ဆိုင်ကယ်တိုက်မိဟန်ဆောင်၍ ဆွဲကြိုးဖြတ်ပြေးသူ နှစ်ဦးကို ရပ်ကွက်နေသူများ ၀ိုင်းဝန်းဖမ်းဆီး

ဆိုင်ကယ်ချင်း မတော် တဆတိုက်မိချင်ဟန်ဆောင်၍ ဆွဲကြိုးဖြတ်ပြေးသည့် အမျိုး သားနှစ်ဦးကို ရဲတပ်ဖွဲ့နှင့် ရပ် ကွက်နေပြည်သူများက ၀ိုင်းဝန်း ဖမ်းဆီးခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်တွင် နေထိုင်သည့် အသက် (၂၈)နှစ်အရွယ် မဌေး ဌေးသည် အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီခန့်က အလုပ်အ သစ်လျှောက်ရန် ဇေကမ္ဘာစက်မှု ဇုန်အတွင်းသို့ ကယ်ရီငှားသွားခဲ့ သည်။ 

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ စက်မှုဇုန်ဝင်း စွယ်တော်စီးတီးအ နောက်လမ်းတွင် မဌေးဌေးသည် ၎င်းအလုပ်လျှောက်မည့် ကော် စက်ရုံကို လိုက်လံရှာဖွေနေစဉ် အမျိုးသားနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်က ၎င်းတို့ဆိုင်ကယ် ကို နောက်မှဝင်တိုက်မိသဖြင့် ဆိုင်ကယ်လဲသွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

နောက်မှဝင်တိုက်ခဲ့သည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားနှစ်ဦး က ဆိုက်ကယ်စီးသင်နေခြင်းဖြစ် ကြောင်း ပြောဆိုပြီး တောင်းပန် သဖြင့် မဌေးဌေးတို့ ဆိုင်ကယ်ပေါ် ပြန်တက်စဉ် အမျိုးသားနှစ်ဦးက ဆွဲကြိုးလုကာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ထို့နောက် မဌေးဌေးနှင့် ကယ်ရီသမားတို့သည် ပတ်ဝန်း ကျင်ကို အော်ဟစ်အကူအညီ တောင်း၍ ဆိုင်ကယ်ဖြင့် နောက် မှလိုက်ရာ ရပ်ကွက်နေပြည်သူ များနှင့် လှည့်ကင်းတာဝန်ကျနေ သည့် ရဲတပ်ဖွဲ့များဝိုင်းဝန်းဖမ်း ဆီးသဖြင့် စွယ်တော်စီးတီးအိမ် ရာရှေ့တွင် ဆွဲကြိုးလုယူသွား သည့်အမျိုးသား နှစ်ဦးကို ဖမ်းမိ ခဲ့သည်။

မဌေးဌေးထံမှ ဆွဲကြိုးလုယူ သူနှစ်ဦးမှာ မြောက်ဥက္ကလာပမြို့ နယ်အတွင်း နေထိုင်သည့် (၂၉)နှစ်အရွယ် တင်မိုးဝင်းနှင့် မင်္ဂလာဒုံမြို့နယ်အတွင်းနေထိုင်သည့်(၂၁)နှစ်အရွယ် ဝေယံမြင့်တို့ဖြစ်ကြောင်းရဲ အရာရှိကပြောသည်။ 

တင်မိုးဝင်း လွယ်ထားသည့် ဘေးလွယ်အိတ်အသေးအတွင်းမှ ၎င်းတို့လုယူသွားသည့် ဆွဲကြိုးကိုပြန်လည်သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့နှစ်ဦးကို  မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့်ထားသည်။