-->

ရှစ်လအတွင်း ပြည်ပခရီးသွားဧည့်သည် နှစ်သန်းကျော် လာရောက်ခဲ့

ပုဂံတွင် နေ၀င်ချိန်ကြည့်ရှုနေကြသည့် နိုင်ငံခြားသား ဧည့်သည်များ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ယခုနှစ် ဇန်နဝါရီမှ သြ ဂုတ်အထိ မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသွားဧည့်သည် ၂ ဒသမ ၂၇ သန်းလာရောက်ခဲ့ကြောင်း အမျိုး သားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

 တစ်ကမ္ဘာလုံးတွင် နိုင်ငံတ ကာ ခရီးသွားလာသူ အရေအ တွက် တိုးတက်နေပြီး မြန်မာနိုင်ငံ အတွင်း ပြည်ပ  ခရီးသွားဧည့် သည်ဝင်ရောက်မှု တိုးတက်နိုင် ကြောင်း နေပြည်တော်၌ အောက် တိုဘာ ၉ ရက်က ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်း အနား၌ ဦးဟင်နရီဗန်ထီးယူက ပြောသည်။ယခုနှစ် သြဂုတ်အထိ ပြည်ပ ခရီးသွားဧည့်သည်များဝင်ရောက် မှုသည် ၂၀၁၆ ကာလတူနှင့်နှိုင်း ယှဉ်လျှင် ၂၂ ရာခိုင်နှုန်းထိ တိုး တက်ကြောင်း ဒုသမ္မတက ပြော သည်။  ယခင်နှစ် ကုန်ဆုံးချိန်က မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဧည့်သည် ၂ ဒသမ ၉ သန်းဝင် ရောက်ပြီး ၂၀၁၇ ယခုနှစ်ကုန် အထိ ခရီးသွားဧည့်သည် ၃ ဒသမ ၅ သန်းဝင်ရောက်ရန် ခန့်မှန်းထား ကြောင်း ဒုသမ္မတက ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အကြမ်းဖက်မှု များကြောင့် ပြည်ပမှ ဝင်ရောက် လာမည့် ခရီးစဉ်အချို့ဖျက်သိမ်း ခဲ့ကြောင်း Nature Dream ခရီး သွားလုပ်ငန်း ပိုင်ရှင် ဒေါ်စံပယ် အောင်က ပြောသည်။ ခရီးစဉ် ဖျက်သိမ်းမှုများ ရှိခဲ့သော်လည်း ကိန်းဂဏန်းအရ ခရီးသွား ဝင် ရောက်မှုအရေအတွက် မြင့်တက် နေကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း သည် အကြမ်းဖက်မှုများ ပေါ် ပေါက်လာခြင်း မရှိစဉ်ကတည်း က ပြည်ပခရီးသွားဝင်ရောက်မှု ကန့်သတ်ထားသည့်နယ်မြေဖြစ် ပြီး ရခိုင်ပြည်နယ်ရှိ ခရီးသွားဒေ သများဖြစ်သည့် စစ်တွေ၊ မြောက် ဦးနှင့် ငပလီတို့သည် ပုံမှန်အတိုင်း လုံခြုံစွာ သွားလာနိုင်ကြောင်း အ ဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုအချိန်တွင် ရခိုင်ပြည် နယ်အရေးနှင့်ပတ်သက်၍ ခရီး သွားဝင်ရောက်မှုလျော့နည်းနေ ခြင်းကို ပြန်လည်မြှင့်တင်လိုပါက နိုင်ငံတကာသို့ သတင်းအမှန်ပျံ့ နှံ့စေရန် အရေးကြီးပြီး မြန်မာနိုင်ငံ ၌ ရခိုင်ပြည်နယ်အပြင် အခြား သွားလာသင့်သည့် နေရာဒေသ များစွာရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီး သွားအဖြစ် ထိုင်းနိုင်ငံမှ အများဆုံး လာရောက်လည်ပတ်လျက်ရှိပြီး တရုတ်နိုင်ငံမှ ဒုတိယအများဆုံး လာရောက်သည်။ ဂျပန်နိုင်ငံမှ တတိယအများဆုံးဖြစ်ပြီး ၂၀၁၆ က ခရီးသွားတစ်သိန်းကျော် ဝင် ရောက်ခဲ့သည်။

More in Business Section

Top News