နိုင်ငံရေးခေါင်းဆောင်မှုနှင့် ပြည်သူတို့တာဝန်

ယခုရက်ပိုင်းအတွင်း တိုင်းနှင့် ပြည်နယ်များတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ထောက်ခံပွဲများ ကျင်းပနေသည်ကို တွေ့ရသည်။ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ် ကိုင်း၊ တောင်ကြီး၊ ပုသိမ်စသည် ဖြင့် ကျင်းပခဲ့၏။ ဒေါ်အောင်ဆန်း စုကြည်ကို လူထုခေါင်းဆောင်အ ဖြစ် လွန်ခဲ့သော ၂ နှစ်ကပင် ဝိုင်း ဝန်းထောက်ခံခဲ့ကာ သူမ၏ပါတီ ကို လွှတ်တော်ထဲ ပို့ဆောင်ခဲ့ပြီး အစိုးရအဖွဲ့ကိုလည်း ဦးဆောင် စေခဲ့သည်။

ယခု ၂ နှစ်အကြာတွင် ထောက်ခံပွဲပြန်လည်ကျင်းပနေရ ခြင်းမှာ အဘယ်ကြောင့်နည်း။ အ ဖြေက ရှင်းသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂါလီအကြမ်းဖက် သမားအရေးကို ကိုင်တွယ်ဖြေ ရှင်းရာတွင် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံကြီးအချို့က အစိုးရအပေါ်  ရှုတ်ချပြောဆိုလာ၍ လူထုက ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆောင်သော အစိုးရနှင့်အတူ ရှိ နေကြောင်း ကမ္ဘာကို ပြခြင်းပင် ဖြစ်သည်။

  လူထုထောက်ခံပွဲများ တွင် အလွှာစုံပါဝင်ပြီး ထောင်နှင့် ချီကာ မိုးရွာ နေပူမရှောင်တက် ရောက်ကြသည်။ ထောက်ခံပွဲ သတင်းများကို ဖတ်ရှုရင်း ကျွန် တော်စဉ်းစားမိသည်က ရခိုင်ပြည် နယ် စစ်တွေမြို့တွင်ကော ဒေါ် အောင်ဆန်းစုကြည်ထောက်ခံပွဲ ဘာကြောင့် မကျင်းပရသနည်းဟူ သောအကြောင်းဖြစ်သည်။

   လွန်ခဲ့သော ၂၀၁၂ က ရခိုင် ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခမှ အဓိကရုဏ်းဖြစ်ပွား ကာ လူ ၂၀၀ ကျော်ခန့် သေဆုံးခဲ့ ရပြီး စည်းစိမ်ဥစ္စာများစွာဆုံးရှုံးခဲ့ ရသည်။ ထိုပဋိပက္ခသည် မိတ္ထီ လာ၊ လားရှိုးနှင့် ပဲခူးတိုင်းအ နောက်ခြမ်းအထိ ကူးစက်ခဲ့ပြီး အသက်အိုးအိမ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ရသည်။

    ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲဝင်ရန် ပြင်ဆင်နေချိန် တွင် အမျိုးသားရေးဝါဒီများ၏လှုံ့ ဆော်မှုဖြင့် ရခိုင်အရေးနှင့်ပတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က ရခိုင်တိုင်းရင်းသားများဘက်မှ မလိုက်ဘဲ နှုတ်ဆိတ်နေသည်၊ မွတ်စလင်လူမျိုးများဘက်လိုက် သည်ဟု စွပ်စွဲကာ ပြည်သူလူထု ထောက်ခံမှုကျဆင်းအောင် ပြု လုပ်ခဲ့ကြသည်။ ရခိုင်တိုင်းရင်း သားအချို့ကလည်း အမျိုးသား ရေးဝါဒီများ၏လှုံ့ဆော်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်လွဲခဲ့သည်။ ထိုဇာတ်လမ်း မှာ ရပ်တန့်မသွားခဲ့ဘဲ ရခိုင်ပြည် နယ်အရေးအတွက် ကိုဖီအာနန် ကော်မရှင်ဖွဲ့သည်ကိုပင် ရခိုင်ပါ တီအချို့နှင့် ရခိုင်လူထုက ကန့် ကွက်ခဲ့ကြသည်။ ယခု ကိုဖီအာ နန်ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာပြီး ကုလသမဂ္ဂနှင့် နိုင်ငံကြီးများက ထိုအစီရင်ခံစာ ကို လက်ခံကာ အစီရင်ခံစာအ တိုင်း ဖော်ဆောင်ရမည်ဟု ဝိုင်း ဝန်းထောက်ခံထားသည်ကိုပင် ကန့်ကွက်သူများက ရှိနေသေး သည်။

