-->

အောင်လံဗွက်ကြီးချောင်းအတွင်း အမျိုးသားတစ်ဦး၏အလောင်းတွေ့ရှိ

အမည်မသိအမျိုး သားတစ်ဦး၏ အလောင်းကို မကွေးတိုင်း အောင်လံမြို့နယ် ဗွက်ကြီးချောင်းအတွင်း သဲခုံပေါ် တွင် အောက်တိုဘာ ၇ ရက်ညနေ က တွေ့ရှိခဲ့သည်။

ဗွက်ကြီးချောင်းနံဘေးရှိ ယာခင်းအတွင်း လုပ်ကိုင်နေသူ တစ်ဦးက အပုပ်နံ့ရရှိသဖြင့်လိုက် လံရှာဖွေရာ ချောင်းအတွင်းသဲ ခုံပေါ်တွင် မှောက်လျက်အနေအ ထားဖြင့် ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း ကျောက်ပန်း တောင်းနယ်မြေ ရဲတပ်ဖွဲ့စခန်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

‘‘သပြေပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ သေ ဆုံးသူက အောက်ပိုင်းဘာမှမပါ ဘူး။ အစိမ်းရောင်၊ အ၀ါရောင်နဲ့ အဖြူတွေကြားထားတဲ့ တီရှပ် အင်္ကျီကိုဝတ်ထားတာ စစ်ဆေး တွေ့ရှိရတယ်။ ပြင်ပဒဏ်ရာ တော့ မရှိဘူး။ ရေနစ်သေဆုံး တယ်လို့ယူဆရတဲ့လက္ခဏာတွေ တော့ တွေ့ပါတယ်’’ ဟု အောင် လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိ သူတစ်ဦးက ပြောသည်။

အသေးစိတ်သိရှိနိုင်ရန် ယင်းရုပ်အလောင်းကို အောင်လံ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးနေပြီး သေဆုံးသူမည် သူမည်ဝါဖြစ်ကြောင်း သိရှိနိုင် ရေး သေမှုသေခင်းဖွင့်လှစ်စစ် ဆေးဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။

Top News