မြန်မာမှု ဒီဇိုင်းပညာရှင် ဦးအေးမြင့်အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူမည်

 မြန်မာမှုဒီဇိုင်းပညာရှင် ဦးအေးမြင့်အား ဂုဏ်ပြုသည့်အ နေဖြင့် အမရပူရမြို့နယ်တောင် သမန်အင်းစောင်းရှိ တောင်လေး လုံးကျောင်းတိုက်တွင် အထိမ်းအ မှတ်ကျောက်စာတိုင် စိုက်ထူဂုဏ် ပြုရန် စီစဉ်နေကြောင်း ဦးအေး မြင့်၏ တပည့်ရင်း တမ္ပဝတီဦးဝင်း မောင်က ပြောသည်။

ဦးအေးမြင့်သည် ၁၉၇၂ နောက်ပိုင်း ထုတ်ဝေခဲ့သည့် ဗိုလ် ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများ ဖန်တီးရေးဆွဲခဲ့သည့်  မြန်မာမှု ဒီဇိုင်းပညာရှင်ဖြစ်သည်။

‘‘ဘယ်တော့လောက်လုပ် မယ်ဆိုတာ ဆရာ့ရဲ့မိသားစုနဲ့ တိုင်ပင်ရဦးမယ်။ တောင်လေး လုံးကျောင်းထဲမှာက မြန်မာနိုင်ငံ မှာနိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းနဲ့ပတ်သက်တဲ့ ထူးထူးချွန် ချွန် လုပ်ဆောင်သွားတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မှတ်တမ်းလုပ် ထားတယ်။ ဆရာဦးအေးမြင့်အ နေနဲ့ကလည်း မြန်မာ့ဒီဇိုင်းပိုင်း သမိုင်းမှာ ဆရာကြီးမပါလို့ မဖြစ် တဲ့ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အ တွက် အဲဒါကို ဂုဏ်ပြုတဲ့အနေနဲ့ စိုက်ထူမှာ’’ ဟု တမ္ပဝတီဦးဝင်း မောင်ကပြောသည်။

အထိမ်းအမှတ်ကျောက်စာ တိုင်တွင် ဦးအေးမြင့်လက်မှတ်နှင့် မိဘအမည်၊ မွေးသက္ကရာဇ်၊ ကွယ်လွန်သည့်ခုနှစ် အပါအဝင် ၎င်း၏ သမိုင်းအကျဉ်းဖော်ပြရန် စီစဉ်ထားသည်။

မြန်မာမှုဒီဇိုင်းပညာရှင် ဦး အေးမြင့်သည် အောက်တိုဘာ ၃ ရက်က အမရပူရမြို့ပန်းပဲတန်း ရပ် နေအိမ်တွင် ကွယ်လွန်ခဲ့ သည်။ ဦးအေးမြင့်ကို ၁၉၃၀ ဖေ ဖော်ဝါရီ ၂ ရက်က မန္တလေးမြို့ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၈) နှစ်ရှိပြီဖြစ်သည်။

ဦးအေးမြင့်သည် (၁၇) နှစ်အရွယ်မှ စတင်ကာ ပန်းချီပညာ သင်ယူခဲ့ပြီး    အိမ်တွင်းစက်မှု လက်မှုဌာနခွဲနှင့်    ဆောင်းဒါး ရက်ကန်းကျောင်းတို့တွင် ပန်းချီဒီဇိုင်းနည်းပြဆရာအဖြစ် ဆောင် ရွက်ခဲ့သည်။ မြန်မာမှုဒီဇိုင်းများ ကို    ကွင်းဆင်းလေ့လာခဲ့ပြီး ဆောင်းပါးများနှင့် မြန်မာမှုဒီဇိုင်း စာအုပ်များ ရေးသားပြုစုခဲ့သည်။

ဦးအေးမြင့်အထိမ်းအမှတ် ကျောက်စာတိုင်စိုက်ထူမည့် တောင်လေးလုံးကျောင်းတိုက် တွင် ဟံသာဝတီဦးဝင်းတင်၊ ဒဂုန် တာရာ၊ ကြည်အောင်၊ တင်မိုး၊ မြ သန်းတင့်၊ လှသန်း၊ အောင်ဘညို၊မောင်ချောနွယ်၊ အမျိုးသားစာပေ ဆုရ ရဟန်းစာဆိုကို ပညာ (အမ ရပူရ) စသည့် ကဗျာဆရာ၊ စာ ရေးဆရာ၊ သတင်းစာဆရာ၊ သ ဘင်အနုပညာရှင်များ၏ အထိမ်း အမှတ် ကျောက်စာတိုင်များ စိုက် ထူထားသည်။

Top News