ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ရန် UNA က ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေ

UNA ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သော UNFC ၏ Stakeholder Consultation's အစည်းအဝေးကို စက်တင်ဘာလကုန်ပိုင်းက ချင်းမိုင်တွင် ပြုလုပ်စဉ် (ဓာတ်ပုံ − NMG)

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်နေကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)အဖွဲ့ဝင်ပါတီများက ပြောသည်။


UNA အနေဖြင့် မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် အရပ်ဘက်အဖွဲ့များပါဝင် သည့် ဆွေးနွေးပွဲများကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ပြုလုပ် ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်ဆွေး နွေးမှုများ တစ်ကျော့ပြန်စတင်နိုင် ရန် စီစဉ်နေကြောင်း UNAအတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။

‘‘ငြိမ်းချမ်းရေးဆွေးနွေးတာ လည်း ရပ်တန့်တဲ့အနေအထား တစ်ခုကိုရောက်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို တော့ ပြန်လည်အကောင်အထည် ဖော်ဖို့အတွက် အစီအစဉ်ပေါ့’’ ဟု ဦးမျိုးကျော်က ကော်မတီနှင့် ပတ်သက်၍ ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်တင်၍ ပါဝင်ဆောင် ရွက်ရန် UNA ကိုညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ(UNFC)ဥက္ကဋ္ဌနိုင် ဟံသာက စက်တင်ဘာလကုန် တွင်ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သော Stakeholder Consul-tation အလုပ်ရုံဆွေးနွေးပွဲ၌တိုက်တွန်းပြောကြားထားသည်။

UNFCက ဦးဆောင်ကျင်းပ သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲ သို့ စည်းလုံးညီညွတ်သော တိုင်း ရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) မှ ကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့သည်။

လက်ရှိတွင် UNA နှင့်မိတ် ဖက်အဖွဲ့အစည်းများပါဝင်မည့် ဆွေးနွေးပွဲအတွက် ကိုယ်စား လှယ်များပါဝင်နိုင်ရန် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များအား အသိပေးပြောကြားကာ ဆွေးနွေးမှုများကျင်းပမည့်ပုံစံနှင့်  အကြောင်းအရာများကို ညှိနှိုင်း ထားကြောင်း UNA အတွင်းရေး မှူးအဖွဲ့ဝင်များက ပြောသည်။

‘‘ကျွန်တော်တို့က NCA ကို ပြန်သုံးသပ်မှာ မဟုတ်ဘူး။ ကျွန် တော်တို့ UNA ကိုယ်တိုင်ပါဝင် ပတ်သက်နေတဲ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ပြန်လည်သုံးသပ်မယ့် သဘောပါ’’ ဟု UNA ပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က ပြော သည်။ ၁၉၉၀ ရွေးကောက်ပွဲနိုင် တိုင်းရင်းသားပါတီခုနစ်ခုဖြင့် စ တင်ဖွဲ့စည်းသည့် UNA တွင် လက်ရှိအဖွဲ့ဝင်နိုင်ငံရေးပါတီ ၁၅ ခုရှိပြီး UNA နှင့်မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်း ၄၀ ခန့်ရှိသည်။

UNA အဖွဲ့ဝင်ပါတီများ သည် ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ မွန် အမျိုးသားပါတီ(MNP)၊ ဇိုမီးဒီမို ကရေစီအဖွဲ့ချုပ်(ZCD)၊ ကချင် ပြည်နယ်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်(KNCD)၊ ကယန်းအ မျိုးသားပါတီ(KNP)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ကရင်အမျိုးသားပါတီ (KNP)၊ရခိုင်မျိုးချစ်ပါတီ (APP)၊ မြို အမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ဓနုတိုင်းရင်းသားလူမျိုး များဒီမိုကရေစီပါတီ(DNDP)၊ ခူ မီ(ခမီး)အမျိုးသားပါတီ(KNP)၊  ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)၊ ချင်းတိုးတက်ရေးပါတီ(CPP)၊ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီ ညွတ်ရေးပါတီ(SNSP)တို့ ဖြစ် သည်။

Top News