ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည် စခန်းများ အခြေအနေကို ဒီချုပ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြမည်

ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီက လှူဒါန်းနေစဉ် (ဓာတ်ပုံ − NLD Central Women Committee)

ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည် စခန်းများ၏ အခြေအနေများနှင့် အရေးပေါ်လို အပ်ချက်များကို ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ထံ အစီရင်ခံစာ တင်ပြခဲ့ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဗဟိုအမျိုးသမီး လုပ်ငန်း  အဖွဲ့ဝင်များက ပြော သည်။

အောက်တိုဘာ ၄ ရက်က စတင်သည့်ဒီချုပ်ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့၏ပထမဆုံးအကြိမ် ကချင်စစ်ဘေးဒုက္ခသည်  စခန်း များသို့ ကျန်းမာရေးစောင့်ရှောက် မှုနှင့် စားနပ်ရိက္ခာကူညီထောက်ပံ့ မှုခရီးစဉ်သည် အောက်တိုဘာ ၁၀ ရက်တွင် ပြီးဆုံးခဲ့သည်။

‘‘ဒုက္ခသည်စခန်းတွေက လို အပ်ချက်တွေ ပိုပြီး မြင်လာတယ်။ စစ်ဘေးရှောင်စခန်းတွေ သွားတဲ့ အခါ ဘာတွေက အရေးကြီး တယ်။ ဘယ်အရာတွေ ထပ်ပြီး ယူဆောင်ရမလဲ ဆိုတာတွေပေါ့။ ဒါတွေကို Report လုပ်မှာပေါ့’’ဟု ဒီချုပ်ဗဟိုအမျိုးသမီးလုပ်ငန်းအ ဖွဲ့ဝင် ဒေါ်သန္တာက ပြောသည်။

ထို့ပြင် ခရီးစဉ်တွင် တွေ့ရ သည့်အခြေအနေများအပေါ် မူ တည်၍ ပဋိပက္ခဖြစ်စဉ်များတွင် အမျိုးသမီးနှင့် ကလေးငယ်များ သည် ထိခိုက်မှုအများဆုံးဖြစ် သည်ကို လွှတ်တော်အစည်းအ ဝေးများ၌ အခါအားလျော်စွာ ဆွေးနွေးမည်ဟု ၎င်းက ဆက်ပြော သည်။

စစ်ရှောင်ဒုက္ခသည် စခန်း များတွင် ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းနှင့် အခြားအလှူရှင်များလှူ ဒါန်းသော ခေါက်ဆွဲခြောက်ထုပ် များ၊ ဆေးဝါးများအပါအဝင် အိမ် ထောင်စုတစ်စုစီကို ဆန်နှင့်ဆီ များ  လှူဒါန်းပြီး ကျောင်းနေအ ရွယ်ကလေးများကို ဗလာစာအုပ် နှင့် ဘောပင်များလှူဒါန်းသည်။ ထို့အပြင် စခန်းများတွင် နေထိုင် သည့်ကလေးများနှင့် နာမကျန်း သူများကို ခရီးစဉ်တွင် လိုက်ပါ လာသော ဒီချုပ်ကျန်းမာရေးကွန် ရက်မှ ဆရာဝန်များက ဆေးကု သပေးကြောင်း ဒေါ်သန္တာက ပြောသည်။

‘‘တူညီတဲ့စကားက အားလုံး ဟာ သူတို့ရဲ့နေရပ်ဌာနေ ကိုယ့် အရပ်ဒေသကို ကိုယ်ပြန်ပြီး နေ ထိုင်ချင်တယ်ဆိုတဲ့အချက်ပါပဲ’’ ဟု ၎င်းက ပြောသည်။

ဒီချုပ်ဗဟိုအမျိုးသမီး  လုပ် ငန်းအဖွဲ့၏ခရီးစဉ်အတွင်း ကချင် ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ဒုက္ခ သည်စခန်းသုံးခု၊ မိုးကောင်းမြို့ နယ်ရှိ ဒုက္ခသည်စခန်းသုံးခုနှင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အနီး စစ်ဘေးရှောင်ဒုက္ခသည်စခန်း တစ်ခုဆီသို့ သွားရောက်ကူညီခဲ့ ခြင်းဖြစ်သည်။ အဆိုပါဒုက္ခသည် စခန်းရှစ်ခုရှိ အိမ်ထောင်စု ၂၇၇စုအတွက် ကျပ်သိန်း ၄၅၀ ကျော် အသုံးပြု ထောက်ပံ့ခဲ့ကြောင်း အဖွဲ့ဝင်များက ပြောသည်။  

တပ်မတော်နှင့် ကေအိုင်အေ တို့သည် ၁၉၉၄ က အပစ်ရပ် သဘောတူစာချုပ် လက်မှတ်ထိုး ခဲ့သော်လည်း  ခုနစ်နှစ်အကြာ ၂၀၁၁ ဇွန်လ ၉ ရက်က စတင်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွား ခဲ့ခြင်းကြောင့် ကချင်နှင့် ရှမ်းပြည် နယ်မြောက်ပိုင်းရှိ ဒေသခံတစ် သိန်းကျော်သည် ယာယီစစ်ရှောင် စခန်း ၁၆၀ ကျော်တွင် ခိုလှုံနေရ သည်။

 ဒုက္ခသည်စခန်းများ၌ နေ ထိုင်သည့် လူဦးရေ၏ ၄၀ ရာခိုင် နှုန်းသည် ကျောင်းနေအရွယ် ကလေးများဖြစ်ကြောင်း ကချင် နှစ်ခြင်းအသင်းတော်အပါအဝင် အရပ်ဘက်ကူညီရေးအဖွဲ့များက ဆိုသည်။

Top News