အရာတော်မြို့နယ်ရှိ သနပ်ခါးခြံများ ဝယ်လိုအားမြင့်တက်နေ

ဖြစ်ထွန်းအောင်မြင်နေသော သနပ်ခါးပင်များ(ဓာတ်ပုံ-မျိုးမင်းဦး)

အရာတော်မြို့နယ် ကျောက် ကုန်းမြေများရှိ သနပ်ခါးစိုက်ပျိုး ရေးခြံများကို ဝယ်လိုအားများပြီး ရောင်းလိုအားနည်းလာကြောင်း ဒေသခံသနပ်ခါးစိုက်တောင်သူ များက ပြောသည်။

အရာတော်မြို့နယ်အတွင်း ရှိ ကျောက်ကုန်းမြေများတွင် ယခု နှစ်အတွင်း ဈေးကွက်ဝင်သနပ်ခါး စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာပြီးနောက်ပိုင်း သနပ် ခါးစိုက်ပျိုးရေးခြံ ဈေးကွက်တွင် ဝယ်လိုအားများပြီး ရောင်းချသူမ ရှိသလောက် နည်းပါးကြောင်း အရာတော်မြို့နယ် ဇီးပင်လယ် ကျေးရွာမှ သနပ်ခါးစိုက် တောင် သူဦးစိန်မင်းက ပြောသည်။


  ‘‘သနပ်ခါးခြံက ၁၀ နှစ် သားဆိုရင် တစ်ဧကကျပ်သိန်း တစ်ရာခန့် ဝင်ငွေရှိတယ်။ တောင် သူလုပ်ငန်းက တစ်နှစ်နေလို့  ဝင် ငွေရဖို့မလွယ်ဘူး။ ကျောက်ကုန်း မြေယာမြေဆိုတော့ တခြားသီးနှံ ကလည်း  စိုက်လို့မရဘူးလေ။ သနပ်ခါးပင်ကြားမှာ မြေပဲ၊ မတ် ပဲ၊ ခရမ်းချဉ်သီးတွေ သီးညှပ်စိုက် တဲ့ ဝင်ငွေကရှိသေးတာဆိုတော့ တောင်သူ လုပ်ငန်းတွက် ဝင်ငွေ ရတယ်။ ဆယ်နှစ်ရင်းနှီးထားတဲ့ သနပ်ခါးပင်က ရတဲ့ငွေက အမြတ် ပဲ။  ဒါကြောင့်  သနပ်ခါးခြံတွေ ဝယ်ချင်တဲ့သူသာရှိတာ။ ရောင်း မယ့်သူမရှိတော့ဘူး’’ ဟု ၎င်းက ပြောသည်။

အဆိုပါမြို့နယ် အတွင်းရှိ ကျောက်ကုန်းမြေများတွင်လွန်ခဲ့ သော ၁၀ နှစ်ခန့်က သနပ်ခါးစိုက် ပျိုးမြေ တစ်ဧကလျှင် ကျပ်ငါး သိန်းမှ ၁၀ သိန်းခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် သနပ်ခါးစိုက်ပျိုးခြင်း မရှိသေးသော  မြေလွတ်တစ်ဧက လျှင် ကျပ်သိန်း ၃၀ မှ သိန်း ၄၀ ခန့်ရှိပြီး သနပ်ခါးစိုက်ပျိုးပြီး မြေတစ်ဧကလျှင် ကျပ်သိန်း ၅၀ မှ သိန်း ၇၀ ခန့်အထိ ရှိကြောင်း ဦးစိန်မင်းက ပြောသည်။

ဒေသခံသနပ်ခါးစိုက်တောင် သူတစ်ဦးက ‘‘အရင်တုန်းကတော့ ကျောက်ကုန်းတွေမှာ သနပ်ခါးက အလေ့ကျပေါက်တာ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ကျောက်ကုန်း မြေဆိုရင် ဝယ်မယ့်သူတောင်မရှိ ဘူး။ သနပ်ခါးခြံတွေစိုက်လိုက်မှ ဈေးတက်သွားတာ’’ ဟု ပြော သည်။

အရာတော်မြို့နယ်အတွင်း ရှိ အရာတော်- ထီးဆောင်းလမ်းမ ဝဲယာရှိ သနပ်ခါးစိုက်ပျိုးရေး ခြံ တစ်ဧကလျှင် ကျပ်သန်းတစ်ရာ မှ ကျပ်သန်းနှစ်ရာကျော်အထိ အ ရောင်းအဝယ်ဖြစ်ခဲ့ပြီး မုံရွာ- အ ရာတော်- ရွာသာကြီး လမ်းဘေး ဝဲယာရှိ သနပ်ခါးစိုက်ပျိုးရေးခြံ တစ်ဧကလျှင်နေရာနှင့် မြေပြင်အ နေ အထားပေါ် မူတည်၍ ကျပ် သိန်းတစ်ရာမှ သိန်းသုံးရာခန့်အ ထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံသနပ်ခါးစိုက် တောင်သူ များက ဆိုသည်။