ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြန်ဆန်ရေး အလွတ်တွေ့ဆုံမှုများအမြန်ဆောင်ရွက်ရန် ကေအင်န်ယူအကြံပြု

ယခုနှစ်ဧပြီလက ကျင်းပခဲ့သော JICM အစည်းအဝေးတွင်အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် ထိပ်သီးခေါင်းဆောင်များတက်ရောက်ခဲ့သည်။ (ဓာတ်ပုံ − Myanmar State Counsellor Office)

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ပိုမိုမြန်ဆန်စေရေး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအကြား အ လွတ်သဘော တွေ့ဆုံမှုများ အ မြန်ဆုံးပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU)ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အကြံပြုသည်။


ယခုနှစ် မေလက ကျင်းပခဲ့ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဒုတိယ အကြိမ် အစည်းအဝေးအပြီး နောက်ပိုင်း လေးလကျော်ကြာ သည်အထိ အစိုးရနှင့် တစ်နိုင်ငံ လုံးအပစ်ရပ်စာချုပ် (NCA) လက် မှတ်ထိုး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား ငြိမ်းချမ်း ရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေး နွေးမှုများ ရပ်တန့်နေသည့်အပေါ် မေးမြန်းရာ ၎င်းက ယခုကဲ့သို့ အကြံပြုပြောကြားသည်။

KNU အနေဖြင့် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံရန် သဘောထားရှိပြီး ယင်းသို့ တွေ့ ဆုံခြင်းအားဖြင့် နှစ်ဖက်အကြား ပိုမိုနားလည်မှုရရှိစေမည်ဟု ပဒို စောကွယ်ထူးဝင်းက ပြောသည်။

‘‘ငြိမ်းချမ်းရေးအတွက် သက် ဆိုင်ရာအစုအဖွဲ့နဲ့ အလွတ် သဘောရော၊ တရားဝင်ရော အဲဒီ လိုတွေ့ဖို့ သဘောထားရှိထားပြီး သား။ တပ်မတော်မှာရှိတဲ့ တပ်မ တော် ခေါင်းဆောင်ကြီးတွေနဲ့၊ နိုင်ငံတော်ခေါင်းဆောင်ကြီးတွေ နဲ့ တွေ့နိုင်တဲ့အခွင့်အရေးရှိလို့ရှိ ရင် တွေ့ပြီးတော့ ကျွန်တော်တို့ရဲ့ အမြင်သဘောထားတွေ တင်ပြ မယ်၊ ဆွေးနွေးမယ်။ သူတို့ဆီက လည်း အကြံဉာဏ်ယူမယ်။ သူတို့ အမြင်သဘောထားတွေ ရယူပြီး တော့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်း မှုအတွက် အဲဒီလိုဆောင်ရွက်ဖို့ သဘောထားရှိထားပြီးသားပါ’’ဟု ၎င်းက ဆိုသည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့ အနေဖြင့် နှစ်ဖက်ထိပ်သီး ခေါင်းဆောင်များ တက်ရောက်ရမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို အမြန်ဆုံးခေါ်ယူရန် အစိုးရထံ အဆိုပြုထားသည်။

ယခုနှစ် မေလက ကျင်းပ သည့် ၂၁ ရာစု ပင်လုံဒုတိယအ စည်းအဝေးမတိုင်မီ ကျင်းပခဲ့သော JICM အစည်းအဝေးသို့အစိုးရဘက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဦးဆောင်တက်ရောက်ပြီး NCAလက်မှတ်ထိုး ရှစ်ဖွဲ့ဘက်ကလည်း ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

NCA ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အကောင်အထည်ဖော်ရာ တွင် ကြုံတွေ့လာသည့် အခက် အခဲများကို နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်များ ပါဝင်သည့် JICM အစည်းအဝေး၌ ညှိနှိုင်းဖြေ ရှင်းနိုင်ကြောင်း NCA တွင် ပြဋ္ဌာန်းထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန် အစိုးရ၊ တပ်မ တော်၊ နိုင်ငံရေးပါတီများနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ စ သည့် ခေါင်းဆောင်အချင်းချင်း တွေ့ဆုံ၍ ဦးစွာသဘောတူညီမှု ရယူသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အကြံပြုထားသည်။

‘‘အဓိကအားဖြင့်တော့ ခေါင်းဆောင်အချင်းချင်းတွေ့နိုင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို နိုင်ငံ ရေးပုံစံပေါ်ပေါက်ဖို့ လုံးဝလိုအပ် နေပါတယ်။ အခုလို ညီလာခံအ ကြီးကြီးမှာ လူ ၈၀၀၊ ၁,၀၀၀ ဆံ့တဲ့ အခမ်းအနားမျိုးကို လုပ်ရုံ လောက်နဲ့ ချဉ်းကပ်နိုင်မှာ မဖြစ် နိုင်ပါဘူး’’ဟု SNLD တွဲဖက်အ တွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောသည်။

Top News