စာရေးဆရာနှစ်ဦး စာပေဟောပြောပွဲအပြန် ကားကို ခဲဖြင့်ထုခံရပြီး တစ်ဦးဒဏ်ရာရ

စာရေးဆရာ ညီမင်းညို နှင့် ကဗျာဆရာ ထွဏ်းသွေးအိမ် တို့ စာပေဟောပြောပွဲအပြီး မန္တ လေးမြို့သို့ ပြန်လာစဉ် စစ်ကိုင်း တိုင်းဒေသကြီး ကျောက်ဆည်ရွာ ထိပ်အရောက်တွင် ကားကိုခဲဖြင့် ထုခံရပြီး ညီမင်းညို၏ မျက်နှာ ၌ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကဗျာဆရာ ထွဏ်းသွေးအိမ်က ပြောသည်။

ရေဦးမြို့တွင် ပြုလုပ်သည့် စာပေဟောပြောပွဲအပြီး ကားဖြင့် ပြန်လာစဉ် အောက်တိုဘာ ၇ ရက် နံနက် ၂ နာရီခန့်က ကံတလူ ဘုရားအနီး ကျောက်ဆည်ရွာထိပ် အရောက်တွင် အမျိုးသားနှစ်ဦးက ကားကိုခဲဖြင့်ထုရာ ကားရှေ့မှန် နှင့် ဘေးမှန်တို့ကို ထိမှန်ခဲ့ကြောင်း၊စာရေးဆရာ ညီမင်းညိုသည် မျက် နှာတွင် ဒဏ်ရာရရှိကာ ကိုးချက်ချုပ်ခဲ့ရကြောင်း ၎င်းက ပြော သည်။

‘‘ကားဆရာရယ်၊ အစ်ကို ရယ်က ရှေ့မှာ။ ကိုညီက အ နောက်မှာ။ ကားကို လူနှစ်ယောက်က ခဲနဲ့ထုပြီး ရွာထဲပြေးဝင်သွား တာပါ။ ကိုညီမင်းညိုကတော့ မှန်စတွေ မျက်နှာလာမှန်တယ်။ ကံတလူတိုးဂိတ်က ရဲကင်းမှာ တော့ သတင်းပို့ တိုင်ကြားထား တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ကျေးရွာအနီးတွင် တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းခန့် ကားများကို ခဲဖြင့်ပစ်ပေါက်၍ အန္တရာယ်ဖြစ်ပွားအောင် ပြုလုပ် နေသည်ဟု ဒေသခံအချို့ကပြောကြောင်း ၎င်းက ပြန်လည်ပြောပြ သည်။

အဆိုပါဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စောင့်ကြည့် အရေးယူသင့်ကြောင်း ၎င်းက ပြောသည်။

‘‘အမှုဖွင့်တာတို့ ဘာတို့ တော့ မလုပ်တော့ဘူး။ ၃ နာရီခန့် ဆိုတော့လေ။ အမှုဖွင့်တဲ့အလုပ် တော့ မလုပ်တော့ဘူး။ သို့သော် အမှုဖွင့်မှရမယ်ဆိုရင်လည်း ဖွင့် မှာပေါ့’’ဟု ညီမင်းညိုက ပြော သည်။

ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်အဖြစ် စာတမ်းဖတ်ပွဲနှင့် စာပေဟောပြောပွဲကို နေပြည် တော် ပျဉ်းမနားမြို့တော်ခန်းမ တွင် အောက်တိုဘာ ၇ ရက် ညနေက ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ညီမင်းညိုက မီဒီယာများ၏ မေးမြန်းမှုကို  ပြန်လည်ဖြေကြားခဲ့ သည်။

ခဲဖြင့်ထုခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိသေးကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အခုချိန်ထိတော့ ကာယကံ ရှင်က အမှုမဖွင့်သေးဘူး။ လာ ဖွင့်ရင်တော့ ဖွင့်ပေးပါမယ်။ အဲဒီ နေရာမှာ စာရေးဆရာတွေ ကား ကို ခဲနဲ့ထုတာဖြစ်စဉ်မှန်ပါတယ်။ အဲဒီနားမှာလည်း ခဏခဏ အဲဒီ လိုဖြစ်တယ်လို့ ကြားရတယ်။ ရဲကလည်း စောင့်ကြည့်နေပါ တယ်’’ဟု ၎င်းက ပြောသည်။

ကားကို ခဲနှင့်ပစ်ပေါက်မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၇ ရက်ညနေတွင် ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းမိထားပြီး ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားသည်ဟု ကံတလူရဲစခန်းမှူး ရဲအုပ်ကျော်မင်းက ပြောသည်။ 

ဖမ်းမိထားသူမှာ စစ်ကိုင်းမြို့နယ် အောင်သာကျေးရွာမှ အသက် (၁၈)နှစ်အရွယ် အမျိုး သားတစ်ဦးဖြစ်ပြီး အသေးစိတ်ကို စိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။