ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ စစ်ကိုင်းမြို့တွင် ပြုလုပ်

ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်မှုများနှင့်ပတ် သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို စစ်ကိုင်းမြို့တွင် အောက်တိုဘာ ၈ ရက်က ပြုလုပ် ခဲ့သည်။

အဆိုပါ ထောက်ခံပွဲကို စစ် ကိုင်းတိုင်း ကျောက်မျက်လုပ်ငန်း ရှင်များအသင်းနှင့် စစ်ကိုင်းမြို့ တော် ဖွံ့ဖြိုးတိုးတက်ရေးအသင်း တို့ ဦးဆောင်ပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ လူဦးရေ ၂,၀၀၀ ခန့်က တကောင်း ရပ်ကွက်ရှိ ကျောက်မျက်ရုံး၌ စု ဝေးကာ မြို့အတွင်း စီတန်းလှည့် လည်ခဲ့ခြင်းဖြစ်သည်။

‘‘နိုင်ငံချစ်တဲ့ ပုဂ္ဂိုလ်၊ ပြည် သူကို လေးစားတဲ့ပုဂ္ဂိုလ်၊ လူ့အ ခွင့်အရေးကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ် အဲဒီအချက်တွေရှိနေတဲ့ လူထုခေါင်းဆောင်နဲ့ တစ်သား တည်းရှိကြောင်း ပြုလုပ်တာ။ ပြည်ပမီဒီယာတွေရဲ့ ရေးသား ချက်တွေကို ဖတ်ရှုပြီး ပြောဆိုနေ ကြတာတွေကို မကြိုက်ဘူး။ အ ခင်းဖြစ်ပွားရာနေရာတွေကို လာ ကြည့်ပြီး မျက်မြင်တွေ့ရှိပြီးမှ သုံး သပ်ကြပါလို့ ပြောချင်တယ်’’ဟု ဦးဆောင်သူ စစ်ကိုင်း ကျောက် မျက်လုပ်ငန်းရှင်များအသင်းမှ ဦးအောင်ကြီးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်  ထောက်ခံပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်းတွင်လည်း အောက်တို ဘာ ၇ ရက်က မန္တလေးတိုင်းအစိုးရ အဖွဲ့အပါအ၀င် လူဦးရေ ၅,၀၀၀ခန့်က ပြုလုပ်ခဲ့ပြီး ပြင်ဦးလွင်မြို့ တွင်လည်း  ယနေ့ အောက်တိုဘာ၉ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အကြမ်းဖက်မှု ရှုတ်ချပွဲကို မိတ္ထီ လာမြို့၌ စက်တင်ဘာ ၂၈ရက်က ပြုလုပ်ခဲ့သည်။

ထို့အပြင် မန္တလေးမြို့၌ ဆရာတော် ဦးဝီရသူ အပါအ၀င် လူဦးရေ ၃,၀၀၀ ခန့် ပါဝင်သော ပြည်ပစွက်ဖက်မှုများနှင့် အစွန်း ရောက်အကြမ်းဖက်မှုများ ဆန့် ကျင်ရှုတ်ချပွဲကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည်။