-->

မန္တလေးနှင့် စဥ့်ကိုင်မြို့တွင် မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်ရှစ်လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီး

မီးလောင်ဆုံးရှုံးမှုကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ − စည်သူလင်း)

မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်ချောင်းပတ်ကျေးရွာတို့တွင် အောက်တိုဘာ ၅ ရက်ညက မီး လောင်မှုဖြစ်ပွားရာ နေအိမ်ရှစ် လုံးနှင့် ဘုန်းကြီးကျောင်းတစ် ကျောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနက သတင်းထုတ်ပြန် သည်။

အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် ၇၅ လမ်းနှင့် ၇၆ လမ်းကြေား၊ ၁၁ လမ်းနှင့် ၁၂ လမ်းကြားတွင် အောက်တိုဘာ ၅ ရက် ည ၁၂ နာရီခွဲခန့်က စတင်၍ မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် ရှစ်လုံးနှင့် ဆိုင်ကယ်ငါးစီးပျက်စီး ခဲ့သည်။ တံဆိပ်ရိုက်လုပ်ငန်းလုပ် ကိုင်သော နေအိမ်က ခြင်ဆေးမီး ထွန်းရာမှ စတင်၍ အနီးရှိပိတ်စ များသို့ ကူးစက်ကာ လောင်ကျွမ်း ခဲ့ကြောင်း မီးသတ်ဌာန၏ မှတ် တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါမီးလောင်မှုကို ငြှိမ်း သတ်နေစဉ် ဥပုသ်တော်ရပ် အရန် မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ် တပ်သားတစ်ဦး မျက်နှာမီးဟပ် ဒဏ်ရာ ရရှိပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရ သည်။ ထို့အပြင် နေအိမ်များမီး လောင်ပျက်စီးမှုကြောင့် မီးဘေး ဒုက္ခသည် ၃၉ ဦးရှိပြီး ၎င်းတို့ကို ဘောဇနဓမ္မာရုံတွင် ကယ်ဆယ် ရေးစခန်းဖွင့်ကာ စောင့်ရှောက် ထားကြောင်း အောင်မြေသာစံမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦး ကပြောသည်။

ထို့အပြင် စဥ့်ကိုင်မြို့နယ် ချောင်းပတ်ကျေးရွာရှိ ရွာဦး ကျောင်းတိုက်လည်း မီးအားမြှင့် စက် အပူလွန်ကဲရာမှတစ်ဆင့် ည ၂ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုနှစ် ခုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၂၀ ခန့်ရှိကြောင်း မီးသတ်ဌာန က သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး၌ ယခုနှစ်ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လအတွင်း မီးလောင် ကျွမ်းမှု ၁၃၁ ကြိမ်ဖြစ်ပွားပြီး လူ ငါးဦးသေဆုံးခဲ့သည်။ 

မီးလောင်မှုဖြစ်စဉ်များတွင် ပေါ့ဆမီးကြောင့် အများဆုံးဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။