၂၀၁၂ ရခိုင်ပြည်နယ် ပဋိ ပက္ခနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်က ရခိုင်တိုင်းရင်း သားများဘက်မှ လိုက်ကာ ထင် မြင်ချက်မပေးသည့်အတွက် သူမ ကို ဝိုင်းဝန်းရှုတ်ချခဲ့ကြသည်။ ယခုဒေါ်အောင်ဆန်းစုကြည်က ARSAအကြမ်းဖက်သမားများကို အ ကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာကာ ချေမှုန်းစေခဲ့သည့် အတွက် ကမ္ဘာက လူမျိုးတုံးသတ်ဖြတ်သည်ဆိုကာ ဝိုင်းဝန်းပြစ်တင် ရှုတ်ချနေကြသည်။ ဒေါ်အောင် ဆန်းစုကြည်က မြန်မာပြည်သူများဘက်ကရှိနေသည်။ သူမ၏ ပန်းချီကား အောက်စ်ဖို့ဒ်တက္က သိုလ်၌ အဖြုတ်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်သူများဘက်က ရှိနေသည်။ သူမ ၏ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တစ် ခု ပြန်လည်သိမ်းဆည်းခံရသည်။ သူမကတော့ ဂရုစိုက်လိမ့်မည် မဟုတ်။ တိုင်းပြည်နှင့် လူမျိုးအ တွက် သူလုပ်စရာရှိသည်တို့ကို ဆက်လုပ်သွားလိမ့်မည်ဖြစ်၏။

ယခုတော့ အမျိုးသားရေး ဝါဒီတွေ နှုတ်ဆိတ်သွားကြပြီဖြစ် ၏။ သူတို့ပြောဖို့ အကြောင်းရှာနေ သောသူက တိုင်းပြည်နှင့် လူမျိုး ဘက်မှ မားမားမတ်မတ်ရပ်တည် နေသည့်အတွက် ပြောစရာအ ကြောင်းမရှိတော့။ သို့သော် ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ ပြည် သူများက We Stand With Daw Aung San Su Kyi လုပ်သကဲ့သို့ ဒေါ်စုဘက်မှ ရပ်တည်ဖို့ကိုတော့ သူတို့ဝန်လေးနေဆဲဖြစ်သည်။

ထိုအကြောင်းနှင့်ပတ်သက် ၍ တစ်ခါက ဖတ်ဖူးသည့်ဆရာ ဒဂုန်တာရာ၏ ‘နိုင်ငံရေးခေါင်း ဆောင်မှု ဘယ်လဲ’ ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို ပြန်သတိရ မိသည်။ ထိုဆောင်းပါးကို ဆရာ သည် ၁၉၅၀ ခုနှစ်ကျော်တစ်ဝိုက် က ကြေးမုံသတင်းစာတွင် ရေး သားခဲ့သည်။ ဆောင်းပါးရေးချိန် တွင် ပြည်တွင်းစစ်က အားကောင်း နေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှား မှုကလည်း အရှိန်မြင့်နေသည်။ နိုင်ငံရေးအခြေအနေက ဖဆပလ နှစ်ခြမ်း ကွဲလုကွဲမည့် အချိန်ဖြစ် ၏။

နိုင်ငံရေး အခြေအနေတစ် ရပ်ကို အကဲဖြတ်ရာတွင် ‘မည်သူ့ တွင် တာဝန်ရှိသနည်း’ ဟု စစ်ဆေး ရာ၌ အကျိုးအပြစ်နှစ်ခုစလုံးသည် ခေါင်းဆောင်မှု၌ တာဝန်ရှိသည် ဟု မြင်သည်ဟု ဆရာက ဆိုခဲ့ သည်။ သို့သော် ဆရာက ရာဇဝင် ဖန်တီးသူများသည် ခေါင်းဆောင် များမဟုတ်ဟုဆိုပြီး ရှေ့ဆောင် နိုင်ငံရေးပါတီတစ်ခုသည်လည်း ရာဇဝင်ဖန်တီးသူမဟုတ်ဟု ဆို သည်။ ရာဇဝင်ဖန်တီးသူများသည် ပြည်သူများသာ ဖြစ်သည်တဲ့။

