သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ ရပ်ကျေးအဆင့် ဖြေရှင်းပေးမှု အားနည်းနေဟုဆို

 ပြင်ဦးလွင်မြို့နယ်အ တွင်း သိမ်းဆည်းခံလယ်ယာမြေ များနှင့် ပတ်သက်၍ ရပ်ကျေး လယ်ယာမြေ ပြန်လည်စိစစ်ရေး အဖွဲ့များက ဖြေရှင်းပေးမှု အား နည်းနေသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး အောင်မင်းက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ မြေစာရင်းဌာနအပါအဝင် ကော်မတီဝင် ကိုးဦးဖြင့် ဖွဲ့စည်းထားသည့် ရပ်ကျေးလယ်ယာမြေစိစစ်ရေးအဖွဲ့များသည် သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်၍ သိရှိမှုအားနည်းသလို စနစ်တကျ ဖြေရှင်းဆောင်ရွက်မှု အားနည်းနေပြီး အောင်မြင်မှုမရှိဘဲဖြစ်နေကြောင်း မြို့နယ်လယ်ယာမြေပြန်လည်စိစစ်ရေး ကော်မတီဝင် ဦးအောင်မင်းက  ဝေဖန်သည်။

 ‘‘ခေတ်အဆက်ဆက်က သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေနဲ့ တခြားမြေတွေကို တရားဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်အောင် လယ်ပြန်စစ် (ရပ်ကျေးလယ်ယာမြေ ပြန်လည်စိစစ်ရေးအဖွဲ့) ကို ဖွဲ့ ပေးခဲ့တာ။ လက်ရှိအခြေအနေကို အမှန်တိုင်းပြောရရင် အောင်မြင် မှုရှိတာကို သိပ်မတွေ့ရဘူး။ ဘာ လို့မအောင်မြင်တာလဲ။ ကိုယ့်တာဝန်ကိုယ် မယူကြလို့’’ ဟု ၎င်းက ဝေဖန်သည်။

ရပ်ကျေးလယ်ယာမြေပြန် လည်စိစစ်ရေးအဖွဲ့များသည် မိမိယူထားရသည့် တာဝန်ကို မသိကြသလို စနစ်တကျပူေးပါင်း ဆောင်ရွက်မှု မရှိကြောင်း ၎င်းက ဆိုသည်။

‘‘ရပ်ကျေးတွေက ကိုယ့်တာ ဝန်ကိုယ် မယူတဲ့အခါမှာ မြို့နယ် လယ်ပြန်စစ်မှာ အမှုတွေအများ ကြီး လာပုံနေရော။ အောက်ခြေ က မှန်မှန်ကန်ကန်နဲ့ ပူးပေါင်းပါ ဝင်ဆောင်ရွက်မှသာလျှင် အောင် မြင်မှုက ရနိုင်မယ်’’ ဟု ၎င်းက ပြောသည်။

အစိုးရသစ်လက်ထက် တစ် နှစ်ကျော်အတွင်း ပြင်ဦးလွင်မြို့နယ် လယ်ယာမြေပြန်လည်စိစစ်ရေးကော်မတီသို့ တိုင်ကြားထားသည့် အမှုပေါင်း ၆၀၀ ကျော်ရှိပြီး အမှု ၁၀၀ ကျော်ကိုတိုင်းအဆင့်သို့ တင်ပြကာ ဖြေရှင်းဆောင်ရွက်ထားကြောင်း ဦးအောင်မင်းကဆိုသည်။

ပြင်ဦးလွင်မြို့နယ်တွင် သိမ်း ဆည်းခံလယ်မြေ ဧကတစ် သိန်းကျော်ရှိနေသည်ဟု တောင် သူအရေး တတ်ကြွလှုပ်ရှားသူ ဦးခင်စိုးက ပြောသည်။

သို့သော် အဆိုပါ သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ စနစ်တကျဖြေ ရှင်းပေးမှုမရှိသေးဘဲ သိမ်းဆည်း မြေများပေါ် ဝင်ရောက်ထွန်ယက် စိုက်ပျိုးမှု၊ ထွန်တုံး တိုက်ပွဲပြုလုပ် မှုများကြောင့် ဒေသခံတောင်သူ ရာနှင့်ချီ တရားစွဲဆိုခံထားရ ကြောင်း ၎င်းကဆိုသည်။

Top News