ရန်ကုန်မြို့တွင် ကျင်းပမည့် MMA ပြိုင်ပွဲ တွဲဆိုင်းများထွက်ပေါ်

ရန်ကုန်မြို့၌ ကျင်းပမည့် One Championship(MMA) ပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းကစားသမားချင်း ယှဉ်ပြိုင်မည့်ပွဲစဉ်နှစ်ပွဲပါဝင်မည် ဖြစ်သည်။ 


နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ Hero’s Dream အမည်ဖြင့် ကျင်းပမည့် အဆိုပါ ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လ အန်ဆန်နှင့် မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရရှိထား သည့် ကင်မရွန်းနွယ်ဖွား အလိန်း ဂါလာနီတို့ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပွဲစဉ်တွင် ဝိတ်တန်းမတူညီ ခြင်း၊ ပြိုင်ဘက်က လူကောင်ကြီး ခြင်းကြောင့် အနိုင်ထိုးသတ်ရန် ပို ကြိုးစားရမည်ဖြစ်ကြောင်း အောင် လအန်ဆန်က ပြောကြားထား သည်။ 

ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့သမားများ MMA စည်း မျဉ်းဖြင့် ယှဉ်ပြိုင်မည့် ပွဲစဉ်နှစ်ပွဲပါဝင်မည်ဖြစ်ပြီး ဖိုးသော်နှင့် စော ဘဦး၊ စောမင်းမင်းနှင့် ရဲသွေးနီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အခြားပွဲ စဉ်များတွင် တရုတ်နိုင်ငံသား မဟိုဘင်းနှင့် စင်ကာပူနိုင်ငံသား နီကို စိုး၊ မြန်မာ့ရိုးရာလက်ဝှေ့သမား သပြေညိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား အိုက်စလန်၊ ထိုင်းနိုင်ငံသား ပေါင်စီရီနှင့် ဖိလစ်ပိုင်နိုင်ငံသား ဂျရမီ၊ တရုတ်နိုင်ငံသားချန်းလီနှင့် ဖိလစ်ပိုင်နိုင်ငံသား ဘန်း၊ တရုတ် နိုင်ငံသား ဇောင်ဇီဟိုနှင့် အိန္ဒိယ နိုင်ငံသား ဘလာရှက်တီတို့ ယှဉ် ပြိုင်မည်ဖြစ်သည်။ 

အမျိုးသမီးပွဲစဉ်များအဖြစ် တရုတ်နိုင်ငံသူ မီအိုဂျေးနှင့် သြစ တြေးလျနိုင်ငံသူ အမီရာ၊ အင်ဒိုနီး ရှားနိုင်ငံသူနီတာဒေးနှင့် ဖိလစ်ပိုင် နိုင်ငံသူ ဂျိုမေရိတောရက်စ်တို့ ယှဉ်ပြိုင်မည့် ပွဲစဉ်များပါဝင်မည် ဖြစ်သည်။ 

 ယင်းပြိုင်ပွဲကို ပြည်တွင်းရုပ် သံလိုင်းတစ်ခုဖြစ်သည့် စကိုင်း နက်အားကစားချန်နယ်မှ တိုက် ရိုက်ပြသမည်ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို ရိုးရိုးတန်းကျပ် တစ်သောင်း၊ နှစ်သောင်းခွဲ၊ အထူး တန်းကျပ်ငါးသောင်း၊ VVIP တန်း ကျပ်နှစ်သိန်း သတ်မှတ်ထား သည်။