ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းမှာ ရိုက်ကူးခဲ့တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကြိုဓာတ်ပုံများ

Photo-Naing Lin Visual Arts, Dress - Yone Yone

ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းတွင် သွားရောက်ရိုက်ကူးခဲ့သည့် သရုပ်ဆောင်အဆိုတော် နန်းမြတ်ဖြိုးသင်းနှင့် ၎င်း၏ချစ်သူ ကိုတာ

တာမျိုးတို့၏ မင်္ဂလာပွဲကြိုဓာတ်ပုံများ (Pre Wedding Photos) အောက်တိုဘာ ၈ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ ထွက်ပေါ် လာသည်။

 ၎င်းတို့သည် နိုဝင်ဘာအ တွင်း မင်္ဂလာပွဲသုံးပွဲကျင်းပမည် ဖြစ်ရာ နိုဝင်ဘာ ၉ ရက်တွင် လက်မှတ်ထိုးပွဲ၊ ၂၆ ရက်တွင်ဆီဒိုးနားဟိုတယ်၌ စုလျားရစ်ပတ် မင်္ဂလာပွဲနှင့် ၂၇ ရက်ညတွင် အင်းလျားလိတ်ဟိုတယ်၌  မင်္ဂလာ ညစာစားပွဲ ကျင်းပမည်ဖြစ်သည်။

‘‘လက်မှတ်ထိုးပွဲကိုတော့ ထူးထူးခြားခြားလေးနဲ့ အားလုံး ပျော်စရာကောင်းအောင် နန်းမြတ်ချောင်းသာမှာ လုပ်ပါမယ်။ သူ ငယ်ချင်းတွေနဲ့ ချောင်းသာမှာ ပျော်ပျော်ပါးပါးဆင်နွှဲချင်လို့ပါ။ ခါတိုင်းလို ခန်းမထဲမှာ မဟုတ်ဘဲ လွတ်လွတ်လပ်လပ်ဖြစ်အောင် အားလုံး  တစုတစည်းတည်းနဲ့ ပျော်ချင်လို့ ချောင်းသာမှာလုပ်ဖို့ စီစဉ်လိုက်တာပါ’’ဟု နန်းမြတ်ဖြိုး သင်းက ပြောသည်။

လက်တွဲဖော် ကိုတာတာမျိုးသည် ၎င်းထက် အသက်လေးနှစ် ကြီးပြီး အရာအားလုံး နားလည်မှု ရှိသည့်အပြင် တစ်ဘဝလုံးစာ လုံ ခြုံပြီး အားကိုးရသဖြင့် ရွေးချယ်ခဲ့ကြောင်း နန်းမြတ်ဖြိုးသင်းက ပြောသည်။

၎င်း၏ချစ်သူသည် ထားဝယ် သား စီးပွားရေးသမားတစ်ဦးဖြစ် သည်။

မင်္ဂလာပွဲကျင်းပရန် နှစ်လ အလိုမှ ပရိသတ်များကို အသိ ပေးသောကြောင့် အံ့သြဝမ်းသာ ကြသည့် ပရိသတ်များနှင့် ဂုဏ်ပြု ပေးကြသည့် အနုပညာရှင်များစွာ ပါသလို ဆယ်ကျော်သက်မိန်းက လေးအများစု အားကျခဲ့ရသည့် Pre Wedding ဓာတ်ပုံများအဖြစ် ၎င်းတို့၏ မင်္ဂလာပွဲပုံရိပ်များကို ပြန်လည်ဝေမျှသူအများအပြားရှိ သည်။