‘Rush Hour 4’ ဇာတ်ကားရိုက်ဖို့စီစဉ်နေတဲ့ ဂျက်ကီချန်း

 ဟောင်ကောင် မင်းသားကြီး ဂျက်ကီချန်းကRush Hour စတုတ္ထမြောက်ရုပ်ရှင် ဇာတ်ကားထွက်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

အသက် (၆၃)နှစ်အရွယ် ဂျက်ကီချန်းက ‘Rush Hour 4’ ရုပ်ရှင်ရိုက်ကူးရေး စတင်ဆောင် ရွက်နေကြောင်း ပြောကြားသည်။

Rush Hour 3 ဇာတ်ကား ထွက်ရှိပြီး ၁၀ နှစ်ကျော်မှသာ စတုတ္ထမြောက်ဇာတ်ကား ဖြန့်ချိ မည့်အစီအစဉ်  ပေါ်ပေါက်ခြင်း ဖြစ်သည်။

ဂျက်ကီချန်းနှင့်အတူ အမေ ရိကန်ဟာသသရုပ်ဆောင်ခရစ် တပ်ကာ အဓိကပါဝင်သရုပ် ဆောင်ခဲ့သော Rush Hour ဇာတ် ကားများသည် အောင်မြင်မှုရရှိ ပြီး  တစ်ကမ္ဘာလုံးတွင် ရုံတင်ငွေ ကန်ဒေါ်လာသန်း ၈၅၀ ကျော်ရရှိ သည်။

‘‘ဒီလေးကားမြောက်ဇာတ် ကားကတော့ အရင်ကဇာတ်လမ်း တွေနဲ့ မတူပါဘူး။ ကွဲပြားပါ တယ်။ ကျွန်တော်ကလည်း တူညီ တဲ့အရာတစ်ခုကို ထပ်ကာထပ်ကာ မလုပ်ချင်ပါဘူး’’ ဟု ဂျက်ကီချန်း က အဆိုပါဇာတ်ကား၏ ဇာတ် ညွှန်းအကြောင်းနှင့်ပတ်သက်၍ ပြောကြားသည်။

justjared