ရဲဟန်ဆောင်ပြီး လက်ထိတ်ခတ်၍ သားမယားပြုကျင့်သူကို ပုဒ်မသုံးခုဖြင့် အရေးယူ

မန္တလေးမြို့တွင် ဆိုင် ကယ်ဆီပြတ်၍ တစ်ဦးတည်းဓာတ်ဆီဆိုင်ရှာနေသော အမျိုးသမီး ကို ရဲဟန်ဆောင်ပြီး ဖမ်းဆီး ခေါ် ဆောင်ကာ  လက်ထိတ်ခတ်၍ သားမယားပြုကျင့်ခဲ့သူကို ပုဒ်မ သုံးခုဖြင့် အရေးယူထားသည်။

စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က သမီးနှင့် ခင်ပွန်း တို့နှင့်အတူ ဆိုင်ကယ်ဖြင့် ပြန်လာစဉ်အသက် (၂၁) နှစ်အရွယ် အမျိုးသမီးသည် ခင်ပွန်းနှင့် သမီးတို့ကို လမ်းတွင် ခေတ္တထားကာ ဆီလိုက်ဝယ်စဉ် ဖြစ်ပွားခဲ့သည်။

၃၆ လမ်းအရောက်တွင် ဆိုင် ကယ်နှင့် အမျိုးသားနှစ်ဦးရောက် လာပြီး အမျိုးသမီးကို လက်ထိတ် ခတ်ကာ ရဲစခန်းရောက်မှသာဖြေ ရှင်းမည်ဟု ပြောဆိုခေါ်ဆောင် ခဲ့ကြောင်း အမရပူရမြို့နယ် ရဲ တပ်ဖွဲ့စခန်းမှ ဒုရဲမှူးမိုးသူရိန်က ပြောသည်။

‘‘ဘာအပြစ်ရှိလို့လဲ’’ ဟု မေး ရာ အမျိုးသားနှစ်ဦးက ‘‘လျှာမရှည်နဲ့ စခန်းရောက်မှ ရှင်းမယ်’’ ဟု ပြောဆိုကာ မဟာအောင်မြေမြို့မ ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရဲစခန်းရှေ့အရောက် အမျိုး သမီးကို လူငယ်တစ်ဦးနှင့်အတူ ထားခဲ့ကာ ကျန်လူငယ်တစ်ဦးက ရဲစခန်းဝင်းအတွင်သို့ ဝင်သွားပြီး ခဏအကြာ အဆိုပါလူငယ် ပြန်ထွက်လာပြီး ‘‘ဆရာတို့မရှိဘူး ပတ်ကင်းလှည့်သွားတာနေမှာ’’ ဟု ပြောဆိုကာ ဆိုင်ကယ်ဖြင့် ဆက်လက်ထွက်ခွာခဲ့သည်။

မန်းမြို့ဈေးအကျော် ၈၄× ၄၀ လမ်းဆုံအရောက် ဆိုင်ကယ်မောင်းသူက ဆိုင်ကယ်နောက်မှ ပါလာသူ လူငယ်ကို ဆင်းခိုင်းပြီး အမျိုးသမီးကို ဆက်လက်ခေါ် ဆောင်သွားကာ အမရပူရမြို့ နယ် ရွှေကြက်ယက်ရွာအနီး ဝါး ရုံတော၌ လက်ထိတ်ခတ်လျက် သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ထို့နောက်ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် မဟာမုနိ ဘုရားကြီးအရှေ့ဘက်မုခ် အ ရောက် ဆိုင်ကယ်ဆီပြတ်သဖြင့် အမျိုးသမီးကို လက်ထိတ်ဖြုတ်၍ ထားခဲ့ကြောင်း ဖော်ပြထားသည်။

‘‘တရားခံက တစ်ယောက်ကို မိထားတယ်။ သူကရဲအယောင် ဆောင်တာပါ။ ရဲအစစ်လည်းမ ဟုတ်ပါဘူး။ အဲဒီလက်ထိတ်ကို မိန်းမလျာတစ်ဦးဆီက ရတယ်လို့ သိရတယ်။ သူ့ကိုလည်းရှာဖွေနေ ပါတယ်’’ ဟု ဒုရဲမှူးမိုးသူရိန်က ပြောသည်။

သားမယားပြုကျင့်ခံရသည့် အမျိုးသမီးသည် ခင်ပွန်းထံသို့ ဆက်သွယ်၍ ခင်ပွန်းနှင့်အတူ မဟာအောင်မြေမြို့မ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ ရဲစခန်းက အမှုကို အမရပူရမြို့မ ရဲစခန်းသို့ သွားရောက်တိုင်ကြား ရန် လမ်းညွှန်သဖြင့် ကာယကံရှင် ကိုယ်တိုင်  ပြစ်မှုကျူးလွန်သူကို လိုက်လံရှာဖွေနေသောကြောင့် စက်တင်ဘာ ၃၀ ရက်မှသာ ရဲစခန်းသို့  လာရောက်တိုင်တန်းခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်သည်။

သို့ဖြစ်ရာ အမရပူရမြို့မရဲစ ခန်း (ပ) ၃၃၈/ ၂၀၁၇၊ ရာဇသတ် ကြီးပုဒ် ၃၇၆/၃၄၂ မုဒိမ်းမှု/ မ တရားချုပ်နှောင်မှုဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့ကရှာဖွေစုံစမ်းခဲ့ ရာ ချမ်းမြသာစည်မြို့နယ် သိပ္ပံ လမ်း ဘိုးဘိုးကြီးနတ်နန်းအနီး အောက်တိုဘာ ၇ ရက် ည ၈ နာရီ တွင် ကျူးလွန်သူဟု သံသယရှိ တရားခံ အောင်ကျော်မြင့်ကို ရည်းစားနှင့်အတူချိန်းတွေ့နေစဉ် ဖမ်းဆီးမိခဲ့သည်။

၎င်းအမျိုးသားထံမှ ခါးတွင် ရဲတပ်ဖွဲ့သုံး ရဲတံဆိပ်ပါခါးပတ် တစ်ချောင်းနှင့် လက်ထိတ်တစ်ခု တို့ကို သိမ်းဆည်းရမိပြီး စစ် ဆေးရာ ၎င်းသည် စက်တင်ဘာ ၂၃ ရက် ညက အမျိုးသမီးတစ်ဦး ကို သားမယားအဖြစ်ပြုကျင့်ခဲ့ သည်မှာ  မှန်ကန်ကြောင်းဝန်ခံခဲ့ သည်။

ပြစ်မှုကျူးလွန်သူအမျိုးသား ကို အမရပူရမြို့မရဲတပ်ဖွဲ့စခန်း တွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ သားမယားပြုကျင့်မှု၊ ပုဒ်မ ၃၄၂ မတရားချုပ်နှောင်မှု၊ ပုဒ်မ ၁၇၀ ပြည်သူ့ဝန်ထမ်းအယောင်ဆောင် မှုတို့ဖြင့် အမှုဖွင့်ထားပြီး ကျန်တစ် ဦးကို ရှာဖွေနေသည်။