NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်မည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာပြော

အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့မှကိုယ်စားလှယ်များချင်းမိုင်တွင် သြဂုတ်လဆန်းက အလွတ်သဘောတွေ့ဆုံစဉ် (ဓာတ်ပုံ − NMG)

အစိုးရနှင့် NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအဝင် NCA အ ကောင်အထည်ဖော်မှုဆိုင်ရာများ ပြန်လည် သုံးသပ်ဆွေးနွေးမည် ဟု ပအိုဝ်းအဖွဲ့ (PNLO) ခေါင်း ဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးမှု ကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းတွင် ပြုလုပ်ရန် စီစဉ် ထားပြီး တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် (NCA)လက်မှတ်ထိုးရှစ်ဖွဲ့မှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် တစ်ဦးစီ ရွေးချယ်ထားကာ အစိုးရ ဘက်က ကိုယ်စားလှယ်ရွေးချယ် နေကြောင်း ၎င်းက ဆိုသည်။

‘‘NCA ကိုတော့ မပြင်ဘူး။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့ နေရာတွေမှာ မအောင်မြင်သေး တဲ့ဟာတွေက ဘာတွေလဲပေါ့။ အထူးသဖြင့် မူဘောင်တို့ ဘာတို့ ကို ပြန်သုံးသပ်တာပေါ့။ ပြင်စရာ ရှိရင် မူဘောင်တွေပဲ ပြင်မှာပေါ့။ NCA စာချုပ် မူရင်းပြဋ္ဌာန်းချက် တွေက ပြင်ဖို့အကြောင်းမရှိပါ ဘူး’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ယခုဆွေးနွေးပွဲသည် ပြီးခဲ့ သည့် မေလက ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ-၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးအပြီး နောက်ပိုင်း လေးလေကျော်အတွင်း ပထမဆုံး ပြန်လည်ကျင်းပမည့် အစိုးရနှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ တရားဝင်ဆွေးနွေးပွဲဖြစ်သည်။

၂၁ ရာစု ပင်လုံဒုတိယအ စည်းအဝေးကို ယခုနှစ် မေလ ၂၄ ရက်မှ ၂၈ ရက်အထိ နေပြည် တော်၌ ကျင်းပပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့်ကဏ္ဍလေးရပ်မှ အချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) အဖြစ် သတ်မှတ်ချုပ်ဆို ခဲ့သည်။

ထိုသို့ ပြည်ထောင်စု သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်သော် လည်း ဆုံးဖြတ်ချက်ချမှတ်မှု အပိုင်းအပါအဝင် လုပ်နည်းလုပ် ဟန်ပိုင်း၌ အားနည်းချက်အချို့ရှိခဲ့၍ ညီလာခံအားသာချက်၊ အားနည်းချက်များ လေ့လာပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်ရန် ညီလာခံကိုယ်စားလှယ်များက အကြံပြုထားသည်။

အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်မှ ညီလာခံကိုယ်စားလှယ် များကလည်း ဩဂုတ်က တွေ့ဆုံ ၍ ၂၁ ရာစု ပင်လုံဆိုင်ရာ ပြန် လည်သုံးသပ်ခြင်းနှင့် ကြိုတင်ပြင် ဆင်ခြင်း စကားဝိုင်းဆွေးနွေးပြု လုပ်ခဲ့သည်။

သုံးရက်ကြာ ပြုလုပ်သည့် ယင်းဆွေးနွေးပွဲတွင် ညီလာခံ၏ ဖွဲ့စည်းတည်ဆောက်မှုအဆင့် ဆင့် Structure အပိုင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အ ပိုင်းနှင့် ညီလာခံ၌ သဘောတူညီ ချက်မရခဲ့သည့် အခြေခံများ၊ နောက်လာမည့် ညီလာခံတွင် ပါဝင်သင့်သည့် အခြေခံမူများ စသည်တို့ကို ဆွေးနွေးခဲ့သည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့လည်း ၂၁ ရာစု ပင်လုံဒုတိယအစည်းအ ဝေးအပါအဝင် NCA အကောင် အထည်ဖော်မှုဆိုင်ရာများ ပြန် လည်သုံးသပ်ထားပြီး ပြင်ဆင်လို သည့် အချက်များကို အစိုးရနှင့် တွေ့ဆုံရာတွင် ဆွေးနွေးညှိနှိုင်း မည်ဖြစ်သည်။

More in Politics Section