-->

အပိတ်ခံရတဲ့ ‘အော်တိုဘုရင်’ဇာတ်သိမ်းကို ထုတ်ပြောတဲ့ ဇာဂနာ

 ‘အော်တိုဘုရင်’ ရုပ်ရှင် ဇာတ်ကား ရုံတင်ပြသနိုင်ရန် ဆင် ဆာအကြိမ် ၂၀ ခန့်ပြန်တင်ရပြီး ဇာတ်သိမ်းကိုလည်း ပြောင်းလဲ ပေးခဲ့ရကြောင်း ယင်းဇာတ်ကား ၏ အဓိကသရုပ်ဆောင် ဇာဂနာ က ပြောသည်။

‘‘ဇာတ်သိမ်းက ခေတ်အ ဆက်ဆက် ပေါက်ကျိုင်းက မြန်မာပြည်မှာ ဒီလိုပဲ ပေါ်ပေါက်လာဦး မယ်။ ဘုရင်ရူး ကြောင်တောင် တောင်၊ ဘာမှစာမတတ်၊ ပေ မတတ်နဲ့ ဘုရင်ဖြစ်မယ်ဆိုပြီး နေ ပြည်တော်ရဲ့ လွှတ်တော်ကြီးရှေ့ ကို ပေါက်ကျိုင်းထပ်ရောက်လာ တဲ့ပုံစံ ဇာတ်သိမ်းထားတာ။ မရ ဘူး။ အဲဒါ အပိတ်ခံလိုက်ရတယ်။ ဇာတ်သိမ်းပြန်ရိုက်လိုက်ရတယ်’’ ဟု ဇာဂနာက ပြောသည်။

ယင်းဇာတ်ကားတွင် ဇာဂနာက အရူးဘုရင် ပေါက်ကျိုင်းအ ဖြစ် သရုပ်ဆောင်ထားပြီး နဂါးမင်းသားအဖြစ် ကျော်ကျော်ဗိုနှင့် မိဖုရားအဖြစ် အိချောပိုတို့က ပါဝင်သရုပ်ဆောင်ထားသည်။

‘‘ဒီကားက ပထမဆုံး စတူ ဒီယိုထဲမှာ ရိုက်တဲ့ကား။ မြန်မာ့ ရုပ်ရှင်တော်တော်များများက အိမ်တွေငှားပြီး ရိုက်တာ။ ဒီဇာတ်ကား က တပ်ကုန်းမှာရှိတဲ့ မြန်မာ့ရုပ် မြင်သံကြား စတူဒီယိုထဲမှာ ဆက် တင်ဆောက်ပြီး ရိုက်တာ’’ဟု ဇာဂနာက ပြောသည်။

ခရိုမာများဖောက်၍ ရိုက် ကူးခြင်းဖြစ်သောကြောင့် ၁၀ ပေ ခန့်နေရာ၌ သရုပ်ဆောင်ရသဖြင့်စိတ်ကျဉ်းကျပ်ကြောင်း ရိုက်ကူးရေးနှင့်ပတ်သက်သည့် အမှတ်တရကို ၎င်းက ပြောသည်။

ဇာဂနာအား ရုပ်ရှင်ရိုက်ကူး ခွင့်ကို ၂၀၀၅ ကတည်းက ပိတ် သိမ်းခဲ့သောကြောင့် အော်တိုဘုရင်ရုပ်ရှင်သည် ၎င်းအတွက် ၁၂ နှစ်အတွင်း ပိတ်ကားပေါ်သို့ ပထမဆုံးပြန်လည်ရောက်ရှိ သည့်ဇာတ်ကားဖြစ်သည်။

ပေါက်ကျိုင်းဇာတ်လမ်းအ နေဖြင့် ခေတ်သစ်ပေါက်ကျိုင်း ဇာတ်ကားကို ဗီဒီယိုခေတ်တွင် မော့စ်နှင့် ရိုက်ကူးခဲ့ဖူးပြီး ထိုစဉ် က ယင်းဇာတ်ကားရိုက်ကူးမှုနှင့် ပတ်သက်၍ SB ၏ ခေါ်ယူစစ်ဆေးမှုခံရကြောင်း ဒါရိုက်တာညီညီ ထွန်းလွင်က ပြောသည်။

‘‘အခုခေတ်စနစ်ကို သရော် ထားတာတွေ အများကြီးပါပါ တယ်။ ရိုက်ထားတာ သုံးနှစ် လောက်ကြာပေမယ့် ဒီဇာတ်ကား က ရာဇဝင်အူပေါက်ဆိုတော့ လိုင်စင်ရှိတယ်။ ဘာပဲပြောပြော ပြော ပိုင်ခွင့်ရှိတယ်။ ပါးစပ်ရာဇဝင်ဖြစ် နေတဲ့အတွက် ရိုက်ရတာ လွတ် လပ်တယ်’’ဟု ဒါရိုက်တာ ညီညီ ထွန်းလွင်က ပြောသည်။

ယင်းဇာတ်ကားသည် ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး သည့် ပထမဆုံးဇာတ်ကားဖြစ်ပြီး ရုံတင်ချိန်တွင်လည်း ပလ္လင်ကိုရုပ်ရှင်ရုံများ၌ အမှတ်တရဓာတ်ပုံ ရိုက်ကူးနိုင်ရန်   ထားရှိမည်ဟု ထုတ်လုပ်သူကိုဘိုစန်းက    ပြော သည်။

Top News