အောင်လံရှိ ပရဟိတဘုန်းကြီးကျောင်း၌ ကျပ်သိန်း ၃၀ခန့်ရှိ ငွေနှင့်ပစ္စည်းများ ခိုးယူခံရ

မကွေးတိုင်း အောင် လံမြို့နယ်ရှိ ပရဟိတဘုန်းတော် ကြီးသင်ပညာရေးကျောင်း၌ ကျပ် ၂၉ သိန်းကျော်တန်ဖိုးရှိ ငွေသား နှင့် ပစ္စည်းများခိုးယူခံရကြောင်း အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အောင်လံမြို့ စမ်းချောင်းရပ် ကွက် ဇေယျသုခဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ငွေသားနှင့်ပစ္စည်းများ   အောက်တိုဘာ ၇ ရက် ညက ခိုးယူခံရသည်။ 

ကျောင်းထိုင်ဆရာတော်က ၎င်းကျိန်းစက်ရာ ကျောင်းဆောင်အိပ် ရာနံဘေးတွင် ထားရှိသော အ ညိုရောင်အိတ်အတွင်းထည့်ထား သည့် ငွေသားရောရာ ကျပ်သိန်း၂၀နှင့် အိတ်နံဘေးတွင် ထားရှိသည့် လက်ကိုင်ဖုန်းနှစ်လုံး၊  ကင်မရာတစ်လုံးစုစုပေါင်းကျပ် ၂၉ သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများပျောက်ဆုံးခဲ့သဖြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

‘‘ရပ်ကွက်အုပ်ချုပ်ရေးမှူး က ရဲစခန်းကို လာအကြောင်း ကြားတယ်။ အခုတော့ ခိုးမှုနဲ့အမှု ဖွင့်ထားပြီး စစ်ဆေးနေပါတယ်’’ ဟု ၎င်းက ပြောသည်။ 

ဇေယျသုခဘုန်းတော်ကြီး သင်ပညာရေးကျောင်းသည် မိဘ မဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါး သည့်ကလေးများအား မူလတန်း မှ အထက်တန်းအထိ ပညာသင် ကြားပေးနေသော ကျောင်းဖြစ် သည်။ ကျောင်းတွင် နေထိုင်ပညာ သင်သော ကျောင်းသား၊ ကျောင်း သူ ၇၀ ကျော်ရှိကြောင်း အဆိုပါ ကျောင်းမှ ကျောင်းဆရာ ဦးဌေး မြင့်က ပြောသည်။  

အောင်လံမြို့နယ်ရဲစခန်းက ခိုးမှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းနေသည်။