မှော်ဘီတွင် လမ်းဘေးရပ်ထားသောကားကို ၀ိုင်ဘီအက်စ် (၃၇) ၀င်တိုက်၍ လူခြောက်ဦး ဒဏ်ရာရ

ရန်ကုန်ဘက်မှ မောင်း နှင်လာသော YBS (၃၇) ယာဉ် တစ်စီးသည် မှော်ဘီမြို့နယ်အ တွင်း လမ်းဘေးတွင်ရပ်၍ ပြင်နေသည့် ခရီးသည်တင်ယာဉ်ကို နောက်မှဝင်တိုက်ရာ လူခြောက် ဦး ဒဏ်ရာရရှိကြောင်း မှော်ဘီမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှအရာရှိတစ်ဦးက ပြောသည်။


‘‘ဒီနေ့ (အောက်တိုဘာ ၉ ရက်) ညနေ ၆ နာရီခွဲလောက်က ယာဉ်တိုက်မှုဖြစ်တာပါ။ လမ်း ဘေးမှာပြင်နေတဲ့ အောင်သစ္စာ ကားကို (၃၇) ကားက နောက်က နေ ၀င်တိုက်တာ’’ဟု အထက်ပါ အရာရှိက ပြောသည်။

မှော်ဘီမြို့နယ် မိုင်တိုင် (၂၈/၇) နှင့်(၂၉/၀) အနီးတွင်ဖြစ် ပွားခြင်းဖြစ်ပြီး (၃၇)ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ၎င်းကပြောသည်။

 အဆိုပါ ယာဉ်တိုက်မှု ကြောင့် ယာဉ်ပြင်နေသည့် အမျိုး သားငါးဦးနှင့် ခရီးသည် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီး (၃၇) ယာဉ်တွင် ယာဉ်မောင်းတစ်ဦး သာပါသောကြောင့် ထိခိုက်သူမရှိ ကြောင်း ၎င်းကဆိုသည်။

 ထွက်ပြေးတိမ်းရှောင်နေ သည့် (၃၇)ယာဉ်မောင်းကို ယာဉ် မဆင်မခြင်မောင်းနှင်မှု အပါအ ၀င် ပုဒ်မလေးခုဖြင့် အမှုဖွင့်ထား ကြောင်း အထက်ပါအရာရှိက ပြောသည်။ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အောက်တိုဘာ ၇ ရက်ကလည်း တစ်ရက်တည်းတွင် ယာဉ်တိုက်မှုလေးကြိမ်ဖြစ်ပွားပြီး လူခြောက်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၁၇ ဇန်န၀ါရီမှ ဩဂုတ် အထိ ရှစ်လအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်မတော်တဆမှု ကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိ ပြီး လူ ၂,၃၀၀ ခန့် ဒဏ်ရာရရှိ ကြောင်း အမှတ်(၂) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်ထား သည်။

More in News Section