နယ်စပ်မှ တစ်ပတ်ရစ်ကား အရောင်းဈေးကွက် ပိတ်သိမ်းမည်ဖြစ်၍ ကုန်တင်ကားများဈေးတက်

 မြန်မာ-ထိုင်းနယ်စပ်ရှိ တစ်ပတ်ရစ် ကားအရောင်းဈေး ကွက်ကို နိုဝင်ဘာတွင် ထိုင်းအစိုး ရဘက်က ပိတ်သိမ်းမည်ဖြစ်၍ ပြည်တွင်းကားဈေးကွက်တွင် ကုန်တင်ကားများဈေးတက်သွား ကြောင်း ယာဉ်အရောင်းအဝယ် လုပ်ကိုင်သူများက ပြောသည်။

အဆိုပါဈေးကွက် ပိတ်သိမ်း ပြီးနောက် ယာဉ်များကို တရားဝင် လမ်းကြောင်းများက တင်သွင်း မည်ဟု သိရကြောင်း ယာဉ်အ ရောင်းအဝယ်လုပ်ကိုင်သူ ဦးမင်း မင်းထွန်းက ပြောသည်။

အဆိုပါ သတင်းထွက်ပြီး နောက်ပိုင်း ကားအရောင်းအဝယ် ဈေးကွက်တွင် ကုန်ကားနှင့် ကွန် တိန်နာယာဉ်ဈေးနှုန်းမှာ ကျပ် သိန်း ၆၀ မှ သိန်း ၁၀၀ ခန့် ဈေး တက်သွားကြောင်း ဦးမင်းမင်း ထွန်းက ပြောသည်။

‘‘ဂိတ်ပိတ်သွားမယ်ဆိုရင် လိုင်စင်မဲ့ကားတွေမရှိတော့ လိုင် စင်ကားတွေဘက်ကို လှည့်လာပြီး ရောင်းအားကတက်လာတယ်’’ ဟု ၎င်းက ပြောသည်။

ဈေးကွက်ပိတ်သိမ်းလိုက်၍ ကုန်ကားများ၊ ကွန်တိန်နာတွဲ ကားများ ဈေးတက်သွားနိုင်သော် လည်း အခြားအိမ်စီးကား ဈေး မတက်နိုင်ကြောင်း အရောင်းအဝယ်လုပ်ကိုင်သူ ဦးအေးမြင့်က ခန့်မှန်းပြောသည်။

‘‘လိုင်စင်မဲ့ကားတွေ အဝင် နည်းသွားမယ်။ ရန်ကုန်မှာတော့ ကုန်ကားနဲ့ ကွန်တိန်နာတွေ ဈေး တက်တာကလွဲပြီး ကျန်ကားတွေ ဈေးမတက်ပါဘူး’’ဟု ဦးအေးမြင့် က ဆိုသည်။

နယ်စပ်ဈေးကွက်ကို ပိတ် သိမ်းမည်ဖြစ်သော်လည်း လိုင်စင် မဲ့ကားများ အခြားနေရာများက ဝင်ရောက်ခြင်း ရှိ၊ မရှိ လေ့လာစောင့်ကြည့်ရန်လိုကြောင်း ဦးမင်း မင်းထွန်းက ပြောသည်။

ထို့အပြင် လာမည့်နှစ်တွင် ထုတ်ပြန်မည့် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒ၌ ၂၀၀၃ မှ ၂၀၁၀ ထုတ် မော်ဒယ်နိမ့်ကား များအစား ၂၀၁၁ မှ ၂၀၁၄ ထုတ် မော်ဒယ်မြင့်ကားများသာ တင် သွင်းခွင့်ပြုလာနိုင်ကြောင်း ယာဉ် ရောင်းဝယ်ရေးလုပ်ကိုင်သူများ က ခန့်မှန်းပြောသည်။

နယ်စပ်ဂိတ် ပိတ်သိမ်းခြင်း နှင့် သက်ဆိုင်မှုမရှိသော်လည်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါ ဒအသစ်တွင် ဘယ်မောင်းယာဉ် များသာ တင်သွင်းခွင့်နှင့် မော်ဒယ် မြင့်ကားများသာ တင်သွင်းခွင့်ပြု မည်ဟု သတင်းများထွက်ရှိနေ ခြင်းကြောင့် လက်ရှိကားအ ရောင်းဈေးကွက်တွင် အိမ်စီးကား များ ကျပ် ၁၀သိန်းခန့် ဈေးတက် နေကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးကောင်းမြတ်က ပြောသည်။

More in Business Section