-->

မန္တလေးဆေးရုံကြီးတွင် လူနာရှင်ကို ကြမ်းတမ်းစွာ ပြောဆိုခဲ့သည့် ဝန်ထမ်းနှစ်ဦးကို အရေးယူမည်

ဆေးရုံဘက်မှ လူနာရှင်ကို တောင်းပန်
မန္တလေးဆေးရုံကြီးရှိ အရေးပေါ်လူနာဆောင်ဝင်ပေါက်ကိုတွေ့ရစဉ်

မန္တလေးပြည်သူ့ဆေးရုံ ကြီးတွင် အသက်အန္တရာယ်စိုးရိမ် ရသည့်လူနာကို အမြန်ဆုံးဆေး ကုသပေးရန် ပြောဆိုရာက ဆေးရုံ ဝန်ထမ်းနှင့် လူနာရှင်တို့ စကား များရန်ဖြစ်ကြရာ  ကြမ်းတမ်းစွာ ပြောဆိုခဲ့သည့် ဧည့်ကြိုဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ဝန်ထမ်းစည်း ကမ်းအရ အရေးယူမည်ဟု ဆေးရုံ တာဝန်ရှိသူက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပု သိမ်ကြီးမြို့နယ် ကျောက်ထုတ် လုပ်ရေးစခန်းတစ်ခုတွင် ကျောက်တောင်ပေါ်မှ ပြုတ်ကျသည့် အ သက်(၂၅)နှစ်အရွယ် လူနာအမျိုး သားတစ်ဦး အောက်တိုဘာ ၈ ရက်ညက အရေးပေါ်လူနာဌာန သို့ ရောက်ရှိလာပြီး လူနာအား အမြန်ဆုံးကုသပေးရန် လူနာရှင် ဘက်က တောင်းဆိုရာ ဆေးရုံ ဧည့်ကြိုဝန်ထမ်းနှင့် လူနာရှင်တို့ နှစ်ဦးနှစ်ဖက် စကားများရန်ဖြစ်ခဲ့ ကြခြင်းဖြစ်သည်။

မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနရှေ့တွင် ဧည့်ကြိုအမျိုးသမီးနှစ်ဦးက လူနာ ရှင်များကို ကြမ်းတမ်းစွာပြောဆို နေပြီး လူနာရှင်နှစ်ဦးက လက် အုပ်ချီထိုင်ကန်တော့ကာ တောင်း ပန်နေသည့်    ရုပ်သံဖိုင်သည် အောက်တိုဘာ ၈ ရက်ညက လူမှုကွန်ရက်စာမျက်နှာ၌   ပျံ့နှံ့ခဲ့ပြီး နောက် ဧည့်ကြိုဝန်ထမ်းနှစ်ဦးကို အရေးယူမည်ဟု ဆေးရုံတာဝန်ရှိ သူက ပြောသည်။

‘‘ကျွန်တော်တို့ဘက်က လည်း မဖြစ်သင့်တဲ့အနေအထား ပေါ့။ ကောင်မလေးတွေကလည်း ငယ်သေးတော့ ဟိုဘက်က ရိုင်း ရိုင်းစိုင်းစိုင်းဆဲတာကို မခံနိုင်တာ ပေါ့။ ဘယ်ဘက်က မှားတာ၊ မှန် တာထက် အတိုင်းအတာတစ်ခု အထိ အရေးယူပါမယ်။ သူ့ရဲ့မိ သားစုဝင်တွေကိုတော့ တောင်းပန်လိုက်ပါပြီ’’ဟု ၎င်းက ပြော သည်။

ကျောက်တောင်ပေါ်မှ ပြုတ် ကျခဲ့သည့်လူနာသည် ရရှိသည့်ဒဏ်ရာများကြောင့် ဆေးရုံသို့ရောက်လာချိန်တွင် သေဆုံးနေပြီဟု ဆရာဝန်များက မှတ်ချက်ပြုထား သည်ဟု ၎င်းကပြောသည်။အဆိုပါဧည့်ကြိုဝန်ထမ်း အမျိုးသမီးများကို လွန်ခဲ့သည့်တစ်နှစ်ကျော်ကတည်းက ခန့်အပ်ထား ခဲ့သည်ဟု ဆိုသည်။

