မြန်မာနှင့်ကာဂျစ္စတန်ပွဲ လုံခြုံရေးတိုးမြှင့်မည်

အေအက်ဖ်စီက လုံခြုံရေးတာဝန်ခံတစ်ဦး စေလွှတ်မည်
ထိုင်းအသင်းနှင့် ခြေစမ်းပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လေ့ကျင့်မှုပြုလုပ်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်မြို့၌ ကျင်းပမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ကာဂျစ္စတန်အသင်းတို့၏ အာရှဖလားခြေစစ်ပွဲတွင် လုံခြုံရေး ပိုမိုတိုးမြှင့်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က ကာဂျစ္စတန်တွင် ယှဉ်ပြိုင် ရန် စီစဉ်ခဲ့သည့် မြန်မာနှင့် ကာဂျစ္စတန်တို့၏ အာရှဖလားခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်သည် လုံခြုံရေးအခြေအနေကြောင့် ပျက် ပြယ်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ အိမ်ရှင်ပြုလုပ်မည့် ယခုခြေစစ်ပွဲတွင် ဧည့်သည်ကာဂျစ္စ တန်အသင်းအနေဖြင့် လုံခြုံရေး နှင့် ပတ်သက်ပြီး စိုးရိမ်မှုမဖြစ်ရန် ဂရုစိုက်ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးဘုန်းနိုင်ဇော်ကပြော သည်။


 ထို့အပြင် အာရှဘောလုံး အဖွဲ့ချုပ်(AFC)က အဆိုပါ ခြေစစ်ပွဲအတွက် လုံခြုံရေးတာဝန်ခံ တစ်ဦး စေလွှတ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံနှင့် ကာဂျစ္စတန်အသင်း၏ အာရှ ဖလားခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ် သည်။

‘‘ကာဂျစ္စတန်နဲ့ပွဲကို လုံခြုံ ရေးကတော့ အရင်ထက်ပိုပြီး တော့ ဂရုစိုက်လုပ်သွားမှာပါ။ အာရှဘောလုံးအဖွဲ့ချုပ်ကနေ လည်း အိမ်ရှင်အသင်းနဲ့ လုံခြုံ ရေးနဲ့ ပတ်သက်ပြီး စီစဉ်ထား တာတွေကို ကြိုပြီးလာစစ်ဆေး တဲ့အနေနဲ့ လုံခြုံရေးတာဝန်ခံတစ် ဦးလည်း စေလွှတ်မှာပါ။ အရင် လည်း အရေးကြီးတဲ့ပွဲတွေဆို ဒီ လိုမျိုး စေလွှတ်တာမျိုးတွေတော့ ရှိပါတယ်’’ ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာအသင်း ပါဝင်သည့် ၂၀၁၉ အာရှဖလား တတိယအ ဆင့်ခြေစစ်ပွဲ အုပ်စု(က) တွင် အိန္ဒိယအသင်းက သုံးပွဲကစား သုံးပွဲနိုင် ရမှတ်ကိုးမှတ်ဖြင့် အုပ်စု ကို ဦးဆောင်နေသည်။ မြန်မာနှင့် ကာဂျစ္စတန်အသင်းတို့သည် နှစ် ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရ လဒ်ဖြင့် သုံးမှတ်စီတူညီနေသော် လည်း ဂိုးကွာခြားချက် အသာရရှိ ထားသည့် မြန်မာအသင်းက ဒုတိ ယ၊ ကာဂျစ္စတန်အသင်းက တတိ ယနေရာ၌ အသီးသီးရပ်တည်နေ သည်။ မကာအိုအသင်းက ရမှတ် မရရှိသေးဘဲ အုပ်စုအောက်ဆုံး၌ ရပ်တည်နေသည်။

 မြန်မာအသင်းအနေဖြင့် အာရှဖလား ခြေစစ်ပွဲတွင် အခြေအနေကောင်းရန် ကာဂျစ္စတန်အ သင်းနှင့် ပွဲတွင် အနိုင်ရရှိရန် လို အပ်နေပြီး အိမ်ကွင်း၌ အနိုင်သေချာရန် ပြင်ဆင်ထားကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားထားသည်။ ကာဂျစ္စ တန်အသင်းနှင့်မတိုင်မီ ပြင်ဆင် မှုအဖြစ် မြန်မာအသင်းသည် အောက်တိုဘာ ၅ ရက်က မန္တလေးမြို့၌ အာဆီယံထိပ်သီး ထိုင်းအသင်းနှင့် ခြေစမ်းခဲ့ရာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာနှင့် ကာဂျစ္စတန်အ သင်းတို့ ပွဲစဉ်ကို ကွင်းဝင်ကြေး ရိုးရိုးတန်း ကျပ် ၁,၀၀၀၊ ကျပ် ၂,၀၀၀ နှင့် အထူးတန်း ကျပ် ၃,၀၀၀ သတ်မှတ်ထားပြီး မြန်မာ့ ရုပ်မြင်သံကြား (MRTV) နှင့် For Sports ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။

Top News