်တိုဘာ ၆ ရက်ညနေအ ထိ အဖမ်းခံရသူများ၏ နောက် ဆက်တွဲသတင်းကို မသိရသေး ကြောင်း ၀ိုင်းမော်မြို့နယ် ရဲတပ် ဖွဲ့မှူးရဲမှူးလှသိန်းက ပြောကြား သည်။

ငှက်ပျောစိုက်လုပ်သားများ နှင့် ဒေသခံများအား KIA က ဖမ်း ဆီးသွားသည်ဆိုသည်နှင့် ပတ် သက်၍ KIA ပြောရေးဆိုခွင့်ရ ဒုဗိုလ်မှူးကြီးနော်ဘူက ‘‘ဒါ အတည်ပြုပြောဖို့ အခက်အခဲရှိ တယ်။ မဟုတ်ဘူးလို့ပြောဖို့ အ ခက်အခဲရှိသလို ဟုတ်တယ်လို့ ပြောဖို့လည်း အခုလောလော ဆယ် သတင်းမရသေးဘူး’’ ဟု ပြောသည်။

KIA အဖွဲ့အနေဖြင့် လူထု ကို အစည်းအဝေးပြုလုပ်ရန် ခေါ် ယူခြင်းမျိုးယခင်ကရှိခဲ့သည်ဟု ဒုဗိုလ်မှူးကြီးနော်ဘူက ပြော ကြားသည်။

‘‘တစ်ခါတလေကျရင်တော့ စစ်သားစုဆောင်းတာတွေလည်း ရှိတယ်။ ဒါပေမဲ့ စစ်သားစုဆောင်း တဲ့နေရာမှာ အခုကျွန်တော်တို့ ဖမ်းတာဆီးတာတွေ မလုပ်ဘူး။ ဆွေးနွေးတာတွေပဲ လုပ်တာ။ ဆွေးနွေးပြီးမှ သူတို့သဘောတူညီ ချက်နဲ့ စုဆောင်းတယ်။ ဒါမျိုးပဲ လုပ်တယ်’’ ဟု ဒုဗိုလ်မှူးကြီးနော် ဘူက ပြောသည်။

ဝိုင်းမော်မြို့နယ်သည် KIA တပ်ရင်း(၃)လှုပ်ရှားသည့်နယ် မြေဖြစ်ပြီး ပြည်သူ့စစ်များလည်း ရှိကြောင်း ၎င်းကဆိုသည်။

More in Politics Section