ကထိန်ပွဲပြုလုပ်သည့် ဘုန်းတော်ကြီးကျောင်း ရက်မများကျိုးကျသဖြင့် လူ ၁၉ ဦး ဆေးရုံရောက်

ကွင်းကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် ပြု လုပ်သည့် အလှူပွဲ၌ ကျောင်းရက်မတန်းများ ကျိုးကျသဖြင့် ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးအား မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၈ ရက် နေ့ လယ် ၂ နာရီခန့်က ကွင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ပြု လုပ်သော ကထိန်အလှူပွဲတရား နာအပြီး လာရောက်သူများအပြန် တွင် ဖြစ်ပွားခဲ့ကြောင်း ကွင်းကျေး ရွာဒေသခံ ကိုနိုင်လင်းဦးက ပြော ကြားသည်။

‘‘ပရိသတ်ကလည်း များ တယ်လေ။ ဒီတော့ နှစ်ထပ် ကျောင်းကြီးအပေါ်ထပ်မှာ တရား နာတာ။ ပြီးတော့ ပရိသတ်က အောက်ကို ပြန်အဆင်းမှာ ရက်မတန်းကြီးကျိုးကျတာ လူ ၅၀ လောက်ကို အောက်ကိုပြုတ်ကျ တာပါ။ အဲဒီထဲက ၁၉ ဦးကို အခု မကွေးတိုင်းဆေးရုံကိုပို့နေပြီ’’ဟု ၎င်းက ပြောသည်။

ကျောင်းခြေရင်း လှေကား ခန်းတွင် အောက်ဆင်းရန် လူများ စုပြုံနေခိုက် ယင်းလှေကားခန်း အပါအဝင် အခန်းနှစ်ခန်းကြမ်း ခင်း ရက်မတန်းများ ကျိုးကျသောကြောင့် ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရ ရှိသူများရခြင်းဖြစ်ကြောင်း ကိုနိုင်လင်းဦးက ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများတွင် သက်ကြီးပိုင်းအရွယ်အများစုဖြစ် ပြီး ကိုယ်လက်နာကျင်မှုများ ဖြစ် ပေါ်နေသောကြောင့် မကွေးဆေး ရုံသို့ တင်ပို့ရခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

အဆိုပါ ဘုန်းတော်ကြီး ကျောင်းသည် နှစ်ထပ်အုတ်ညှပ် ကျောင်းဆောင်ဖြစ်ပြီး တည် ဆောက်ထားသည်မှာ မကြာသေး ကြောင်း၊ အောက်ခံ ရက်မတန်း များအနက် သံဖြင့်သာရိုက်ထား သည့် ရက်မတန်းအချို့ ကျိုးကျ ခဲ့ကြောင်း ကွင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။