တစ်ပတ်အတွင်း ရုံတင်ငွေအများဆုံးရနေတဲ့ Blade Runner 2049 ဇာတ်ကား

ယခုသီတင်းတစ် ပတ်အတွင်း ရုံတင်ငွေအများဆုံး စာရင်းတွင် Blade Runner 2049 ရုပ်ရှင်ဇာတ်ကားက ထိပ်ဆုံးမှရပ်တည်နေသည်။

အမေရိကန်သိပ္ပံဇာတ်ကား ဖြစ်သော Blade Runner 2049 တွင် နာမည်ကျော် မင်းသားများ ဖြစ်သော ဟယ်ရီဆင်ဖို့ဒ်နှင့် ရိုင် ယန်ဂိုစလင်တို့ အဓိကပါဝင်သ ရုပ်ဆောင်ထားပြီး ရုံတင်ငွေကန် ဒေါ်လာ ၃၁ ဒသမ ၅ သန်းရရှိခဲ့ သည်။

အောက်တိုဘာ ၆ ရက် ထွက် ရှိလာသော ယင်းရုပ်ရှင်ဇာတ် ကားသည် ၁၉၈၂ က ထွက်ရှိခဲ့ သော Blade Runner ရုပ်ရှင်၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ် သည်။

Blade Runner ရုပ်ရှင်ဇာတ် ကားတွင်လည်း မင်းသားဟယ် ရီဆင်ဖိုဒ့်က အဓိကပါဝင်သရုပ် ဆောင်ထားပြီး တစ်ကမ္ဘာလုံး၌ ရုံတင်ငွေ စုစုပေါင်းကန်ဒေါ်လာ ၃၃ ဒသမ ၈ သန်းရရှိခဲ့သည်။

မင်းသမီးကိတ်ဝင်းစလက် နှင့် မင်းသားအိုင်ဒီရီ အယ်လ်ဘာ တို့ သရုပ်ဆောင်ထားသည့် ‘The Mountain Between Us’ ဇာတ် ကားသည် ရုံတင်ငွေ ကန်ဒေါ်လာ ၁၀ ဒသမ ၁ သန်းဖြင့် ယခုသီတင်း ပတ်အတွင်း ဒုတိယရုံတင်ငွေအ များဆုံးနေရာတွင် ရပ်တည်နေ သည်။

—Ref:justjared

Top News