-->

ဘုန်းကြီးကျောင်းလှေကားပြိုကျ၍ ဒဏ်ရာရလူနာ ၁၈ ဦး အကူအညီများလိုအပ်နေ

မကွေးတိုင်း မြို့သစ် မြို့နယ် ကွင်းကျေးရွာ ရွာဦးဘုန်း တော်ကြီးကျောင်းကထိန်ပွဲတွင် ကျောင်းလှေကားကြမ်းခင်းပြိုကျ မှုကြောင့် ဆေးကုသမှုခံယူနေ သည့် လူနာ ၁၈ ဦးသည် ခွဲစိတ်ကုသရမည့်အခြေအနေများရှိ၍ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၈ ရက်က ကွင်းကျေးရွာ ရွာဦးဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်သော ကထိန်ပွဲ၌ တရားနာအပြီး ကျောင်းအောက်သို့ အဆင်းတွင် လှေကားကြမ်းခင်းအောက်၌ ခံ ထားသော ရက်မတန်းကျိုးကျ သဖြင့် လူ ၅၀ ခန့် ကျောင်း အောက်သို့ ပြုတ်ကျခဲ့ပြီး ၁၉ ဦးကို မကွေးဆေးရုံသို့ ညတွင်းချင်း တင်ပို့ကုသခဲ့ရသည်။


ယင်းလူနာများအနက် ၁၈ဦးသည်အသက်(၆၀)အထက် အမျိုး သမီးများဖြစ်ပြီး ငွေကြေးချို့တဲ့ သည့် မိသားစုဝင် အများဆုံးပါ ဝင်နေသောကြောင့် ဆေးကုသ ရန် အခက်အခဲများ ဖြစ်နေ ကြောင်း လိုက်ပါကူညီပေး သည့် ကွင်းကျေးရွာဒေသခံ ကိုနိုင်လင်းဦးက ပြောသည်။

‘‘အသက်(၇၂)နှစ်ရှိပြီဖြစ် တဲ့ အဘွားတစ်ဦးဆိုရင် ကျောင်း ပေါ်က ပြုတ်ကျလို့ ခေါင်းပေါက် သွားတာ ခြောက်ချက် ချုပ်ရ တယ်။ မသက်သာသေးဘူး။ အခု ဦးခေါင်းဓာတ်မှန်ရိုက်ထား တာ အဖြေမသိရသေးဘူး။ သူက တစ်ယောက်တည်းနေပြီး ရွာမှာ လက်လုပ်လက်စားနေရတာ၊ ကျန်တဲ့သူတွေလည်း အတူတူပါ ပဲ။ ချို့တဲ့ကြတယ်။ နောက်အ သက်ကြီးပိုင်းတွေပဲဖြစ်တာ၊ ဆေး ဆက်ကုဖို့ အခက်အခဲရှိနေတယ်။ ရက်ရှည်ကုရမှာတွေချည်းဖြစ်နေ တာ’’ဟု ၎င်းက ပြောသည်။

 ဆေးရုံတက်ကုသနေသူ များအနက် ပေါင်ရိုးကျိုးသူတစ် ဦးနှင့် ညှပ်ရိုးကျိုးသူတစ်ဦးသည်အရေးပေါ်ခွဲစိတ်ကာ စတီးရိုးအ စားထိုးထည့်ရမည်ဖြစ်ပြီး စတီးရိုး တစ်ချောင်းလျှင် ကျပ်သုံးသိန်းခွဲ ခန့် ကျသင့်မည်ဟု သိရှိရကြောင်း ကွင်းကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ခါးဆစ်ရိုးကျိုးသူနှစ်ဦး၊ ခါး ရိုးအက်သူတစ်ဦးနှင့် ခါးအောက် ပိုင်းထိတွေ့ခံစားမှုလုံးဝမသိရှိဘဲ ဖြစ်နေသူတစ်ဦးတို့ရှိနေပြီး ကျန် သူများသည် ရက်ရှည်ဆေးရုံ တက်ကုသမှုခံယူရမည့် အခြေ အနေရှိနေကြောင်း ၎င်းက ဆို သည်။

လက်ရှိ မကွေးဆေးရုံကြီး အရိုးကုသဆောင်တွင် လူနာ ၁၃ ဦးနှင့် ခွဲစိတ်ဆောင်တွင် လူနာ ငါး ဦး တက်ရောက်ကုသမှုခံယူနေ ကြောင်း ကိုနိုင်လင်းဦးက ဆို သည်။

ဆေးရုံတက်ကုသသူအများ စုမှာ ငွေကြေးချို့တဲ့သည့် လက် လုပ်လက်စားများဖြစ်ကာ လက်ရှိ တွင် ကျေးရွာ၏ စုပေါင်းထည့်ဝင်ငွေဖြင့် ဆေးကုသမှုခံယူနေ ကြောင်း ကွင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဆိုသည်။

More in Regional Section

Top News