ညမထွက်ရအချိန် တိုးထားခြင်းကြောင့် မောင်တောတွင် သားငါးနှင့် ဟင်းသီးဟင်းရွက်ဈေး အလွန်မြင့်တက်

 မောင်တောခရိုင် အတွင်း ညမထွက်ရအချိန်တိုးမြှင့် သတ်မှတ်ထားခြင်းကြောင့် ငါးဖမ်းပိုက်ချသူများနှင့် ဟင်းသီးဟင်းရွက်ရှာဖွေသူများ အခက်တွေ့နေပြီး သားငါးနှင့် ဟင်းသီးဟင်းရွက်ဈေးများ အလွန်မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအချိန်သည် ည ၉ နာရီ မှ နံနက် ၅ နာရီအထိဖြစ်ပြီး နယ် ခြားစောင့်ရဲစခန်းများ တိုက်ခိုက် ခံခဲ့ရသည့် သြဂုတ် ၂၅ ရက်မှစ တင်ကာ ညမထွက်ရအချိန်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။


ညမထွက်ရ အချိန်တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် ငါးဖမ်းလှေအများစုမှာ မြစ်၊ ချောင်းများနှင့် ပင်လယ်ပြင်သို့ မထွက်သလောက် နည်းပါးနေကြောင်း မောင်တောမြို့ မောင်နီကျေးရွာမှ ရေလုပ်သားတစ်ဦးက ပြောသည်။

‘‘တောထဲ၊ ထောင်ထဲသွား ပြီး ဟင်းရှာဖို့ အခက်အခဲဖြစ်နေ သလို ဟင်းသီးဟင်းရွက်စိုက်ပျိုး မယ့်သူလည်း မရှိဖြစ်နေပါတယ်။ အခုတခြားဒေသတွေကလာတဲ့ ဟင်းတွေ၊ ငါးတွေကို ၀ယ်စားနေ ရပါတယ်’’ ဟု မောင်တောမြို့ခံ ကိုကျော်ကျော်ဦးက ပြောသည်။

‘‘ဈေးက ပုံမှန်အရောင်းအ ၀ယ် မဖြစ်တာ တစ်လကျော်ပါပြီ။  ငါးရောင်းတဲ့သူ၊ ပုစွန်ရောင်းတဲ့ သူနဲ့ ဟင်းသီးဟင်းရွက် လာ ရောင်းတဲ့သူတွေလည်း တော် တော်လေးနည်းနေပါတယ်။ အဲ ဒါကြောင့် အရင်တစ်ပိဿာကို တစ်သောင်းကျပ်ဈေးရှိတဲ့ ငါးက အခုတစ်ပိဿာကို နှစ်သောင်း ကျော်ထိ ဈေးပေးနေရပါတယ်။ ဟင်းသီးဟင်းရွက်လည်း တစ်ဆ လောက်ဈေးတက်သွားပါတယ်’’  ဟု မောင်တောမြို့ခံ ဒေါ်စိုးစိုးက ပြောသည်။

သြဂုတ် ၂၅ ရက်နေ့ ညအ ချိန်ကစ၍ မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်းတို့တွင် အကြမ်း ဖက်တိုက်ခိုက်မှုများ ပေါ်ပေါက် ခဲ့ပြီး လုံခြုံရေးအရ ညမထွက်ရ အမိန့်ကို အချိန်တိုးမြှင့်ခြင်း ဖြစ်သည်။

More in Regional Section