ကမ္ဘာ့ရေနံစိမ်းဈေး ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးမကျ

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ပြန်လည် ကျဆင်းလာသော် လည်း ပြည်တွင်းစက်သုံးဆီဈေး နှုန်းသည် နောက်ဆုံးဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးဈေးဖြင့် အောက်တိုဘာ ဒုတိယပတ်အထိ ဆက်လက် ရောင်းချနေသည်။

ဇွန်လဆန်းကစ၍ ဆက် တိုက်မြင့်တက်နေသော ပြည် တွင်းစက်သုံးဆီဈေးသည် ယခုထိ ပြန်လည် ကျဆင်းလာခြင်းမရှိ ပေ။

ကမ္ဘာ့ ရေနံစိမ်းဈေးသည် စက်တင်ဘာ ၂၉ ရက်တွင် တစ် စည်လျှင် ၅၈ ဒေါ်လာအထက်ရှိခဲ့ ရာမှ အောက်တိုဘာ ၁၀ ရက် တွင် ၅၅ ဒေါ်လာခန့်သို့ ကျဆင်းခဲ့ သည်။

သို့သော် ပြည်တွင်းစက်သုံး ဆီဈေးကွက်တွင်မူ အောက်တို ဘာ ၁၀ ရက်က အောက်တိန်း- 92 တစ်ဂါလန်လျှင် ကျပ် ၃,၄၀၀ ခန့်၊ အောက်တိန်း-95 တစ်ဂါလန် လျှင် ကျပ် ၃,၆၀၀ ခန့်၊ ဒီဇယ် တစ်ဂါလန်လျှင် ကျပ် ၃,၄၀၀ ခန့် နှင့် အဆင့်မြင့် ဒီဇယ်တစ်ဂါလန် လျှင် ကျပ် ၃,၄၅၀ ခန့်ဖြင့် ရောင်း ချနေသည်။

ယင်းဈေးနှုန်းသည် စက် တင်ဘာ ၃၀ ရက်က ဖြစ်ပေါ်ခဲ့သော နှုန်းဖြစ်၍ တစ်ပတ်ကျော်အကြာအထိ ဈေးနှုန်းအပြောင်းအလဲမရှိဘဲ တည်ငြိမ်နေသည်။

‘‘ကမ္ဘာ့ဈေးက အနည်းငယ် ပြန်ကျတယ်ဆိုပေမယ့် ပြည်တွင်း ဈေးကွက်မှာက အတက်ဈေးနဲ့ ၀ယ်ထားတာတွေ ကျန်နေသေး လို့ ချက်ချင်း လိုက်မချဖြစ်ကြတဲ့ သဘောပါ။ ရက်ပိုင်းအတွင်း ပြည်တွင်းဈေးလည်း ပြန်ကျသွားဖို့များပါတယ်’’ဟု စက်သုံးဆီ ရောင်းဝယ်ဈေးကွက် ကျွမ်းကျင် သူ ဦးစန်းဝင်းက ဆိုသည်။

ပြည်တွင်းဈေးကွက်၌ လက် ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေး နှုန်းထားသည် ၂ နှစ်အတွင်း အ မြင့်ဆုံးဈေးအဖြစ် မှတ်တမ်းဝင် ထားသည်။

ကမ္ဘာ့ ရေနံစိမ်းဈေးမြင့် တက်စဉ်က ပြည်တွင်းစက်သုံးဆီ ဈေးသည် အချိန်ကိုက်လိုက်ပါ ပြောင်းလဲသော်လည်း ကမ္ဘာ့ဈေးကျဆင်းသော်လည်း ဈေးလိုက်မချပေးခြင်းနှင့်ပတ်သက်၍ ယာဉ်မောင်းအချို့က ဝေဖန်နေသည်။

‘‘အရင်တုန်းကလည်း အခု လိုပဲ ကမ္ဘာ့ဈေးကျရင် တော်တော် နဲ့ လိုက်မချပေးဘူး။ အခုအမြင့် ဈေးနဲ့ ကားမောင်းရတာ ကား သမား တော်တော်များများက တွက်ခြေမကိုက်ဘူး’’ဟု မြောက်ဥက္ကလာပမြို့နယ်နေ အငှားယာဉ် မောင်း ကိုသက်ဝင်းကိုက ပြော သည်။

More in Business Section