ရုပ်ရှင်အကြိုခံစားခြင်း

ပရိုဂျူဆာ မကြီးစိုး

- ဒီနေ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ ရုပ်ရှင်လောကက ထုတ်လုပ်သူတစ်ဦးအကြောင်း ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်။

ဒီနေ့ခေတ်ရုပ်ရှင်လောကမှာ ရုပ်ရှင်ဇာတ်ကားတွေကို အပြိုင်အဆိုင် ရိုက်ကူးထုတ်လုပ်လာကြပါတယ်။ ဘယ်လောက်ထိလည်းဆိုရင် ထုတ်လုပ်ရေးတိုင်းက ဗီဒီယိုဇာတ်ကားတွေတောင် မရိုက်ကြတော့ဘဲ ရုပ်ရှင်ဇာတ်ကားတွေပဲ ရိုက်ကူးလာပါတယ်။ အဲဒီ့ရုပ်ရှင်လောကထဲကို အမျိုးသမီးတစ်ဦးလည်း ပရိုဂျူဆာအနေနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ သူ့နာမည်က မကြီးစိုးပါ။

မကြီးစိုးက အမွေရတဲ့ အိမ်တွေ ခြံတွေကိုရောင်းပြီး ပရိုဂျူဆာလုပ်ဖို့စီစဉ်ခဲ့တာပါ။ ဒါပေမဲ့လည်း ပရိုဂျူဆာတစ်ယောက်အနေနဲ့ လူလေးစားမှုရှိအောင် အသင့်အတ င့်ကောင်းမွန်တဲ့အိမ်ကို  နှစ်ချုပ်နဲ့ ငှားရမ်းထားပါတယ်။ နောက်ပြီး သရုပ်ဆောင်တွေစီးနေတဲ့ကားထက် တန်ဖိုးကြီးတဲ့ကားကိုလည်း ငှားပြီးစီးနေပါတယ်။ သူက အနေအထိုင်တည်တာကြောင့်လူတိုင်းကလည်း အရမ်းကိုအထင်ကြီးကြပါတယ်။

မကြီးစိုးရဲ့အနားမှာ အမြဲတမ်းရှိနေတာက ရွှေဂွမ်းပါ။ သူကမကြီးစိုးရဲ့အကြံပေးဆိုလည်း မမှားပါဘူး။ နောက်ပြီး လူအထင် ကြီးတဲ့ အသုံးအဆောင်တွေ သုံးနိုင်တဲ့မကြီးစိုးက ပရိုဂျူဆာ လောကမှာ နေရာတစ်နေရာရလာခဲ့ပါတယ်။

မကြီးစိုးမှာ မကောင်းတဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ဇာတ်ကားတွေကို စရိတ်အနည်းဆုံးချုံ့ပြီးရိုက်ချင်တာပါ။ တစ်ခါကဆိုရင် ရွာနှစ်ရွာ မတည့်တဲ့ဇာတ်ကားတစ်ကားရိုက်ဖို့ တည်ပြီးမှ စရိတ်သက်သာအောင်ချုံ့လိုက်တာ လင်မယားနှစ်ယောက်မတည့်တဲ့ဇာတ်လမ်းဖြစ်သွားပါတယ်။

နောက်ပြီးမကြီးစိုးက ရှူတင် ထမင်းဟင်းဆိုရင်လည်း လူ ၆၀ စာကို လူ ၃၀ စာလောက်နဲ့ ရအောင်ကျွေးပါတယ်။ ဟင်းကလည်း ဘဲဥဟင်းနဲ့ပါ။ ဒါတင်မကသေးပါဘူး။ စရိတ်တွေရှင်းရင်လည်း မကြီးစိုးရဲ့ ကပ်စေးနှဲမှုကြောင့် အမြဲပြဿနာ တစ်ခုမဟုတ်တစ်ခု အမြဲတက်ပါတယ်။

မကြီးစိုးတို့ ဘယ်လောက်စိစစ်လဲဆိုရင် တစ်ခါတလေ သရုပ်ဆောင် တစ်ယောက် လောက်ခေါ်ရိုက်ဖို့လိုရင်လည်းသူကဝင်ပြီး သရုပ်ဆောင်လုပ်ပါသေးတယ်။ မကြီးစိုးက အဲဒီလိုပရိုဂျူဆာပါ။

ဇာတ်ကားတွေကို စရိတ်ချုံ့ပြီးရိုက်တဲ့ မကြီစိုးရဲ့ဇာတ်ကားတွေ ဘယ်လိုထွက်လာမှာလဲ။ မကြီးစိုးရော ပရိုဂျူဆာအဖြစ်ဘယ်လိုဆက်ပြီးရပ်တည်သွားဦးမလဲဆိုတာကိုတော့ မကြာမီရက်ပိုင်းအတွင်း ရန်ကုန် မန္တလေးအပါအဝင်နယ်မြို့တွေမှာရုံတင်ပြသ တော့မယ့် ပရိုဂျူဆာမကြီးစိုးရုပ်ရှင်ဇာ တ်ကားမှာဆ က်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ပရိုဂျူဆာ မကြီးစိုးအဖြစ် စိုးမြတ်သူဇာက အဓိက ပါဝင်သရုပ်ဆောင်ထား ပြီး ခန့်စည်သူ၊ နေဒွေး၊ သင်ဇာဝင့်ကျော်၊ တက္ကသိုလ်ဂွမ်းပုံတို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို ချင်းတွင်းတာရာက ဇာတ်ညွန်း ရေးထားပြီး ဇာတ်လမ်း ဒါရိုက်တာပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ထားပါတယ်။

Top News