ရှေ့ဆောင်နိုင်ငံရေးပါတီ သည် ပြည်သူ၏အစိတ်အပိုင်း တစ်ရပ်သာဖြစ်ပြီး ရာဇဝင်တစ် ခန်းပြောင်းလဲသော လှုပ်ရှားမှု၏ တိုက်ပွဲတွင်ကား ရှေ့က မားမား မတ်မတ်ရပ်ကာရှိသဖြင့် ‘တပ်ဦး ပါတီ’ နေရာက ပါဝင်စမြဲ ဖြစ် သည်။ သို့သော် ခေါင်းဆောင်မှု တစ်ရပ်သည် ပြည်သူလက်မခံ သည့်အခါ၌ လဲကျသက်ဆင်းရစ မြဲဖြစ်သည်။ ပြည်သူက လက်မခံ သည်ဟူရာ၌ ပြည်သူအား ကောင်းကျိုးမပြုနိုင်လျှင် ပြည်သူက လက်ခံမည်မဟုတ်ပေဟု ဆရာက ဆိုခဲ့သည်။

ဆရာ့ဆောင်းပါး၏နောက် ဆုံးအပိုဒ်ကတော့ ယနေ့ခေတ်နှင့် အံဝင်ခွင်ကျဖြစ်နေသည်။ ‘‘လူအ များ၏ဆန္ဒကို အသာတကြည်ရ ယူသော ဒီမိုကရေစီဝါဒပြန့်ပွား သန်မာလာခြင်းသည် နိုင်ငံရေးအ ဆင့်အတန်းမြင့်လာခြင်းတစ်ရပ် ဖြစ်သည်။ အတင်းအဓမ္မလက် နက်ဝါဒလွှမ်းမိုးလာခြင်းသည် နိုင် ငံရေးအဆင့်အတန်းနိမ့်ကျလာ ခြင်းတစ်ရပ်ဖြစ်သည်။ ယနေ့အ

ခြေအနေတွင် ဒီမိုကရေစီအင် အားကောင်းလာအောင် လုပ် သော တာဝန်သည် နိုင်ငံရေးခေါင်း ဆောင်မှုတာဝန်ဖြစ်သည်။ ဤ တာဝန်ကို မည်သူတို့ထမ်းဆောင် ကြမည်နည်း’’ ဟု မေးခွန်းထုတ်ခဲ့ သည်။

အထက်ပါစာပိုဒ်ကို ယခု တစ်လော ဖေ့စ်ဘွတ်ခ်ပေါ်၌ ရခိုင် အရေး လက်ညှိုးထိုးကာ တပ်မ တော်ကို အာဏာသိမ်းပါတော့ဟု အခါတော်ပေးနေသည့် လူတစ်စု ကို ဖတ်စေချင်သည်။ ကိုယ့်တိုင်း ပြည်ကို နိုင်ငံရေးအဆင့်အတန်း မြင့်စေလိုသလား၊ နိုင်ငံရေးအ ဆင့်အတန်းနိမ့်စေချင်လား ကိုယ် တိုင်မေးခွန်းထုတ်သင့်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးသည် ဒီမိုကရေစီအား ကောင်းအောင် မောင်းနှင်နေရ သော ကျွန်တော်တို့နိုင်ငံအတွက် အနှောင့်အယှက်တစ်ခု ဖြစ် ကောင်းဖြစ်နေမည်။ သို့သော် ကျွန်တော်တို့ပြည်သူလူထုတစ် ရပ်လုံးက ထိုအခက်အခဲအဟန့် အတားကို ကျော်ဖြတ်နိုင်ရမည် ဖြစ်သည်။

ရာဇဝင်ကို ဖန်တီးသူများ သည် ခေါင်းဆောင်များမဟုတ်၊ ပြည်သူများသာဖြစ်သည်ကို မမေ့ သင့်ပါ။ ကျွန်တော်တို့ရာဇဝင်ကို ကောင်းအောင် ရေးဖို့ အားလုံး တွင် တာဝန်ရှိနေပြီဖြစ်သည်။ ဒီမို ကရေစီအားကောင်းအောင် လုပ် ဖို့ကတော့ နိုင်ငံရေးခေါင်းဆောင် မှုတာဝန်ဟုဆိုခဲ့သည်။ နိုင်ငံရေး ခေါင်းဆောင်မှု၏ နောက်တွင် စည်းလုံးညီညွတ်မှုရှိဖို့က အရေး ကြီးသည်။ စည်းလုံးညီညွတ်မှု မရှိလျှင် ခေါင်းဆောင်မှု မည်မျှ ကောင်းနေပါစေ ရှေ့လျှောက်ဖို့ လွယ်မည်မထင်ပါ။ ကြုံရဆုံရ သော သမိုင်းတစ်ကွေ့တွင် ရာဇ ဝင်ကောင်းများ ရေးထွင်းထားခဲ့ဖို့ မမေ့ကြစို့ဟု တိုက်တွန်းလိုက်ပါ သည်။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News