UNHCR အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဖြစ်စဉ်၏ခိုင်လုံသော အထောက်အထားများ၊ ရုပ်သံဖိုင်များ ရှင်းလင်းဖြန့်ဝေ

 ဆွစ်ဇာလန်နိုင်ငံ၌ ငါးရက်ကြာပြုလုပ်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အမှုဆောင်ကော်မတီအစည်းအဝေးသို့ တက် ရောက်ခဲ့သည့် ပြည်ထောင်စုဝန် ကြီး ဒေါက်တာဝင်းမြတ်အေးက ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဖြစ် စဉ်မှ ခိုင်လုံသော အထောက်အ ထားများ၊ ရုပ်သံဖိုင်များကို ရှင်း လင်းဖြန့်ဝေခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

အဆိုပါအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ အောက်တိုဘာ ၂ ရက်မှ ၆ ရက်အထိ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပြုချက်များအ ပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ယင်းခရီးစဉ်အ တွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော ကိစ္စရပ်များနှင့်ပတ်သက် ၍ ခိုင်လုံသောအထောက်အထား အချက်အလက်များ၊ ဗီဒီယိုဖိုင် များ ရှင်းလင်းခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီ ယာများတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးဖွင့်ပွဲ ၌ တက်ရောက်သည့်နိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်များက မိန့်ခွန်းများပြောကြားရာ ပြည် ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဆိုင်ရာ ကိစ္စများကို ရှင်းလင်းပြော ကြားခဲ့သည်။

ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်ဖွဲ့စည်းခြင်း၊ ARSA အဖွဲ့က အကြမ်းဖက်တိုက် ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ များက အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ခဲ့ရခြင်း၊ ဘေးသင့် ပြည်သူများကို ထောက်ပံ့ရေး လုပ်ဆောင်ခဲ့ရခြင်းများကို ပြည် ထောင်စုဝန်ကြီးက ရှင်းလင်းခဲ့ သည်။ ရခိုင်ပြည်နယ်အကြံပေး ကော်မတီနှင့် စုံစမ်းရေးကော်မရှင်တို့၏ အကြံပြုချက်များကို အ ကောင်အထည်ဖော်ရန် ကော်မ တီတစ်ရပ် ဖွဲ့စည်းပြီး ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသည့် ဒုက္ခသည်များကို ၁၉၉၃ မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူခဲ့သည့်ဒုက္ခသည်များ စိစစ်လက်ခံရေးမူဘောင်ကို အခြေခံဆောင်ရွက်မည်ဟုဆိုသည်။

အောက်တိုဘာ ၄ ရက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ရှိရခိုင် ပြည်နယ်အခြေအနေနှင့် ထိုင်းနိုင် ငံရောက်ဒုက္ခသည်များ ပြန်လည် လက်ခံရေးကိစ္စရပ်များဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ပြန်လည်သုံးသပ်ဆွေး နွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ခရီး စဉ်အတွင်း မစ္စတာကိုဖီအာနန်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့နှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။

More in News Section