ဒေါ်အောင်ဆန်းစုကြည်နှင့် ဘရူနိုင်းဘုရင်တွေ့ဆုံမှုတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဘရူနိုင်းဘုရင်တို့ တွေ့ဆုံနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ − Ministry of Foreign Affairs Myanmar)

ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဘရူနိုင်းဘုရင်မင်း မြတ်နှင့် တွေ့ဆုံပြီး စွမ်းအင်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ များ နှစ်နိုင်ငံ မြှင့်တင်ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ 


ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာ ၇ ရက်က ဘန်ဒါဆရီ ဘီဂါဝန်မြို့ရှိ Istana Nurul Iman ဘုရင့်နန်းတော်တွင်ဘရူနိုင်းဘုရင်မင်းမြတ်နှင့် တွေ့ ဆုံခဲ့ပြီး ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ နိုင်ငံခြား ရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး(၂)တို့ကိုလည်း တွေ့ဆုံ ခဲ့သည်။ 

ဘရူနိုင်းဘုရင်မင်းမြတ်နှင့် တွေ့ဆုံပြီး စွမ်းအင်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ နှစ်နိုင်ငံ မြှင့်တင်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

တွေ့ဆုံရာတွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင် ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးကျော်တင်၊ ဘရူနိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် နိုင်ငံခြားရေးဝန် ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး အောင်ကိုတို့ ပါဝင်သည်။ 

ယမန်နေ့တွင် ဒေါ်အောင် ဆန်းစုကြည်သည် ဘရူနိုင်းရှိ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများအား မြန်မာသံအမတ်ကြီး၏ နေအိမ်၌ တွေ့ဆုံခဲ့ပြီး ဝန်ထမ်း များနှင့် မိသားစုဝင်များ၏ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများ မေးမြန်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။ အောက်တိုဘာ ၆ရက်က ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ ရောက်ရှိနေသောနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘရူနိုင်းရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသံရုံးတွင်တွေ့ဆုံခဲ့သည်။ 

ဘရူနိုင်းနိုင်ငံသည် မြန်မာ နိုင်ငံအပေါ် နားလည်မှုပေးသော နိုင်ငံဖြစ်ပြီး သစ်ပင်များ၊ တိရစ္ဆာန် များဖြင့် အေးအေးချမ်းချမ်းရှိသော နိုင်ငံဖြစ်ကြောင်း မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ်ပြောကြား သည်။ 

ဒေါ်အောင်ဆန်းစုကြည် သည် ဘရူနိုင်းဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ဘရူနိုင်းနိုင်ငံ ၏နန်းမွေဆက်ခံသည့် နှစ် (၅၀) ပြည့်အခမ်းအနားသို့ တက်ရောက်ရန် ယမန်နေ့ကသွားရောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်တွင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး အောက်တို ဘာ ၇ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။