ရန်ကုန်-ပြည် ကားလမ်းဘေး၌ လူငယ်တစ်ဦး အလောင်းတွေ့

ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ပွန်းပဲ့ဒဏ်ရာအချို့ ရရှိထားသော အသက်(၁၄)နှစ်အရွယ် အမျိုးသားအလောင်းတစ်လောင်းကို အောက်တိုဘာ ၁၀

ရက် နံနက်က တွေ့ရှိခဲ့သည်။


အလောင်း၏ လည်ပင်း၊ နှာ ခေါင်းနှင့် နဖူးတို့တွင် ပွန်းပဲ့ဒဏ် ရာများ တွေ့ရကြောင်း အင်းမမြို့  သီရိသုခရပ်ကွက် အုပ်ချုပ်ရေး မှူးက ပြောသည်။

‘‘သေဆုံးတဲ့ ကလေးက သီရိသုခရပ်ကွက် အောင်ချမ်းသာ လမ်းက ဘုန်းကြီးကျောင်းမှာ နေ ရသူလေးပါ။ စိတ်ကျန်းမာရေး သိပ်မကောင်းဘူး’’ဟု အုပ်ချုပ် ရေးမှူး ဦးစံကြီးက ပြောသည်။

သီရိသုခရပ်ကွက်နေ ဦးလှ ကြည်၏ သတင်းပေးချက်အရ အ ဆိုပါ အလောင်းကို တွေ့ရှိခဲ့ပြီးလက်ရှိတွင် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အင်းမနယ်မြေရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

More in Regional Section