‘‘လူနာရောက်လာတဲ့အချိန် အရေးကြီးလို့ ဆရာဝန်တွေ ခေါ် ပေးပါပြောတော့ မအားသေးဘူး၊ ဒါဆို တွန်းလှည်းယူပေးပြော တော့ မရှိဘူးဆိုပြီး ဘောက်ဆတ် ဆတ်နဲ့ပြောတယ်။ အဲဒါနဲ့စိတ်ဆိုး ပြီး အော်လိုက်တယ်။ အဲဒီလိုပြော တော့ ဆေးရုံဘက်ကနေ နင်တို့ အဲဒီလိုပြောစရာမလိုဘူး။ နင်တို့နဲ့ တူသလား၊ တန်သလား ပြော တယ်။ သေတဲ့သူရဲ့အမေကြီးက လက်အုပ်ချီပြီးပြောတယ်။ သူ့ဦး လေးကတော့ ပြဿနာကို မဖြစ် ချင်တာနဲ့ ထိုင်ကန်တော့တာ။ အခု ကျွန်တော်တို့ဘက်ကလည်း ကျေနပ်ပါတယ်။ ဘာပြဿနာမှ မဖြစ်ချင်ပါဘူး’’ဟု သေဆုံးသူ၏ ဦးလေးဖြစ်သူ ဦးကျော်အေးက ပြောသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနတွင် ဧည့်ကြိုအမျိုးသမီးဝန်ထမ်း ၁၀ ဦးကို နေ့ စား၊ လပေးအဖြစ် ခန့်ထားသည် မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ် ကာ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့မှု ကြောင့် ဝန်ထမ်းများကို သင်တန်း ပေးသွားမည်ဟု ဆေးရုံတာဝန်ရှိ သူများက ပြောသည်။

အရေးပေါ်လူနာဌာနသို့ နေ့စဉ် လူနာ ၂၀၀နှင့်၃၀၀ကြား ရောက်ရှိပြီး၊ ဆရာဝန်၊ သူနာပြု နှင့် ၀န်ထမ်းအင်အား လိုအပ် လျက်ရှိသည်ဟုဆိုသည်။

အရေးပေါ်လူနာဌာနတွင် လူနာများပြည့်နေသည့်အတွက် ဆရာဝန်မှာ ချက်ချင်းမကြည့်ရှု ပေးနိုင်သော်လည်း လူနာရောက် ရှိလာလျှင် ငါးမိနစ်အတွင်း ကုသ ဆောင်ရွက်ပေးသည်ဟု ဆိုသည်။‘‘ဆေးရုံကြီးမှာတော့ ဒါမျိုး ဖြစ်တာမဆန်းပါဘူး။ နှုတ်ဖြင့် သော်လည်းကောင်း၊ စာဖြင့်သော် လည်းကောင်း တိုင်တန်းတော့ လည်း အရေးမယူဘူး။ ဒီလိုဖေ့စ် ဘွတ်ခ်မှာ တင်လိုက်မှ ဘာလုပ် မယ်၊ ညာလုပ်မယ်ဖြစ်တာ။ အဲဒီ ရုပ်သံဖိုင်ကြည့်လိုက်ရတော့ တ ကယ်ကိုလည်း စိတ်မကောင်းဖြစ် မိတယ်။ ဟိုဘက်မှာလည်း သူ့အ ပူနဲ့သူလေ။ ဒါကို ပြောဆိုနေလိုက် တာ အံ့သြမိတယ်’’ဟု မန္တလေး ဆေးရုံကြီးတွင် အသည်းရောဂါ ဖြင့် ဆေးဝါးကုသမှုခံယူဖူးသူတစ် ဦးက ပြောသည်။

မန္တလေးဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန် ထမ်းများလိုက်နာရန် စည်းကမ်း ချက်(၁၅)ချက်သတ်မှတ်ထားပြီး လူနာများကို နွေးထွေးစွာကြိုဆို ရန်၊ လူနာရှင်များ မသိရှိသည့်ကိစ္စ ရပ်များကို   ဆောင်ရွက်ပေးရန် စသည့်အချက်များပါဝင်သည်။

ဧည့်ကြိုဝန်ထမ်းနှစ်ဦးက လူနာရှင်များကို ကြမ်းတမ်းစွာ ပြောဆိုသည့် ရုပ်သံဖိုင် လူမှုကွန် ရက်တွင် ပျံ့နှံ့လာပြီးနောက် အောက်တိုဘာ ၉ ရက်၌ မန္တလေးဆေးရုံကြီးအတွင်း အစည်းအ ဝေးခေါ်ယူခဲ့ပြီး  ဝန်ထမ်းများကို သင်တန်းပေးရန်နှင့် ဆေးရုံအုပ် ကိုယ်တိုင်  အဆင့်ဆင့်တာဝန်ရှိ သူများကို ကြီးကြပ်ဆောင်ရွက် ရန် ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

More in Regional Section

Top News