မကြာခင် နားဆင်ရမယ့် ချမ်းချမ်းရဲ့ အခွေသစ်

ယခု အောက်တိုဘာ လလယ်၌ ‘သို့’ဟု အမည်ပေးထား သော လေးခွေမြောက် တေး အယ်လ်ဘမ်ထွက်ရှိရန် စီစဉ်နေ ကြောင်း အဆိုတော် ချမ်းချမ်းက ပြောသည်။

‘‘သီချင်းအားလုံးပေါင်း ၁၃ ပုဒ်ပါပါတယ်။ Soft Rock လည်း ပါတယ်။ အရင်ကဆိုတဲ့ ပုံစံလေး တွေလည်း ပါတယ်။ Orchestra (သံစုံတီးဝိုင်း)နဲ့ တီး ထားတဲ့ အမေမေတ္တာဘွဲ့သီချင်း လေးလည်း ပါမယ်။ သီချင်းတွေ က အရင်ကဆိုခဲ့သလို အရမ်းကြီးမဖွဲ့နွဲ့တော့ဘူး။ အစ်မ ပရိသတ် အတွက် အသစ်အဆန်းဖြစ်မယ့် Taste တစ်မျိုးကို ချပြချင်တဲ့အခါ ကျတော့ ခေတ်အမြင်နဲ့ ပိုလိုက် ဖက်မယ့် သီချင်းမျိုးတွေ ရွေးဖြစ် တယ်’’ဟု ၎င်းက ပြောသည်။

ပရိသတ်များထံ အရောက် ပို့ဆောင်ပေးလိုက်သည့် စိတ်ကူး ဖြင့် ‘သို့’ ဟု အမည်ပေးခြင်းဖြစ်သလို ‘သို့’ နာမည်ဖြင့် သီချင်း မပါဝင်ဘဲ စီးရီးအမည်အဖြစ်သာ သီးသန့်ပေးထားခြင်းဖြစ်သည်။ တေးရေးများအနေဖြင့် ဓီရာမိုရ်၊အောင်ခြိမ့်၊ အထွေး၊ ဂျီလေးနှင့်ဒီဂျေလင်းလင်းတို့ ပါဝင်ပြီး Featuring အနေဖြင့် စန္ဒီမြင့်လွင် က အားဖြည့်ထားသည်။

‘‘အစ်မကတော့ အနုပညာ ကို နောက်ပိုင်းမှာ ကိုယ်လုပ်နိုင် တာထက် ပိုပြီးတော့ ကောင်း အောင်လုပ်ဖို့အတွက် ပွဲလည်း ရွေးချယ်မယ်။ နည်းနည်းလေး လျှော့ချပစ်မယ်။ အကောင်းဆုံး တွေပဲ ဖော်ပြချင်တဲ့အတွက် ကြောင့်ပေါ့။ နောက်သမီးကို လည်း အချိန်ပေးချင်တယ်။ သမီး လေးကလည်း နည်းနည်းအရွယ်ရ လာပြီ။ ကျောင်းစတက်ပြီဆို တော့ အမေလိုတယ်လေ။ အရင် တုန်းကကျတော့ စိတ်ရောကိုယ် ပါ လိုက်ခံစားတဲ့အခါကျတော့ အရမ်းပင်ပန်းတယ်။ အခုကျ တော့ သမီးလေးအတွက်ကို ပိုအပင်ပန်းခံဖြစ်တာပေါ့’’ဟု ချမ်းချမ်းက ပြောသည်။

(၃)နှစ်ခွဲရှိပြီဖြစ်သည့် ၎င်း၏သမီးလေး မြမိုးဂင်္ဂါသည်  ကင်မရာနှင့် စင်မကြောက်တတ်သလို အဖေ့သွေးအပြည့်ပါသည့်အ တွက် ကြီးလာသည့်အခါ ဒါရိုက် တာလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘သီချင်းဆိုတာကကျတော့ အမေ့ကိုကြည့်ပြီး အရမ်းမောတဲ့ အတွက် သူမဆိုချင်ဘူးတဲ့။ သူ့ အဖေလိုမျိုး ဒါရိုက်တာလုပ်ပြီး တခြားသူတွေကို ဆရာလုပ်ရတာ ကို သူဝါသနာပါတယ်။ သူက ဒါရိုက်တာပဲလုပ်မှာတဲ့။ အဖေ သွေးအပြည့်ပါတာပေါ့။ အစ်မက တော့ အနုပညာအလုပ်သိပ်မလုပ် စေချင်ဘူး။ ဘာကြောင့်လဲဆို တော့ အနုပညာအလုပ်က စိတ် ပါပါ၊ မပါပါ ရယ်ရ၊ ပြုံးရတဲ့အ လုပ်ဖြစ်တယ်။ သမီးက နည်း နည်းလေး Sensitive ဖြစ်တဲ့ စိတ် ဓာတ်လေးရှိတဲ့အတွက် စာပေနဲ့ ပတ်သက်တဲ့၊ တော်တဲ့အမျိုးသမီး ကောင်းတစ်ယောက်၊ စီးပွားရေး သမားတစ်ယောက်ပဲ ဖြစ်စေချင် တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိမ်ထောင် သက် ငါးနှစ်ပြည့်ပြီဖြစ်ပြီး နောက် ထပ် ရင်သွေးယူ၊ မယူစဉ်းစားနေသည်ဟု ဆိုသည်။